နှစ်သစ်မှာပျော်ရွှင်ဖို့ Ooredooရဲ့ ဖလန်းဖလန်း

နှစ်သစ်မှာပျော်ရွှင်ဖို့ Ooredooရဲ့ ဖလန်းဖလန်း

၂၀၁၇ ကုန်လို့ ၂၀၁၈ ဆိုတဲ့ နှစ်သစ်လေးကို ရောက်ရှိလာဖို့ဆိုတာ ရက်ပိုင်းလေးပဲ လိုတော့တယ်နော် နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်တော့မယ်ဆိုတော့ ပျော်ရွှင်စရာကောင်းတဲ့ အရာတွေကိုပဲ ယူဆောင်သွားရမယ်လေ။ စိတ်ညစ်ရမယ့် အရာတွေကိုတော့ မစဉ်းစားတော့ဘူးလေ ကိုယ့်ရဲ့မိဘ၊ ဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အင်တာနက်မှာတွေ့ပီး Messenger ကနေ စကားတွေပြောမယ် Video Call တွေပြောမယ်။ သီချင်းတွေနားထောင်မယ် အင်တာနက်ဂိမ်းတွေဆော့မယ် Download ဆွဲမယ် တစ်နေ့တစ်နေ့ ပျော်ရွှင်ရမယ့် အရာလေးတွေကို Facebook မှာ Save the Date လေးနေ့တိုင်းလုပ်ရမယ် အဲ့လိုမျိုးတွေနေ့တိုင်း လုပ်ဖို့ကတော့ အင်တာနက်ဖိုးလေးကတော့ ကုန်မှာပေါ့နော်။ အဲ့တော့ အင်တာနက်ဖိုး သက်သာဖို့ဆိုတာကိုတော့ စဉ်းစားရမယ် ကဲပါလေ အင်တာနက်ကို အသုံးပြုနိုင်အောင် အကုန်အကျ သက်သာမယ့် ဒေတာအစီအစဉ်လေး ရှာလိုက်ပါဦးမယ်။

ရှာဖွေဖို့ အခန်းထဲဖုန်းသွားယူ ဖုန်းလေးကောက်ကိုင်လိုက်တုန်း ရှိသေး ဖုန်းဝင်လာပါလေရော သြော် ဘယ်ကဖုန်းလဲမသိပါဘူးရယ်။

ဟယ်လို ဟုတ်ကဲ့ပါမမရေ Happy New Year ပါတဲ့လေ။ ဟုတ်ကဲ့ ဘယ်သူလဲမသိဘူးရှင့် မင်္ဂလာပါ မမရေ ညီမတို့ ကုမ္ပဏီရဲ့ အင်တာနက် သက်သာမယ့်ေ ဒတာအစီအစဉ်လေးအကြောင်း ရှင်းပြချင်လို့ပါတဲ့။ အိုစိတ်ထဲကနေတော့ ၀မ်းသာသွားတာပေါ့။ ကွက်စတိပဲလေ ရှာစရာကို မလိုတော့ဘူး ပြောပြပေးမယ့်သူ ပေါ်လာပီဆိုတော့။ ဟုတ်ကဲ့အမရေ ပြောပါဦးလို့ပြောလိုက်တာပေါ့။

ဟုတ်ကဲ့ မမရေ ညီမတို့ဆီမှာ အင်တာနက်ကို 1MB သုံးရင် ၅ကျပ်ပဲကျမယ့် ဖလန်းဖလန်း ဒေတာအစီအစဉ်လေး ရှိပါတယ်မမ။ ဟယ်ဟုတ်လား အဲ့လောက်တောင် တန်တယ်လား။ ဟုတ်ပါတယ်ရှင့်မမ ညီမတို့ဘက်က နှစ်သစ်ကူး အစီအစဉ်လေး လုပ်ပေးတာပါ။ အင်းဟုတ်ပါပြီ ဒါဆို အဲ့အစီအစဉ်ကို လုပ်ချင်ရင် ဘယ်လိုလုပ်ရမလဲညီမ။ ဟုတ် ဖလန်းဖလန်း ဒေတာအစီအစဉ်ကိုလုပ်ချင်ရင် *555# ကိုခေါ်ဆိုပြီး မမကြိုက်နှစ်သက်တဲ့ အသက်သာဆုံး နှုန်းထားတွေကို ၀ယ်ယူနိုင်ပါပီရှင့်။ အင်းဟုတ်ပါပြီ ညီမလေးရေ ဒီလိုမျိုးတွေပြောပြပေးတဲ့အတွက် ကျေးဇူးပါနော်။ ဟုတ်ကဲ့ပါရှင့် ညီမတို့ရှင်းပြပေးတာကိုလည်း ဂရုတစိုက် နားထောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်မမ။

ဖုန်းချပီးတဲ့အခါမှာတော့ ကိုယ်လိုချင်နေတဲ့ အင်တာနက် သက်သာတဲ့ ဒေတာအစီအစဉ်လေး ၀ယ်ရပြီလေ။ ၀ယ်ပြီးတာနဲ့ ကိုယ်ရဲ့နှစ်ဟောင်းမှာ ပျော်ရွှင်ခဲ့ရတဲ့ အရာမှန်သမျှကို Save the Date လုပ်ထားရမှာပေ့ါ။ နှစ်ဟောင်းမှာ ပျော်ပျော်ရွှင်ရွှင်နေပြီးမှ နှစ်သစ်ကူးတဲ့အခါမှာလည်း ပျော်ပျော်ရွှင်ရွှင်ဖြစ်မှာပေါ့နော်။

အခုလိုမျိုး သက်သာတဲ့ဖလန်းဖလန်း ဒေတာအစီအစဉ်ကို ရပီဆိုမှတော့ ကိုယ်ရဲ့သုံးချင်သမျှ အင်တာနက်တွေကို ကြိုက်သလို အသုံးပြုလို့ရပီပေါ့။ အခုလိုခေတ်ကြီးထဲမှာ ဖုန်းတစ်လုံးရှိပြီး အင်တာနက် အသုံးပြုလို့ရတော ့လူတိုင်းအတွက် နေရာတိုင်းအတွက် အဆင်ပြေပီလေ။ အနေဝေးနေတဲ့သူတွေလည်း ဒီအင်တာနက်နဲ့သာ ဆက်သွယ်ကြတယ်။ Messageတွေပို့ကြ Video Call တွေပြောကြ လုပ်ငန်း လုပ်နေသူအတွက်ကလည်း ဒီအင်တာနက်ဆိုတာချည်းက ယနေ့မျက်မှောက်ခေတ်မှာ အသုံးလိုဆုံး အရာကြီးတစ်ခုကို ဖြစ်လာတယ်လေ။ အဲ့လိုအသုံးဝင်ဆုံးဖြစ်တဲ့ အင်တာနက်ကိုမှ Ooredooကနေပြီး အသက်သာဆုံး စျေးနှုန်းတွေနဲ့ လျော့ချပေးတဲ့အတွက် အရမ်းကို ၀မ်းသာမိတယ်လေ နှစ်သစ်အတွက် အခုလိုမျိုး ဖလန်းဖလန်း လုပ်ပေးလို့လည်း ကျေးဇူးတင်မိတာပေါ့။ ကဲအဲ့ဒီတော့ နှစ်သစ်မှာ လိုအပ်သမျှ အသုံးပြုနိုင်အောင် ဖလန်းဖလန်း အင်တာနက်ဒေတာ အစီအစဉ်ကို ၀ယ်ယူဖို့ *555# ကို အမြန်ဆုံးပဲ ခေါ်ဆိုလိုက်ကြပါစို့နော်။ လူတိုင်းလူတိုင်း နှစ်သစ်ကူးမှာ ဖလန်းဖလန်း လုပ်နိုင်ကြပါစေနော်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags