နောက်ထပ်ဆုတစ်ဆုကို သိမ်းပိုက်ခဲ့ပြန်တဲ့ စီရော်နယ်ဒို

နောက်ထပ်ဆုတစ်ဆုကို သိမ်းပိုက်ခဲ့ပြန်တဲ့ စီရော်နယ်ဒို

ဒီဇင်ဘာ ၂၉၊ စပိန်

FIFA The Best ဆု၊ Ballon d’Or ဆု၊ Globe Soccer Awards ဆုတွေကို ရရှိခဲ့တဲ့ ရီးယဲလ်ကြယ်ပွင့်စီရော်နယ်ဒိုဟာ Best European Sportsperson of 2017 ဆုကိုလည်း ထပ်မံ ရရှိခဲ့ပြန်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံဆုဖလား ၅ ခုအထိရယူနိုင်ခဲ့တာကြောင့် စီရော်နယ်ဒိုကို နိုင်ငံတကာသတင်းအေဂျင်စီ ၂၆ ဆုက ဒီဆုအတွက် ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ဗြိတိန်ဖော်မြူလာဝမ်းကားမောင်းသမား ဟာမီလ်တန်၊ တင်းနစ်အကျော်အမော်များဖြစ်တဲ့ ရော်ဂျာဖက်ဒါးရားနဲ့ ရာဖေးလ်နာဒဲလ်တို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ၂ နှစ်ဆက်တိုက် ရရှိခဲ့တာ ဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကမှ CR7 Gala          ဆိုပြီး ၂၀၁၇ အောင်မြင်မှုအတွက် မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ကိုယ်ပိုင်အခမ်းအနားတစ်ခု ကျင်းပခဲ့ပါသေးတယ်။

၂၀၁၇ ဥရောပအကောင်းဆုံးအားကစားသမားဆုအတွက် ထိပ်တန်း ၁၀ ဦးစာရင်းမှာ ဘောလုံးသမားအဖြစ် စီရော်နယ်ဒိုတစ်ဦးသာ ပါ၀င်ခဲ့တာလည်း ဖြစ်ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly