အမ်ဘတ်ပီကို ကျော်ပြီး ပြင်သစ်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ကန်တီရရှိ

အမ်ဘတ်ပီကို ကျော်ပြီး ပြင်သစ်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ကန်တီရရှိ

 

 

ဒီဇင်ဘာ ၂၇၊ ပြင်သစ် ။           ။ ချယ်လ်ဆီးကွင်းလယ်ကစားသမားကန်တီသည် ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီကိုကျော်ဖြတ်ပြီး ၂၀၁၇ ပြင်သစ်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့သည်။

ကန်တီသည် အမ်ဘတ်ပီထက် မဲငါးမဲသာ အသာရပြီး အကောင်းဆုံးဆုကို ရခဲ့ခြင်းဖြစ်သည်။ ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာမှာ ၎င်းတို့နှစ်ဦး၏နောက် တတိယအကောင်းဆုံးကစားသမားအဖြစ်   ရွေးချယ်ခံခဲ့ရသည်။

ကန်တီသည် လက်စတာနှင့်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းသို့ပြောင်းခဲ့ပြီး ယမန်နှစ်က ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် ထပ်မံခြေစွမ်းပြနိုင်ခဲ့သည်။ ထို့ကြောင့် ပရီးမီးယားလိဂ်၏တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သလို အားကစားကလောင်ရှင်များက ပေးအပ်သည့် အကောင်းဆုံးဆုကိုလည်း ရရှိခဲ့သည်။

ချယ်လ်ဆီးအသင်းက ပေးအပ်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ရခဲ့သလို Ballon d’Or ဆုစာရင်းတွင်တော့ အဆင့် ၈ နေရာချိတ်ခဲ့သည်။

ယခုနှစ်တွင် ကန်တီသည် ချယ်လ်ဆီးအတွက် ၁၇ ပွဲပါ၀င်ကစားထားပြီး ၁ ဂိုးသွင်းယူပေးထားသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly