ကျားဖောင်လုပ်သားများ ပြန်လည်ရှာဖွေရာတွင် ၁၃ ဖောင်နှင့် ရေလုပ်သား ၃၆ ဦး ပျောက်ဆုံးဆဲ

ကျားဖောင်လုပ်သားများ ပြန်လည်ရှာဖွေရာတွင် ၁၃ ဖောင်နှင့် ရေလုပ်သား ၃၆ ဦး ပျောက်ဆုံးဆဲ

 

ပုသိမ်၊ ဒီဇင်ဘာ ၂၈ ။          ။ ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့နယ်၊အမာမြို့ပင်လယ်ပြင်တွင် လေနီကြမ်းတိုက်ခိုက်မှုကြောင့် မျောပါသည် ကျားဖောင် ၈၆ ဖောင်တွင် ပျောက်ဆုံးနေသေးသော ၁၃ ဖောင်နှင့် ရေလုပ်သား ၃၆ ဦးကို ဆက်လက်ရှာဖွေ နေဆဲဖြစ်ကြောင်းကို ဧရာဝတီတိုင်းဒေသကြီး၊တိုင်းရဲတပ်ဖွဲ ့မှူးရုံးမှ ဒုတိယရဲမှူးကြီးခင်မောင်လတ်က မဇ္စျိမသို့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်ပြောသည်။

“ဖျာပုံမှာ လေနီကြမ်းတိုက်ပြီး ကျားဖောင်တွေ မျှောသွားပါတယ် ၊၂၆ ရက်နေ ့အထိ ဆယ်ယူရရှိရတာ ကျားဖောင် ၅၇ ဖောင်နဲ့ ရေလုပ်သား ၂၂၂ ဦးကို ပြန်လည်ဆယ်ယူရရှိပါတယ်။ ကျားဖောင် ၁၆ ဖောင်က ပျက်စီးသွားပါတယ်။ အခုလောလောဆယ်တော့ ပျောက်ဆုံးနေဆဲ ၁၃ဖောင်နဲ့ ရေလုပ်သား ၃၆ ဦးကို ဆက်လက်ရှာဖွေနေတယ်”ဟု တိုင်းရဲတပ်ဖွဲ ့မှူးရုံးက ဒုတိယရဲမှူးကြီးခင်မောင်လတ်က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ နှင့် ၂၀ ရက်နေ့ ဖျာပုံမြို့နယ်၊ အမာမြို့ ပင်လယ်ပြင်တွင် လုပ်ကိုင်နေသည် ကျားဖောင် ၈၆ ဖောင်မှာ ပင်လယ်သို့ မျောပါပြီး၊ ကျားဖောင်ပါ လူဦးရေ ၂၅၈ ယောက် ပင်လယ်ထဲ မျောပါခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ပျောက်ဆုံးဖောင်များနှင့် ကျန်ရှိသူများအား ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပြီး ရက်သတ္တပတ် တစ်ပတ်ခန့် ကြာမြင့်နေပြီ ဖြစ်ကာ သေဆုံးသူ မရှိသေးကြောင်း သိရသည်။

“ ၁၃ ဖောင်ကို ဆက်လက်ရှာဖွေနေဆဲပါ။ အရင် ဒီရာသီမှာမဖြစ်ဖူးဘူး။ ကျန်တဲ့မိုးတွင်းမှာတော့ အနည်းအကျဉ်းတော့ဖြစ်တယ်၊ အခုလောက်တော့ များများစားစား မဖြစ်ပါဘူး၊အခု သေတဲ့သူကို ဆယ်ယူရရှိတာ မရှိဘူး။ ပျောက်ဆုံးနေဆဲ အနေနဲ ့ရှာဖွေနေတုန်းပဲဖြစ်တယ် ”ဟု ၄င်းက ဆက်လက်ပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက်နေ ့အထိ ပြန်ဆယ်ရရှိသည့် ကျားဖောင် ၅၄ ဖောင်ရှိပြီး၊ ပျက်စီးခဲ့သည့် ကျားဖောင် ၁၆ ဖောင်နှင့် ရှာဖွေဆဲ ကျားဖောင်၁၃ ဖောင်နှင့် လူဦးရေ ၃၆ ဦး  ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

“ ကျွန်တော်တို ့ဒီဟာနဲ့ ပက်သတ်ပြီးပြန်လည်ရှာဖွေရေးတွေကိုတော့ သက်ဆိုင်ရာရေလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး၊ ငါးလုပ်ငန်းဦးစီး၊သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးတွေနဲ့ ပူးပေါင်းပြီး ရှာဖွေနေဆဲဖြစ်ပါတယ်၊ ပျက်စီး၊ ပျောက်ဆုံးစာရင်းတွေ ရရှိဖို့ကိုလည်း မြို့နယ်ငါးလုပ်ငန်းဦးစီးနဲ့ ပူးပေါင်းပြီး စာရင်းတွေကို ကောက်ယူပြီးတော့ ပြန်လည်ရရှိတဲ့စာရင်းတွေကို အချိန်နဲ ့တပြေးညီကျွန်တော်တို့ဆီကို ပို့နေပါတယ်”ဟု ဒုတိယရဲမှူးကြီးခင်မောင်လတ်က လုပ်ဆောင်ထားမှုများအား ပြောသည်။

အဆိုပါ ကျားဖောင်များမှာ ဖျာပုံမြို့နယ်မှ လုပ်ငန်းရှင် ၁၁ဦးပိုင်သည့်ကျားဖောင်များဖြစ်ပြီး ၊ဒီဇင်ဘာလ ၂၄ရက်နေ ့အထိ လူဦးရေ ၂၁၀ ဦးကို ပြန်လည်ရှာဖွေကယ်ဆယ်ထားနိုင်ပြီဖြစ်ကာ အဆိုပါ ကျားဖောင်များ သည် အများအားဖြင့် ပုဇွန်ရှာဖွေသော လုပ်ငန်းကို လုပ်ကိုင်ကြသည်။  

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊အမာမြို ့ ပင်လယ်ပြင်တွင် ကျားဖောင်လုပ်ငန်းများ လုပ်ကိုင်သည့်နေရာ ဖြစ်ပြီး၊ ကျားဖောင် တစ်ဖောင်တွင် လူ ၃ ဦး လိုက်ပါလုပ်ဆောင်ကြရပြီး ၊ပင်လယ်ပြင် လေကြမ်းတိုက်ခတ်မှု များလျှင် ကျားဖောင်များ ပင်လယ်သို့မျောပါတတ်ပြီး၊အိန္ဒိယနိုင်ငံတွင် ကျားဖောင်လုပ်သားများ အဖမ်းခံရမှုများ ဖြစ်ခဲ့၍ ပြန်လည်ခေါ်ယူခဲ့ရမှုများလည်း ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly