Mid Rangeဖုန်းတွေထဲမှာ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးဖြစ်နေတဲ့ HUAWEI nova 2i

Mid Rangeဖုန်းတွေထဲမှာ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးဖြစ်နေတဲ့ HUAWEI nova 2i

 

၂၀၁၇ ခုနှစ် ဒုတိယနှစ်ဝက်ကာလမှာ Full View Display နဲ့စမတ်ဖုန်းတွေကို စမတ်ဖုန်းကုမ္ပဏီကြီးတွေက အပြိုင်အဆိုင်ထုတ်လုပ်လာကြပါတယ်။ အဲ့ဒီလိုမျက်နှာပြင်အချိုးအစားအသစ်၊ နည်းပညာအသစ်နဲ့ထွက်ပေါ်လာတဲ့ စမတ်ဖုန်းတွေထဲကမှ စျေးနှုန်းအလယ်အလတ်တန်းစမတ်ဖုန်းတွေထဲမှာHUAWEI nova 2i ကို ထူးထူးခြားခြား လူကြိုက်များလို့နေပါတယ်။ အဲဒီလိုလူကြိုက်များနေရတဲ့ အကြောင်းရင်းကိုလေ့လာကြည့်တဲ့အခါ HUAWEI nova 2i ရဲ့အောက်ပါ အားသာချက်တွေကြောင့်လို့ သွားတွေ့ရပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

HUAWEI nova 2i ကိုမြင်လိုက်တာနဲ့ နှစ်သက်သွားစေတဲ့ပထမဆုံးအချက်ကတော့ သူ့ရဲ့ကျစ်လစ်လှပတဲ့ ဒီဇိုင်းပါပဲ။ မြင်ရုံနဲ့ ပါးလွှာပြီးအဆင့်အတန်းမြင့်တဲ့ဖုန်းတစ်လုံးမှန်းတန်းသိသာနေတဲ့အပြင် ကိုင်ရတာလည်းလက်ထဲမှာသက်သောင့် သက်သာရှိပါတယ်။ အရောင်အနေနဲ့လည်းထူးခြားလှပလှတဲ့ အရုဏ်ဦးကောင်းကင်ပြာရောင်လို့တင်စားရမယ့် Aurora Blue နဲ့ပါရရှိနိုင်တာကိုတွေ့ရပါတယ်။ မျက်နှာပြင်ကလက်ရှိစမတ်ဖုန်းသုံးစွဲသူတွေအားလုံးတောင့်တနေတဲ့ Full View Display နဲ့ပဲဖြစ်ပါတယ်။ ကျယ်ပြန့်တဲ့မျက်နှာပြင်အချိုးအစားကြောင့် ဖုန်းအရွယ်အစားအရမ်းမကြီးဘဲနဲ့ မျက်နှာပြင် အရွယ်အစားက ၅.၉ လက်မအထိရှိပြီးရုပ်ထွက်အရည်အသွေးကလည်း Full HD+ ဖြစ်တာကြောင့် တွေ့မြင်ခံစားရမှု အပိုင်းမှာလုံးဝကိုဆန်းသစ်ပြီးကွဲပြားနေမှာပဲ ဖြစ်ပါတယ်။

ကင်မရာ

HUAWEI nova 2i မှာကကမ္ဘာ့ပထမဆုံးအဖြစ် ကင်မရာ ၄ လုံးအထိပါဝင်လာခဲ့ပါတယ်။ ဟုတ်ပါတယ်။ အရှေ့ကင်မရာ ၂ လုံးနဲ့ အနောက်ကင်မရာ ၂ လုံးပါ။ ရှေ့ဘက် Selfieကင်မရာက 13MP နဲ့ 2 MP ကင်မရာ ၂ ခုဖြစ်ပြီးအနောက်ဘက်ကင်မရာကတော့ 16MP နဲ့ 2MP တို့ပဲဖြစ်ပါတယ်။ ဒီကင်မရာ ၄ လုံးဟာအရေအတွက်အရပိုများရုံသက်သက်ထည့်ထားတာမဟုတ်ဘဲတကယ့်ကိုအနုပညာမြောက်ပုံရိပ်တွေကိုစိတ်ကူးထဲကအတိုင်းဖမ်းယူနိုင်စေဖို့ ကူညီပေးနိုင်အောင် ထည့်သွင်းတာပဲ ဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံးနဲ့တင် ပရိုအဆင့်ဓါတ်ပုံတွေရိုက်ကူးနိုင်အောင် ဒီကင်မရာတွေရဲ့ စွမ်းဆောင်ရည်တွေကကူညီပေးနိုင်မှာပါ။

စွမ်းဆောင်ရည်နဲ့ ဘက်ထရီ

HUAWEI nova 2i က 2.36GHz Octa-Core Hisilicon Kirin 659 ပရိုဆက်ဆာနဲ့ဖြစ်ပြီး Android Version 7.0 ကို HUAWEIရဲ့ကိုယ်ပိုင် EMIUI 5.1 နဲ့ပေါင်းစပ်ထားပါတယ်။ RAM က 4GB ပါ။ ဒီကိန်းဂဏန်း၊ အချက်အလက်တွေကဘာကိုဆိုလိုသလဲဆိုတာဦးနှောက်ခြောက်ခံမနေပါနဲ့။ နောက်ဆုံးထွက် HD ဂိမ်းတွေ၊ အရည်အသွေးမြင့်ဗွီဒီယိုတွေကိုအထစ်အငေါ့မရှိစိတ်တိုင်းကျ ဆော့ကစားနိုင်၊ ကြည့်နိုင်မယ်၊ ဖုန်းသုံးတာများလို့ စက်လေးလာတဲ့ဒုက္ခတွေမရှိတဲ့ စွမ်းဆောင်ရည်မျိုးကိုပိုင်ဆိုင်ထားကြောင်းစိတ်ချထားနိုင်ပါတယ်။ ဓါတ်ပုံတွေ၊ဗွီဒီယိုတွေ၊ သီချင်းတွေနဲ့ တခြားဒေတာတွေသိမ်းဆည်းဖို့ 64 GB Memory ပါဝင်ပြီး Memory ကဒ်လည်းထပ်စိုက်လို့ရတာကြောင့် ဓါတ်ပုံအသစ်ရိုက်ချင်တိုင်းပုံအဟောင်းတွေပြန်ပြန်ဖျက်နေတဲ့ ဒုက္ခမျိုးလည်းမကြံုနိုင်ပါဘူး။ဘက်ထရီကလည်း 3340 mAh ဖြစ်တာကြောင့် တစ်နေကုန်စိတ်အေးလက်အေးသုံးနိုင်တဲ့အခြေအနေမျိုးမှာရှိပါတယ်။

ထူးခြားတဲ့ Selfieကင်မရာ

HUAWEI nova 2i ရဲ့ကင်မရာစွမ်းဆောင်ရည်အကြောင်းအပေါ်မှာပြောခဲ့ပြီးပေမယ့် Selfieကင်မရာရဲ့ထူးခြားချက်တွေအကြောင်းလည်းနည်းနည်းထပ်ပြောချင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအချက်ကလည်းHUAWEI nova 2iကိုလူကြိုက်များနေရတဲ့ အကြောင်းရင်းတစ်ခုဖြစ်နေလို့ပါပဲ။ HUAWEI nova 2i ရဲ့ရှေ့ကင်မရာဟာကင်မရာ ၂ လုံးနဲ့စွမ်းဆောင်ရည်မြင့်မားလှသလိုမဂ္ဂဇင်းမျက်နှာဖုံးဓါတ်ပုံအလားထင်မှတ်ချင်စရာ Portrait Selfieတွေရိုက်ကူးနိုင်စွမ်းရှိတဲ့ Bokeh Effect နဲ့ Portrait Mood ၊ အမှောင်ထဲမှာတောင် Selfieပုံတွေအကောင်းဆုံးရိုက်ယူနိုင်စေမယ့် Selfie Toning flash ၊ Effect ပိနေတာမျိုးမဟုတ်ဘဲသဘာဝကျကျလှပတဲ့ပုံတွေဖြစ်စေမယ့် Beauty 4.0 ၊ ပျော်စရာကောင်းတဲ့ပုံလေးတွေဖြစ်စေမယ့် sticker ၊ costume နဲ့ fun make-up တို့လိုလုပ်ဆောင်ချက်တွေလည်းပါဝင်လို့နေပါတယ်။

ဒီအချက်တွေကိုကြည့်လိုက်မယ်ဆိုရင် HUAWEI nova 2i ဟာMid Rangeဖုန်းတွေထဲမှာ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံး စမတ်ဖုန်းဆိုတာကို သံသယရှိနေစရာလိုတော့မယ် မထင်ပါဘူး။

 

HUAWEI nova 2i  စျေးနှုန်းနှင့် ဝယ်ယူရရှိနိုင်ခြင်း

HUAWEI nova 2i ကို (၃၃၉၀၀၀) ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီးအရောင်အနေဖြင့် အနက်ရောင်၊ ရွှေရောင် နှင့် အပြာရောင်တို့ကို ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။ HUAWEI nova 2i ဝယ်ယူသူများအနေဖြင့် HUAWEI powerbank 5000mAh ကိုလက်ဆောင်အနေဖြင့် ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် MPTသုံးစွဲသူများအနေဖြင့် လစဉ် ၅၀၀၀ ကျပ် ဖုန်းငွေဖြည့်ရုံဖြင့် အင်တာနက်အသုံးပြုရန် ၃၀၀၀ ကျပ် ကို ၁၂ လ တိုင်တိုင်ရရှိနိုင််မည် ဖြစ်ပါသည်။

###

Huawei Consumer Business Group ဆိုသည်မှာ

Huawei ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၁၇၀ကျော်တွင် ရရှိလျက်ရှိပြီးကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံကသုံးစွဲလျက်ရှိသည်။ ၂၀၁၅ခုနှစ်တွင် စမတ်ဖုန်းတင်ပို့မှု၌ တတိယနေရာသို့ ရောက်ရှိခဲ့သည်။ အမေရိကန်၊ ဂျာမနီ၊ ဆွီဒင်၊ ရှရှား၊ အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့တွင် သုတေသနစင်တာပေါင်း (၁၅)ခုကို တည်ထောင်ထားပါသည်။ Huawei Consumer လုပ်ငန်းစုသည် Huawei ၏ လုပ်ငန်းစုကြီး သုံးခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး စမတ်ဖုန်း (Smartphones)၊ ကွန်ပြူတာနှင့် တက်ဘလက်များ (PC and tablets)၊ ဝတ်ဆင်နိုင်သောကိရိယာများ (Wearables)၊ ကြိုးမဲ့အင်တာနက်ချိတ်ဆက်ရန် ရွေ့လျားကိရိယာများ (Mobile Broadband Devices)၊ အိမ်သုံးထုတ်ကုန် (Family Device) နှင့် အင်တာနက်သိုလှောင်ခြင်း ဝန်ဆောင်မှုထုတ်ကုန်များ (Device Cloud Service) တို့ကိုထုတ်လုပ်လျက်ရှိသည်။ Huawei သည် တယ်လီကွန်းနယ်ပယ်တွင် အနှစ် ၂၀ ကျော်သက်တမ်းရှိသောအတွေ့အကြံုများဖြင့် Huawei ၏ ကမ္ဘာ့ဆက်သွယ်ရေးကွန်ယက် အားသာချက်များ၊ ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်လုပ်ဆောင်နိုင်စွမ်းနှင့် ကမ္ဘာ့ပူးပေါင်းမှုများကိုတည်ဆောက်ထားသည်။ Huawei Consumer BG သည် သုံးစွဲသူများကိုနောက်ဆုံးနည်းပညာများဖြန့်ဝေပေးရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိလူအများကိုအဆင့်မြင့်နည်းပညာများမှတဆင့် ပျော်ရွှင်မှုများကို မျှဝေပေးနိုင်ရန် နှစ်မြှုပ်ထားပါသည်။ ရှေ့ဆက်လျှောက်လှမ်းပြီးအိပ်မက်များအမှန်တကယ် ဖြစ်ပေါ်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

 

ထပ်မံသိရှိလိုပါက -

Huawei Mobile Myanmar Facebook Page –

https://www.facebook.com/HuaweiDeviceMyanmar

Website - http://consumer.huawei.com/mm

Instagram - https://www.instagram.com/huaweidevicemyanmar

Hotline: 01-9000900

 

Public Relations ဆက်သွယ်ရန်

Huawei Technologies (Yangon) Co., Ltd

မေဘရဏီဇော်

PR Manager

Device Business Department

[email protected]

09-799610280

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly