စမတ်ဖုန်းနဲ့ အနုပညာမြောက်ဓါတ်ပုံတွေ ဖန်တီးကြည့်ချင်သူတွေအတွက် အထူးသင့်လျော်တဲ့ HUAWEInova 2i

စမတ်ဖုန်းနဲ့ အနုပညာမြောက်ဓါတ်ပုံတွေ ဖန်တီးကြည့်ချင်သူတွေအတွက် အထူးသင့်လျော်တဲ့ HUAWEInova 2i

 

စမတ်ဖုန်းတွေပေါ်ကာစခေတ်ဦးတုန်းကတော့ လူတွေကဖုန်းနဲ့သာမန်လောက် ဓါတ်ပုံရိုက်ဖို့ပဲစိတ်ကူးရှိပေမယ့် စမတ်ဖုန်းကင်မရာနည်းပညာတွေ   မြင့်မားလာပြီးစွမ်းဆောင်ရည်တွေလည်းကောင်းလာတဲ့နောက်မှာတော့ ပညာရှင်တွေရော၊ ဝါသနာရှင်တွေကပါ စမတ်ဖုန်းနဲ့ အနုပညာမြောက်ဓါတ်ပုံတွေထိဖန်တီးဖို့ ကြိုးစားကြည့်ချင်လာကြပါတယ်။ ဒီလိုစမတ်ဖုန်းနဲ့ အနုပညာမြောက် ဓါတ်ပုံတွေဖန်တီးချင်သူတွေအတွက် အကောင်းဆုံးဖြည့်ဆည်းပေးဖို့ ကြိုးစားတဲ့ စမတ်ဖုန်းကုမ္ပဏီတွေထဲမှာရှေ့ဆုံးကပြေးနေတဲ့ စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုကတော့ အားလုံးသိတဲ့အတိုင်း Huawei ပါပဲ။

ကမ္ဘာကျော် ကင်မရာကုမ္ပဏီ Leica နဲ့ပူးပေါင်းပြီးစမတ်ဖုန်းကင်မရာစွမ်းဆောင်ရည်ကိုခေတ်သစ်တစ်ခုဖော်ဆောင်ခဲ့တဲ့ Huawei ကနေပြီး၂၀၁၇ နှစ်ကုန်ပိုင်းမှာမိတ်ဆက်လိုက်တဲ့   စျေးနှုန်း အလယ်အလတ်တန်းစမတ်ဖုန်းHUAWEI nova 2i မှာလည်းကင်မရာ ၄ လုံးအထိထည့်သွင်းပြီးနောက်ထပ်စမတ်ဖုန်းကင်မရာစွမ်းဆောင်ရည် စံချိန်တစ်ခုထပ်တင်လိုက်ပြန်ပါတယ်။

အရှေ့ဘက်မှာ 13MP နဲ့ 2MP ကင်မရာ ၂ လုံး၊ အနောက်ဘက်မှာ 16MP နဲ့ 2MP ကင်မရာ ၂ လုံးတပ်ဆင်ထားတဲ့ HUAWEI nova 2i ဟာအနုပညာမြောက်ဓါတ်ပုံတွေကိုကိုယ်ပိုင်ပုံစံ၊ ကိုယ်ပိုင်စတိုင်လ်နဲ့ဖန်တီးနိုင်စွမ်းရှိပါတယ်။ စမတ်ဖုန်းနဲ့ အနုပညာမြောက်ဓါတ်ပုံတွေ ဖန်တီးတဲ့နေရာမှာဖုန်းရဲ့ကင်မရာနဲ့ သဘာဝကျကျဖန်တီးသူနဲ့ ဓါတ်ပုံပြုပြင်၊တည်းဖြတ် Application တွေကိုသုံးပြီးဖန်တီးသူဆိုပြီး နှစ်မျိုးတွေ့ရတတ်ပါတယ်။ Application တွေနဲ့ဖန်တီးတာရဲ့အားနည်းချက်ကတော့ ကိုယ်ပိုင်စတိုင်လ်ဖြစ်ဖို့ခက်ခဲသလိုသဘာဝကျတဲ့ပုံရိပ်တွေမဟုတ်ဘဲ ပြုပြင်ဖန်တီးထားတဲ့ ပုံရိပ်တွေကိုသာရရှိနိုင်တာပါ။

ဒီအတွက်HUAWEInova 2i ရဲ့ကင်မရာတွေကို ပြင်ပ Application တွေရဲ့အကူအညီယူစရာမလိုဘဲကိုယ့်စိတ်ကူးထဲကအတိုင်းပုံရိပ်တွေကိုဖမ်းယူနိုင်အောင် ဖန်တီးပေးထားတာကိုတွေ့ရပါတယ်။ အလင်းအမှောင် နဲ့ ကာလာကိုစိတ်ကြိုက်ချိန်ညှိရိုက်ကူးနိုင်စွမ်း၊ DSLRကင်မရာတွေနဲ့ရိုက်ကူးထားသလားထင်မှတ်ရလောက်တဲ့ Portrait Mode ဓါတ်ပုံတွေကို အနောက်ဘက် ကင်မရာနဲ့သာမက အရှေ့ဘက်ကင်မရာနဲ့ပါ ရိုက်ကူးနိုင်စွမ်း၊ ညအချိန်နဲ့ အလင်းရောင်အားနည်းတဲ့နေရာတွေမှာပါ ပုံရိပ်တွေဖမ်းယူနိုင်စွမ်းဆိုတဲ့ စွမ်းဆောင်ရည်တွေကအခြေအနေမရွေး၊ အချိန်အခါမရွေးအနုပညာမြောက်ပုံရိပ် တွေကိုဖမ်းယူနိုင်မှာပါ။

ဒါ့အပြင် အနုပညာမြောက် အခိုက်အတန့်တစ်ခုကိုအချိန်တိုအတွင်းအလျင်အမြန်ရိုက်ယူပြီးနောက်မှ စိတ်ကြိုက်Focus ပြန်ချိန်နိုင်တဲ့လုပ်ဆောင်ချက်၊ Light & Shadow Effect အပါအဝင်HUAWEI nova 2i ရဲ့ Editing Tools တွေကသဘာဝကျကျနဲ့ အနုပညာမြောက်တဲ့ ဓါတ်ပုံတွေဖန်တီးနိုင်ဖို့ အကူအညီပေးနိုင်ဦးမှာပဲ ဖြစ်ပါတယ်။

သမားရိုးကျ ရုပ်သေဓါတ်ပုံတွေအပြင် အခုနောက်ပိုင်းခေတ်စားလာတဲ့ လှုပ်ရှားနေတဲ့ ဓါတ်ပုံတွေကိုလည်းHUAWEI nova 2i နဲ့ရိုက်ကူးနိုင်စွမ်းရှိတာကြောင့် ဆန်းသစ်တဲ့စိတ်ကူးတွေနဲ့   မှော်ဆန်တဲ့ပုံရိပ်တွေကိုဖန်တီးလိုသူတွေလည်းအကြိုက်တွေ့မှာသေချာပါတယ်။

HUAWEI nova 2i  စျေးနှုန်းနှင့် ဝယ်ယူရရှိနိုင်ခြင်း

HUAWEI nova 2i ကို (၃၃၉၀၀၀) ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီးအရောင်အနေဖြင့် အနက်ရောင်၊ ရွှေရောင် နှင့် အပြာရောင်တို့ကိုဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။ HUAWEI nova 2i ဝယ်ယူသူများအနေဖြင့် HUAWEI powerbank 5000mAh ကိုလက်ဆောင်အနေဖြင့် ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် MPTသုံးစွဲသူများအနေဖြင့် လစဉ် ၅၀၀၀ ကျပ် ဖုန်းငွေဖြည့်ရုံဖြင့် အင်တာနက်အသုံးပြုရန် ၃၀၀၀ ကျပ် ကို ၁၂ လတိုင်တိုင်ရရှိနိုင််မည် ဖြစ်ပါသည်။

 

###

Huawei Consumer Business Group ဆိုသည်မှာ

Huawei ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၁၇၀ကျော်တွင် ရရှိလျက်ရှိပြီးကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံကသုံးစွဲလျက်ရှိသည်။ ၂၀၁၅ခုနှစ်တွင် စမတ်ဖုန်းတင်ပို့မှု၌ တတိယနေရာသို့ ရောက်ရှိခဲ့သည်။ အမေရိကန်၊ ဂျာမနီ၊ ဆွီဒင်၊ ရှရှား၊ အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့တွင် သုတေသနစင်တာပေါင်း (၁၅)ခုကိုတည်ထောင်ထားပါသည်။ Huawei Consumer လုပ်ငန်းစုသည် Huawei ၏ လုပ်ငန်းစုကြီးသုံးခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီးစမတ်ဖုန်း (Smartphones)၊ ကွန်ပြူတာနှင့် တက်ဘလက်များ (PC and tablets)၊ ဝတ်ဆင်နိုင်သောကိရိယာများ (Wearables)၊ ကြိုးမဲ့အင်တာနက်ချိတ်ဆက်ရန် ရွေ့လျားကိရိယာများ (Mobile Broadband Devices)၊ အိမ်သုံးထုတ်ကုန် (Family Device) နှင့် အင်တာနက်သိုလှောင်ခြင်းဝန်ဆောင်မှုထုတ်ကုန်များ (Device Cloud Service) တို့ကိုထုတ်လုပ်လျက်ရှိသည်။ Huawei သည် တယ်လီကွန်းနယ်ပယ်တွင် အနှစ် ၂၀ ကျော်သက်တမ်းရှိသောအတွေ့အကြံုများဖြင့် Huawei ၏ ကမ္ဘာ့ဆက်သွယ်ရေးကွန်ယက် အားသာချက်များ၊ ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်လုပ်ဆောင်နိုင်စွမ်းနှင့် ကမ္ဘာ့ပူးပေါင်းမှုများကိုတည်ဆောက်ထားသည်။ Huawei Consumer BG သည် သုံးစွဲသူများကိုနောက်ဆုံးနည်းပညာများဖြန့်ဝေပေးရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိလူအများကိုအဆင့်မြင့်နည်းပညာများမှတဆင့် ပျော်ရွှင်မှုများကို မျှဝေပေးနိုင်ရန် နှစ်မြှုပ်ထားပါသည်။ ရှေ့ဆက်လျှောက်လှမ်းပြီးအိပ်မက်များအမှန်တကယ် ဖြစ်ပေါ်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

 

ထပ်မံသိရှိလိုပါက -

Huawei Mobile Myanmar Facebook Page –

https://www.facebook.com/HuaweiDeviceMyanmar

Website - http://consumer.huawei.com/mm

Instagram - https://www.instagram.com/huaweidevicemyanmar

Hotline: 01-9000900

Public Relations ဆက်သွယ်ရန်

Huawei Technologies (Yangon) Co., Ltd

မေဘရဏီဇော်

PR Manager

Device Business Department

[email protected]

09-799610280

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly