အစားအသောက်နဲ့ အလှကုန်တွေ ရက်လွန်မလွန် စစ်ဆေးသိရှိနိုင်မယ့် အာရုံခံစက္ကူပြားငယ်

အစားအသောက်နဲ့ အလှကုန်တွေ ရက်လွန်မလွန် စစ်ဆေးသိရှိနိုင်မယ့် အာရုံခံစက္ကူပြားငယ်

ရေးသားသူ Yun Sandi Nan Mon 
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အစားအစာပုပ်သိုးမသိုး၊ အလှကုန်ပစ္စည်းတွေ ရက်လွန်မလွန်ကို အလွယ်တကူစစ်ဆေးသိရှိနိုင်ဖို့ စက္ကူသားကို အခြေခံပြီးပြုလုပ်ထားတဲ့ အာရုံခံပစ္စည်းတစ်ခုကို ပညာရှင်တွေက တီထွင်ခဲ့ပါတယ်။

အသေးစား အာရုံခံစက္ကူပြားလေးတွေက အစားအစာထဲမှာ စားသုံးဖို့မသင့်တဲ့ဓာတ်ပစ္စည်းတွေပါမပါ၊ အစားအစာတွေ ပုပ်သိုးခြင်းရှိမရှိ၊ နှုတ်ခမ်းနီ၊မိတ်ကပ် စတဲ့ အလှကုန်ပစ္စည်းတွေမှာ ရက်လွန်မလွန်၊ ဘေးဥပါဒ်ရှိမရှိကို စစ်ဆေးပေးနိုင်တဲ့အပြင် ဆေးပင်အသစ်တွေကို သိရှိနိုင်၊ ဝိုင် သို့မဟုတ် လက်ဖက်တို့မှာ စစ်မှန်မှုရှိမရှိကိုပါ စစ်ဆေးပေးနိုင်ပါတယ်။

“ လုပ်ငန်းသုံးအတွက်ရော၊ အများပြည်သူအတွက်ပါ အသုံးဝင်နို်င်မယ့် နည်းပညာတွေကို တီထွင်ဖန်တီးရတာ အရမ်းစိတ်ဝင်စားပါတယ်။ အခုကျွန်တော့ ဓာတ်ခွဲခန်းက စက္ကူတစ်စပေါ်မှာပဲ လိုအပ်သမျှဓာတ်စမ်းပစ္စည်းတွေအားလုံးကို ပေါင်းစပ်ပြီး စွယ်စုံသုံးအာရုံခံစက္ကူပြား တစ်ခုဖန်တီးနိုင်ခဲ့ပါပြီ။တချိန်တည်းမှာပဲ ဒိီပစ္စည်းက အစားအစာတွေ မှာပါရှိတဲ့ စားသုံးဖို့မသင့်တဲ့ဓာတ်ပစ္စည်းတွေ၊ ရက်လွန်ပျက်စီးမှုကို ညွှန်ပြနိုင်တဲ့ free radical တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအပါအဝင် ခေါင်းစဉ်အမျိုးမျိုးအတွက် အသုံးဝင်နိုင်ပါတယ်” လို့ American Chemical Society မှသုတေသီ Dr. Silvana Andreescu ကပြောပါတယ်။

နည်းပညာသစ်ကို ဒီတစ်ပတ်ကျင်းပတဲ့ American Chemical Society ရဲ့ ၂၅၄ ကြိမ်မြောက် တွေ့ဆုံပွဲနဲ့ပြပွဲမှာ တင်ပြခဲ့တာဖြစ်ပါတယ်။

အာရုံခံစက္ကူပြားဟာ ဒြပ်ပေါင်းတွေကို ဖမ်းယူသိရှိနိုင်ပြီးပေါင်းစည်းပေးနိုင်ဖို့ nanostructures တွေကိုသုံးထားတဲ့ တခြားအာရုံခံကိရိယာတွေနဲ့ ကွဲပြားပါတယ်။

အာရုံခံကိရိယာအများစုဟာ ဆေးရည်သုံးပြီး လိုင်းအကွက်လေးတွေမှာ ဖော်ပြစေတဲ့နည်းကိုသုံးကြတာဖြစ်ပေမယ့် ဒီနည်းပညာသစ် မှာတော့ redox active ဖြစ်ပြီးတည်ငြိမ်တဲ့ inorganic အင်အော်ဂင်နစ် အမှုန်တွေကိုသုံးထားတာဖြစ်ပါတယ်။ ဒီအမှုန်တွေက ကိုယ်သိလိုတဲ့ ဓာတ်ပစ္စည်းတွေနဲ့ ထိတွေ့ဓာတ်ပြုလိုက်တဲ့အခါ အရောင်ပြောင်းသွားမှာဖြစ်ပြီး ပြောင်းလဲသွားတဲ့အရောင်အနေအထားကိုကြည့်ပြီး ဓာတ်တွေရဲ့ပါဝင်မှုပမာဏကို သိရှိနိုင်မှာဖြစ်ပါတယ်။

ဥပမာ- ကွေကာနဲ့ ကော်ဖီတို့အပါအဝင် စားသောက်ကုန်အမျိုးမျိုးမှာ တွေ့ရတတ်တဲ့ မှိုအဆိပ်ဓာတ်တစ်မျိုးဖြစ်တဲ့ ochratoxin A ကို ဒီအာရုံခံပြားငယ်က စစ်ဆေးသိရှိနိိင်စွမ်းရှိပါတယ်။ နောက်ပိုင်းမှာ အစာအဆိပ်သင့်စေတဲ့ ပိုး salmonella ဒါမှမဟုတ် အစားအသောက်ကတဆင့် ကူးစက်တတ်တဲ့ E. coli ပိုးတို့ကို စစ်ဆေးနိုင်ဖို့လည်း ဆက်လက်ကြိုးစားသွားမယ်လို့ သုတေသီ Andreescu ကပြောပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly