အာရှဖူဆယ်ပြိုင်ပွဲ အဖွင့်ပွဲမှာ လက်ရှိချန်ပီယံနဲ့ယှဉ်ပြိုင်ရမယ့် မြန်မာအသင်း

အာရှဖူဆယ်ပြိုင်ပွဲ အဖွင့်ပွဲမှာ လက်ရှိချန်ပီယံနဲ့ယှဉ်ပြိုင်ရမယ့် မြန်မာအသင်း
 

 

၂၀၁၈ အာရှဖူဆယ်ပြိုင်ပွဲ ပွဲစဉ်အချိန်ဇယားတွေ ထွက်ပေါ်လာခဲ့ရာမှာတော့ မြန်မာဖူဆယ်အသင်းဟာ လက်ရှိချန်ပီယံအီရန်အသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

၂၀၁၈ အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို တရုတ်တိုင်ပေနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

မဲခွဲခဲ့ရာမှာတော့ မြန်မာအသင်းဟာ အုပ်စု(C)မှာ အီရန်၊ အီရတ်၊ တရုတ်အသင်းတွေနဲ့ကျရောက်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ အီရန်အသင်းနဲ့စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ၄ ရက်နေ့မှာ အီရတ်၊ ၆ ရက်နေ့မှာ တရုတ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အီရန်အသင်းဟာ အာရှဖူဆယ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်ပြီး အာရှဖူဆယ် Ranking မှာ အဆင့်တစ်နေရာက ရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။

၂၀၁၆ အာရှဖူဆယ်ပြိုင်ပွဲဗိုလ်လုပွဲမှာ အီရန်အသင်းဟာ ဥဇဘတ်ကစ္စတန်ကို ၂-၁ ဂိုးနဲ့နိုင်ပြီး ချန်ပီယံဖြစ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ တတိယရခဲ့လို့ အာရှအဆင့်ပြိုင်ပွဲကို ပထမဆုံးဝင်ခွင့်ရခဲ့တာပါ။

အာဆီယံဖူဆယ်ချန်ပီယံရှစ် တတိယလုပွဲမှာ မြန်မာအသင်းဟာ အိမ်ရှင် ဗီယက်နမ်ကို ပွဲချိန်အတွင်း ၂ ဂိုးစီသရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့နိုင်ကာ အာရှပြိုင်ပွဲဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly