HUAWEI nova 2iရဲ့ Camera အားအသေးစိတ် လေ့လာကြည့်ခြင်း

HUAWEI nova 2iရဲ့ Camera အားအသေးစိတ် လေ့လာကြည့်ခြင်း

 

Camera (၄)လုံးနှင့် ပွဲထွက်လာတဲ့ HUAWEI nova 2i ရဲ့ Camera စွမ်းဆောင်ရည်ကအထူးကောင်းမွန်တာတွေ့ရှိရပါတယ်။Camera ​လေးလုံးလို့​ပြောရခြင်​းက ​ရှေ့နှစ်​လုံး ​နောက်​နှစ်​လုံးအသုံးပြုထားတဲ့အတွက်​ ပဲဖြစ်​ပါတယ်​...ပုံရိပ်​ကို 3D ပုံရိပ်​ကိုတွေ့မြင်နေရသလိုခံစားရအောင် ဖန်တီးနိုင်ဖို့အတွက် အသုံးပြုထားခြင်​းဖြစ်​ပါတယ်​။ ကင်​မရာရဲ့ မှန်​ကိုလဲ ခြစ်​ရာပွန်​းရာခံနိုင်​​အောင်​ကာကွယ်​​ပေးထားတဲ့အတွက်​ပုံရိပ်​ဝါးခြင်​းများကိုလဲ ​ရှောင်​ရှားနိုင်​မှာ​သေချာပါတယ်​။ ပထမဦးဆုံးအနေနဲ့ Aperture Mode ကို စတင်ရှင်းပြပေးပါမယ်။ Aperture Mode ကလည်း အထူးကောင်းမွန် တည်ငြိမ်တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ၎င်းရဲ့ လှည့်ကွက် အကောင်းစားများက ပုံရိပ်ကိုအကောင်းဆုံး ရိုက်ကူးနိုင်ပါတယ်။ ဖော်ပြပါ ပုံကိုလေ့လာကြည့်ပါ။Pro တစ်ယောက်လိုရိုက်ကူးနိုင်တဲ့အတွက်သင့်ရဲ့ဖန်တီးမှုအတိုင်း ပုံရိပ်ကပေါ်လွင်စေမှာ သေချာပါတယ်။

          HUAWEI nova 2i ရဲ့ ဖွဲ့စည်းပုံကျစ်လျစ်မှုနှင့်အတူ Camera ရိုက်ကူးရာမှာလည်းလွယ်ကူစေမှာသေချာပါတယ်။ Camera ရဲ့ မှန်ကိုလည်း မပွန်းနိုင်အောင် အထူးပြုလုပ်ထားတဲ့အတွက် ပုံရိပ်များကို ဝေဝါးခြင်း မဖြစ်စေပါဘူး။ Camera ရဲ့မှန်ကိုလည်းမပွန်းနိုင်အောင်အထူးပြုလုပ်ထားတဲ့အတွက်ပုံရိပ်များကိုကြည်လင်စေမှာပါ။ 16 MP ရှိတဲ့ Camera က ရုပ်ထွက်ကြည်လင်ပြတ်သားမှုရှိပြီး အသံပိုင်းနှင့် ပေါင်းစပ်လိုက်တဲ့အတွက် ပြီးပြည့်စုံတဲ့ ဗီဒီယိုတစ်ခု ရရှိနိုင်ပါတယ်။သင်ရဲ့ရွေ့လျားနေတဲ့ပုံရိပ်များကိုအသံပါဝါကောင်းကောင်းရုပ်ထွက်ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်မှာသေချာပါတယ်။

          ပုံရိပ်များကိုအလင်းမှောင်နေချိန်မှာ Flash Light က ကူညီပေးနိုင်ပြီးအလင်းအမှောင်ကို  Autoချိန်ညှိပေးနိုင်တဲ့အတွက် သင့်ကိုအလုပ်မရှုပ်စေတော့ပါဘူး။ သင်အမှောင်ထဲ ရုတ်တရက်ရောက်သွားရင်တောင် ပုံရိပ်များ မပျက်ရိုက်ကူးနိုင်ပါသေးတယ်။          

HUAWEI nova 2i ရဲ့ကင်မရာစွမ်းအားကအံ့မခန်းပါပဲ။

          HUAWEI nova 2iလို့ခေါ်တဲ့ Huawei ရဲ့ Model အသစ် ကို “Shooting Star” လို့တောင် သတ်မှတ်ရမလို ဖြစ်နေပါတယ်။  Cameraရဲ့ Performance ၊ Battery တာရှည်ခံမှုတွေကသင်ရွေးချယ်ရမဲ့အချက်တွေဖြစ်ပါတယ်။ Portrait Mode၊  Fun Mode၊  Moving Picture၊  Bokeh effect တွေကအကြိုက်တွေ့စေမှာသေချာပါတယ်။

HUAWEI nova 2iရဲ့ Camera က လှုပ်ရှားမှုတိုင်းကို မလွတ်တမ်းရိုက်ကူးနိုင်မှာ aသချာပါတယ်။ အံ့သြစရာကောင်းလှတဲ့ ကင်မရာ (၄)လုံးနှင့်အတူပွဲထွက်လာတဲ့HUAWEI nova 2i က သင့်ရဲ့မိသားစု၊သူငယ်ချင်း၊အပေါင်းအသင်းများနှင့်အမှတ်တရများကို လွယ်လွယ်ကူကူနဲ့ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

Ref : Technave

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly