HUAWEI nova 2i -နှင့် -Vivo V7+ကို နှိုင်းယှဉ်ခံစားကြည့်ခြင်း

HUAWEI nova 2i -နှင့် -Vivo V7+ကို နှိုင်းယှဉ်ခံစားကြည့်ခြင်း

 

 

လက်ရှိအခြေအနေအရနောက်ဆုံးပေါ် အလယ်အလတ်တန်း smartphone တွေဖြစ်တဲ့ Huawei နဲ့ Vivo တွေထဲက ပြပါဆိုရင် HUAWEI nova 2i နဲ့ V7+ တို့ကိုပဲဖော်ပြမိမှာပါ။ဒါကိုပဲသုံးစွဲသူတွေ စိတ်ဝင်တစားသတိထားမိနိုင်တဲ့ အချက်တွေကနေ ထပ်မံထုတ်နှုတ်ပြရမယ် ဆိုရင်တော့ Camera ပိုင်းဆိုတာသေချာသလောက်ပါပဲ။ သူတိုတွေအနေနဲ့လည်း တူညီတဲ့ Characteristics တွေ ရှိနေတယ်လို့ ပြောနိုင်ပေမယ့် တစ်ကယ်တော့ ကိုယ်ပိုင်ထူးခြားချက်တွေ ရှိနေတယ် ဆိုတာလည်း ကျွန်တော့ အနေနဲ့ မငြင်းနိုင်ပြန်ဘူးပေါ့။Camera ပိုင်းရဲ့ အားသာချက် ၊ အားနည်းချက်တွေလို့ ထင်မြင် ယူဆရတဲ့ အပိုင်းတွေကိုအနည်းငယ် ကြည့်လိုက်ကြရအောင်ဗျာ။

ဒါနဲ့...... Screens အရွယ်အစားကြီးလေလေပိုကောင်းလေလေလို့ များယူဆကြသလားဗျာ?ဘယ်လိုပဲ ဖြစ်ဖြစ် ကြည့် ရတာတော့ ဒီနေ့ခေတ်မှာအနားသပ်မဲ့ ဘောင်ပျောက် Screens ဖုန်းတွေက   စျေးကွက်ကို စိုးမိုးနေတယ်ဆိုတာအမှန် ပါပဲ။ ဒီလိုအချက်တွေနဲ့လည်း ပြည့်စုံပြီး အလယ်အလတ်တန်းလည်းကျတဲ့ ဖုန်းတွေကခုပြောနေတဲ့ ဖုန်း ၂ မျိုးပါပဲ။

အမ်? သူတို့ထဲကဘယ်ဖုန်းကပိုပြီးကောင်းမွန်တဲ့ photos တွေရယူနိုင်လဲ?ဒီအချက် ကိုနှိုင်းယှဉ်နိုင်ဖို့ သူတို့ တွေကနေ ရိုက်ယူထားတဲ့ ပုံတွေကိုလေ့လာသူတွေကတစ်ဆင့် ကြည့်ရူ့လိုက်ကြရအောင်ဗျာ။ စာဖတ် ပရိတ်သတ်ကတော့ Judge လုပ်ပေါ့။ ရိုက်ယူထားတဲ့ photos တွေကို Auto Mode settings အနေနဲ့ပဲထားထားတယ်လို့ဆိုပါတယ်။ စက္ကန့် အနည်းငယ်သာ

ခြားပြီးရိုက်တယ် ၊ တူညီတဲ့ အကွာအဝေးနဲ့ ထောင့်တွေကနေရိုက်ပြထားတာပါ။ရိုက်ယူထားတဲ့ ပုံတွေအားလုံး ပြုပြင် ဖန်တီးထားခြင်းမရှိပါဘူး။ပုံတွေအားလုံးကိုကြည့်ရှုရလွယ်ကူအောင်တော့ အရွယ်အစားတူညီအောင် ညှိယူထားပါတယ်။

သင့်အနေနဲ့ကွာခြားမှုတွေကို မြင်တွေ့နေပြီလို့ထင်ပါတယ်။ ရိုက်ယူထားတဲ့ Camera တွေအကြောင်းလည်းနဲနဲတင်ပြချင်ပါတယ်။

Vivo V7+ အနေနဲ့က

16-megapixels front shooter

24-megapixels selfie shooter plus Vivo's Face Beauty software ကိုအသုံးပြုထားပါတယ်။

 

HUAWEI nova 2i ကတော့

16 and 2-megapixels combo back အတွက်သုံးထားပြီး

13 and 2-megapixels shooters front ကိုအသုံးပြုထားပါတယ်။

ဘယ်ဟာကသင့်အတွက်စိတ်ကျေနပ်မူ့ပိုရလို်က်လဲကိုယ်တိုင်သာဆုံးဖြတ်ကြည့်လိုက်ပါဗျာ။

ကဲနောက်ထပ် ကြည့်သင့်တာတွေကိုထပ်ကြည့်လိုက်ကြရအောင်…

=========================================        

ကျွန်တော်တို့လို သုံးစွဲသူတွေစာဖတ်သူတွေ ခဏခဏကြံုတွေ့နေရတဲ့အရာတစ်ခုကတော့ ဘယ်နေရာ သွားသွား ဘာပဲဖတ်လိုက်ဖတ်လိုက်ရှိသမျှ Specification တွေကိုရေးသားဖော်ပြထားတာပါပဲ။ ဒီရှည်လျားထွေပြားလှတဲ့ နည်းပညာဆိုင်ရာ Spec တွေကိုကြည့်လို့လဲ ကျွန်တော့အနေနဲ့ကတော့ Blur…Blur…Blur…… ပဲသိပါတယ်

သေချာနားလည်နိုင်စွမ်းမရှိသလိုနားလည်ချင်ရင်လည်းရေဆုံးမြေဆုံးသက်ဆိုင်ရာနည်းပညာတွေကို လိုက်ဖတ်ပြီး ဖတ်လို့မဆုံးခင်မှာ တင်နောက်ထပ်အသစ်တွေ ထပ်ပေါ်နေခဲ့တာကိုကြံုဖူးတဲ့

အတွက် စိတ်မသက်သာစရာပါပဲ။ ဒီတော့ ထင်သာမြင်သာတာလေးတွေကိုပဲ ကောက်နှုတ်လိုက်ရပါတယ်။

ဒီတော့ Huawei ကနေစလိုက်ကြရအောင်ဗျာ…

 

HUAWEInova 2i

Huawei ရဲ့အသစ်စက်စက်ထွက်ရှိထားတဲ့အလတ်တန်းထဲက smartphone ဖြစ်ပါတယ်။သူ့အနေနဲ့ 5.9" IPS display ၊  18:9 aspect ratio နောက်ထပ် 2160 x 1080 resolution ရုပ်ထွက်ဖြစ်ပြီး Kirin 659 chipset ၊ 64GB internal storage ၊ 4GB RAM ၊ 16MP + 2MP dual rear cameras LED flash ၊ 13MP + 2MP dual front cameras

နောက်ဆုံးအနေနဲ့ကတော့ 3,340mAh battery ဖြစ်ပါတယ်။

ထပ်မံပြီးတော့

Vivo V7+

မကြာသေးခင်ကာလကမှထွက်ပေါ်လာပြီး screen-to-body အချိုးကို 84.4% ထိပြုပြင်ဖန်တီးထားပါတယ်။သူ့ရဲ့ မျက်နှာပြင်ကတော့ 5.99" FullView display ကို 1440 x 720 resolution ထောက်ပံ့ပေးထားပြီး၊ Snapdragon 450 chipset ၊ 64GB interhnal storage ၊ 4GB RAM ၊ 16MP rear camera LED flash ၊ 24MP front camera with

Moonlight Glow နောက်ဆုံး battery အနေနဲ့ 3,225mAh ဖြစ်ပါတယ်။

အသေးစိတ်ကိုတော့အောက်ပါအတိုင်းထပ်မံလေ့လာတာပိုအဆင်ပြေမယ်ထင်ပါတယ်။

အထက်ပါ Spec တွေကိုကြည့်ပြီးနောက်ဆုံးအနေနဲ့ခြံုငုံပြီးတွေ့နိုင်မယ်ဆိုရင်ဖြင့်

 

HUAWEInova 2i က

-Screen Resolution ပိုမြင့်ပါတယ်

-CPU ပိုင်းပိုမိုကောင်းမွန်ပါတယ်

-Rear နဲ့ Front Camera တွေက Dual တွေဖြစ်ပါတယ်

-Battery သိုလှောင်နိုင်မူ့အပိုင်းအနည်းငယ်ပိုများပါတယ်

- အဓိကအချက်ကတော့ စျေးနှုန်းပိုမိုသက်သာပါတယ်

 

Vivo V7+

- Screen Size မဆိုစလောက်ပိုမိုကြီးမားပါတယ်

-GUPပိုင်းပိုမိုအားကောင်းပါတယ်

-Front Camera ပိုင်း Resolution ပိုများပါတယ်

-Face ID sensor ပါရှိပါတယ်။

ဒီလောက်ဆိုရင် ထင်သာမြင်သာမယ့် အပိုင်းလေးတွေကိုသတိထားမိမယ် ထင်ပါတယ်။ အားလုံး ခြံုငုံပြီး ကြည့်မယ်ဆိုရင် HUAWEI nova 2i က စျေးနှုန်းသက်သာတဲ့အပြင် အရည်အသွေးမြင့် လုပ်ဆောင်ချက်တွေ ပါဝင်နေတာကိုတွေ့မြင်နိုင်ပါတယ်။ အားလုံးအဆင်ပြေကြပါစေဗျာ။

http://www.gadgetmatch.com/huawei-nova-2i-vs-oppo-f5-vs-vivo-v7-camera-comparison/

http://www.gadgetmatch.com/huawei-nova-2i-oppo-f5-vivo-v7-camera-shootout/

http://www.yugatech.com/ask/huawei-nova-2i-or-vivo-v7-plus/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly