ထရမ့်၏ အမေရိကန်ကို တိုး၍ စိန်ခေါ်လာနေသည့် မြောက်ကိုရီးယား စစ်တပ်

ထရမ့်၏ အမေရိကန်ကို တိုး၍ စိန်ခေါ်လာနေသည့် မြောက်ကိုရီးယား စစ်တပ်

 

ပြံုယမ်း၊ ဒီဇင်ဘာ ၂၇ ။                    ။ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ကိုရီးယားကျွန်းဆွယ်အရေး တင်းမာမှုများ တိုး၍ မြင့်မားစေခဲ့သော ခြိမ်းလုံးခြောက်လုံးများ ပြောဆိုခဲ့သူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အာဏာရလာသည့် ၂၀၁၇ ခုနှစ်အတွင်း မြောက်ကိုရီးယား ကင်ဂျုံးအွန်အစိုးရသည် ၎င်းတို့၏ ပြတ်သားသော ဖော်ဆောင်နေမှုဖြစ်သည့် အမေရိကန်သို့ နျူကလီးယားလက်နက် ပစ်ခတ်နိုင်ရေးကို အရှိန်တိုး ဖော်ဆောင်နေလျက် ရှိနေသည်။

ယခုနှစ်အတွင်း ပြံုယမ်း၏ အမေရိကန်အပေါ် ခြိ်မ်းခြောက်မှုများသည် တိုး၍ ကျယ်ပြန့်လာပြီး နျူကလီးယား စမ်းသပ်မှု နှစ်ကြိမ်နှင့် ဒုံးကျည်ပစ်လွှတ်မှု ၂၄ ကြိမ် ပြုလုပ်ခဲ့သော ၂၀၁၆ ခုနှစ်ကထက် ပိုလွန်နေသည်။

ထပ်လောင်းပြီး မြောက်ကိုရီးယား၏ လုပ်ဆောင်ချက်တိုင်းအတွက် တုံ့ပြန်မည် ပြောဆိုထားသော ထရမ့်အား တန်ပြန်ကာ အမေရိကန်ကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ထားကာ အမေရိကန်၏ ကျူးကျော်မှု အရိပ်အယောင်များက မြောက်ကိုရီးယားအရေး ဖြေရှင်းရန် ပိုမိုခက်ခဲစေသည်ဟုလည်း ပြောဆိုတုံ့ပြန်ထားသည်။

ဒေါ်နယ်ထရမ့်၏ အွန်လိုင်းနှင့် မြေပြင်ကပါ ပြောဆိုမှုများသည် ဆယ်စုနှစ် ခြောက်ခုအတွင်း ဒေသတွင်း အဆိုးဆုံး စစ်ရေးအရှိန်မြင့်မှုကို ဖြစ်ပွားစေကာ မြောက်ကိုရီးယားဖက်က ပဲ့ထိန်းဒုံး ပစ်လွှတ်မှုများက အခြေအနေကို တင်းမာသထက် တင်းမာနေစေသည်။

ကိုရီးယားကျွန်းဆွယ်တွင် ယခုနှစ်အတွင်း လေယာဉ်တင်သင်္ဘောများ၊ နျူကလီးယားရေငုပ်သင်္ဘောများ၊ တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များ ဖြန့်ထားမှုနှုန်းထားသည် ၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲပြီးစ အတင်းမာဆုံးကာလနောက်ပိုင်း မမြင်ဖူးသော တပ်ဖြန့်ချထားမှု နှုန်းထားဖြစ်သည်။

မြောက်ကိုရီးယားက အမှန်တကယ် နျူကလီးယားလက်နက်နိုင်ငံ ဖြစ်နေမဖြစ်နေမှာ ဝါရှင်တန်အတွက် ခေါင်းခဲစရာ ဖြစ်နေပြီး အကျပ်အတည်းပြဿနာ အနာဂတ်၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်နေသည်။

မြောက်ကိုရီးယား၏ အဓိက ကုန်သွယ်နိုင်ငံ တရုတ်က အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လာလိမ့်မည်ဖြစ်ပြီး လက်ရှိတွင် တရုတ်နိုင်ငံမှာ ၎င်း၏ အိမ်နီးချင်း မြောက်ကိုရီးယားနို်င်ငံကို ဇက်ကြိုးသတ်လိုဟန် ပြလာသော်လည်း မည်သည့် ထိထိရောက်ရောက် လုပ်ဆောင်မှုမျိုးတော့ မတွေ့ရသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly