ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရသည့် ဦးပါမောက္ခက ပြန်တရားစွဲဆိုထားခြင်းအပေါ် တရားရုံးမှ စစ်ဆေးခြင်းမရှိသေး

ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရသည့် ဦးပါမောက္ခက ပြန်တရားစွဲဆိုထားခြင်းအပေါ် တရားရုံးမှ စစ်ဆေးခြင်းမရှိသေး

 

ရန်ကုန် ဒီဇင်ဘာ ၂၈ ။         ။ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် မကွေးကျောင်းဆရာ တော်ဦးပါမောက္ခက တရားသူကြီးအပါအဝင် လူ ပုဂ္ဂိုလ် ၆ ဦးကို တရားစွဲဆိုထားခြင်းကိစ္စကို တရား ရုံးတော်က စစ်ဆေးခြင်းမရှိသေးဟု ဆရာတော် ဦးပါမောက္ခ အမှုကူညီဆောင်ရွက်သူများအဖွဲ့မှ ဦးအောင်မြိုင်က ပြောသည်။

မကွေးကျောင်းဆရာ တော်ဦးပါမောက္ခကို ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့က ရန်ကုန်၊ ကမာရွတ်မြို့နယ် တရားရုံးတွင် ရ ကြိမ် မြောက် ရုံးထုတ်စစ်ဆေးခဲ့ အပြီး ဦးအောင်မြိုင်က သတင်းမီဒီယာများကို ပြော ကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယင်းသို့ တရားပြန်လည်စွဲဆိုခြင်းမှာ ဦးတိုက်လျှောက်ထားလွှာပေါ်မှ လက်မှတ် မမှန် မကန် ဖြစ်နေသည့်ကိစ္စကို တရားဥပဒေဘောင် အတွင်းမှ ဖော်ထုတ်သွားမည်ဟု ဦးအောင် မြိုင်က ပြောသည်။

"အဲဒီလက်မှတ် ဘယ်သူ့လက်မှတ်လဲဆိုတာ ဖော် ထုတ်နိုင်ဖို့အတွက် ၄၆၈ အမှုကို ပြင်ဆင်တာပါ၊ ပြင်ဆင်တဲ့အနေအထားမှာ အဲဒါကို တိုက်ရိုက် မသွားဘဲ ရာထွေအမှု အမှုဖွင့်ပြီးတော့ စုံစမ်းဖော်ထုတ် ရမယ်ဆိုတဲ့ ဥပဒေအစီအစဉ်နဲ့ လုပ်ပါတယ်၊ ဒါလည်းပဲ ကျွန်တော်တို့က တရားရုံး အတိုင်းလုပ်တာ၊ ဥပဒေပညာရှင်တွေကို မေးထားတာတွေလည်း ရှိပါတယ်၊ အဲဒီအပေါ်မှာ ဆောင်ရွက်နေဆဲလို့ပဲ ဖြေလို့ရမယ်၊ အခု အချိန် အထိ ဘယ်သူ့လက်မှတ်ဆိုတာ မပေါ်သေးပါဘူး" ဟု ဦးအောင်မြိုင် က မဇ္ဈိမသို့ပြောသည်။

လတ်တလော တရားရုံးက ယင်းတရားစွဲဆိုမှုကို စစ်ဆေးခြင်းမရှိသေးသော်လည်း နောက် ရုံးချိန်းများတွင် စစ်ဆေးဆောင်ရွက်ဖွယ်ရှိသည်ဟု ဦးအောင်မြိုင်က ဆက်ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်နေ့က ဦးတိုက်လျှောက်ထားလွှာပေါ်မှ လက်မှတ်သည် တရားလို၏လက်မှတ် မမှန်မကန်ဖြစ်နေခြင်းကိစ္စအတွက် တရားလို အပါအဝင် တရားသူကြီးနှင့် ရဲအရာရှိ၊ လူပုဂ္ဂိုလ် ၆ ဦးကို ပုဒ်မ ၄၆၈ ဖြင့် ပြန်လည်တရားစွဲဆိုခဲ့ သည်။

ယနေ့ စစ်ဆေးသည့် အနေအထားမှာ တရားလိုပြ သက်သေတစ်ဦးကို ဆရာတော်၏ရှေ့နေဖြစ်သူက မေးခွန်းပေါင်း ၆၀ စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

"တရားလိုပြသက်သေ ဦးဇော်ဝင်းကို စစ်တဲ့ ရုံးချိန်း ဖြစ်ပါတယ်၊ ဦးဇော်ဝင်းက အဲဒီအမှု စဖြစ်တဲ့အချိန်တုန်း က ကမာရွတ်မြို့နယ်၊ ရဲစခန်းက ရဲတပ်ဖွဲ့မှူး ဖြစ်ပါတယ်၊ ဒီနေတော့ အငြိမ်းစားယူပြီး သာကေတမှာ နေပါတယ်လို့ သိရပါတယ်၊ သူ့ကိုစစ်ဆေးတဲ့ အခါမှာ ဆရာတော်ရဲ့ရှေ့နေ ဒေါ်မိုးမိုးအေးက မေး ခွန်းပေါင်း ၆၀ ကျော်လောက်နဲ့ မေးစစ်တဲ့အတွက် အချိန်အတော်ကြာတာတွေ့ရပါတယ်" ဟု ဦးအောင်မြိုင်က ပြောသည်။

လက်ရှိအနေအထားတွင် ဆရာတော်၏အမှုတွင် တရားလိုနှင့် တရားလိုပြသက်သေတစ်ဦးကိုသာ စစ်ဆေးရသေးပြီး နောက်တစ်ကြိမ် ရုံးချိန်းကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့သို့ ချိန်းဆိုခဲ့သည်။

ဆရာတော်ဦးပါမောက္ခသည် ပုဒ်မ ၁၉ အတွက် ထောင်ဒဏ် ၁ လ ချမှတ်ခံရပြီး ပုဒ်မ ၅၀၅ (ခ) အတွက် ဆက်လက်အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်က အမေရိကန်သံရုံး ရှေ့တွင် ခွင့်ပြုချက် မရှိဘဲဆန္ဒပြမှုအတွက် ရဟန်း ၃ ပါးနှင့် လူ ၄ ဦးကို အမှုဖွင့်ခဲ့သည်။ ယင်းနောက် ရဟန်း ၃ ပါး ဖြစ်သော ဦးပါမောက္ခ၊ ဦးသုစိတ္တနှင့် ဦးပညာဝံသ တို့ကို တရားရုံးသို့ အစစ်ဆေးခံရန် မလာ ရောက်ခဲ့ကြသည့်အတွက် ဖမ်းဝရမ်း ထုတ်ပြန်ထားခဲ့သည်။

ဆရာတော်ဦးပါမောက္ခသည် ဖမ်းဝရမ်းထုတ်ခံထား ရစဉ် နိုဝင်ဘာလ ၁၂ ရက်က ဒဂုံမြို့သစ်မြောက် ပိုင်း၊ မြို့မရဲစခန်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်း ၃၈ ရပ်ကွက်ရှိ အခွန်လွတ်စျေးမြေနေရာကိစ္စ ဆန္ဒဖော် ထုတ်ရန် ခွင့်ပြုချက်လာရောက်တောင်းခံစဉ် လူဝတ်လဲဖမ်းဆီးခံရခြင်း ဖြစ်သည်။

ထို့နောက် ကမာရွတ်မြို့နယ် တရားရုံးက နိုင်ငံတော်အကြည်အညိုပျက် စေမှု ပုဒ်မ ၅၀၅ (ခ)ကို အာမခံ မပေးသည့်အတွက် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရကာ ယခုကဲ့သို့ အမှု ဆက်လက်ရင်ဆိုင်နေရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly