ဆောက်သမ်တန် နောက်ခံလူ ဗန်ဒိုက်ကို ပြောင်းရွှေ့ကြေး ပေါင် ရ၅ သန်းဖြင့် လီဗာပူးလ်အသင်း ခေါ်ယူ

ဆောက်သမ်တန် နောက်ခံလူ ဗန်ဒိုက်ကို ပြောင်းရွှေ့ကြေး ပေါင် ရ၅ သန်းဖြင့် လီဗာပူးလ်အသင်း ခေါ်ယူ
(ဓာတ်ပုံ - လီဗာပူးလ်)

လီဗာပူးလ်အသင်းဟာ ဆောက်သမ်တန် နောက်ခံလူ ဗန်ဒိုက်ကို ပြောင်းရွှေ့ကြေး ပေါင် ရ၅ သန်းဖြင့် စာချုပ်ချုပ်ဆို ခေါ်ယူလိုက်တယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပြီး ဒီပြောင်းရွှေ့ကြေးဟာ နောက်ခံကစားသမားများထဲမှာ ကမ္ဘာ့စံချိန်တင်ဖြစ်ခဲ့ပါတယ်။

အသက် ၂၆ နှစ်ရှိ နယ်သာလန် လက်ရွေးစင်ကစားသမားဟာ တရားဝင် ဆောင်းရာသီအပြောင်းအရွှေ့ဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာ လီဗာပူးလ်အသင်းနှင့် လာရောက်ပူးပေါင်းမှာဖြစ်ပါတယ်။

“လီဗာပူးလ်အသင်းဟာ ဗန်ဒိုက်ရဲ့ အပြောင်းအရွှေ့အတွက် ဆောက်သမ်တန်အသင်းနှင့် သဘောတူညီမှု ရရှိပြီဖြစ်တယ်လို့ အတည်ပြုနိုင်ပါတယ်။”လို့ အသင်းရဲ့ ဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။

၂၀၁၅ ခုနှစ် စက်တင်ဘာလက ဆဲလ်တစ်အသင်းကနေ ဆောင်သမ်တန်ဆီ ပြောင်းရွှေ့ခဲ့တဲ့ ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့နှစ် အသင်းနှင့် ၆ နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၇-၂၀၁၈ ရာသီအစမှာ အသင်းပြောင်းဖို့ တောင်းဆိုခဲ့ပါတယ်။

ဗန်ဒိုက်ရဲ့ ပြောင်းရွှေ့ကြေးဟာ ပရီးမီးယားလိဂ်မှာ ပြောင်းရွှေ့ကြေး အမြင့်ဆုံးဖြစ်တဲ့ ၂၀၁၆ ခုနှစ်က ပေါ့ဂ်ဘာရဲ့ ပေါင်သန်း ၉၀ ပြီးရင် ဒုတိယမြောက် ပြောင်းရွှေ့ကြေး အများဆုံးဖြစ်ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags