ရုရှက စူပါမားကတ်တွင် လက်လုပ်ဗုံးဖောက်ခွဲ၍ ဆယ်ဦး ဒဏ်ရာရ

ရုရှက စူပါမားကတ်တွင် လက်လုပ်ဗုံးဖောက်ခွဲ၍ ဆယ်ဦး ဒဏ်ရာရ

 

မော်စကို၊ ဒီဇင်ဘာ ၂၈ ။                  ။ ရုရှနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ စူပါမားကတ်တစ်ခုတွင် ဒီဇင်ဘာ ၂၇ ရက်က လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ရာ လူ ဆယ်ဦး ဒဏ်ရာရကြောင်း အာဏာပိုင်များက ပြောသည်။

ဒဏ်ရာရသူ ကိုးဦးကို ဆေးရုံတင်ပို့ထားပြီး ဆယ်ယောက်မြောက်သူမှာ ကုသမှု ခံယူရန် ငြင်းကြောင်း၊ ဒဏ်ရာရသူများမှာ အသက်ဘေး မရှိကြောင်း မြူနီစပယ်အရာရှိများက ဆိုသည်။

လက်လုပ်ဗုံး ဖောက်ခွဲမှုဖြစ်ခဲ့သည်မှာ Perekriostok စူပါမားကတ်တွင် ဖြစ်သည်။

စျေးဆိုင်ရှင်များ၊ အလုပ်သမားများ ဒါဇင်များစွာကို ရဲက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ရုရှမီဒီယာများက ဖော်ပြသည်။

TNT ယမ်း ၂၀၀ ဂရမ် ပါ၀င်သော လက်လုပ်ဗုံး ဖောက်ခွဲခြင်း ဖြစ်ပြီး ဗုံးဆန်များပါ ထည့်သွင်းထားသည့် လက်လုပ်ဗုံးဖြစ်ကြောင်း ရုရှစုံစမ်းစစ်ဆေးရေးကော်မတီက ဆိုသည်။

ဆက်လက်စုံစမ်းစစ်ဆေးမှုများအား ယင်းကော်မတီက ဆောင်ရွက်နေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly