ပခုက္ကူတွင် တစ်ကိုယ်တော်ဆိုင်ကယ်ခိုးယူသူအား ဖမ်းဆီးမိခဲ့ပြီး ၂၂ စီး ခိုးယူခဲ့မှုပေါ်ပေါက်

ပခုက္ကူတွင် တစ်ကိုယ်တော်ဆိုင်ကယ်ခိုးယူသူအား ဖမ်းဆီးမိခဲ့ပြီး ၂၂ စီး ခိုးယူခဲ့မှုပေါ်ပေါက်

 

ပခုက္ကူ၊ ဒီဇင်ဘာ ၂၇ ။               ။ ပခုက္ကူမြို့တွင် ဆိုင်​ကယ်များ တစ်ကိုယ်တော် ခိုးယူသူအား​ ဖော်​ထုတ်​ဖမ်​းဆီးရမိပြီး ယနေ့ လက်ရှိအချိန်အထိ ဆိုင်ကယ် (၂၂)စီး ဖော်ထုတ်နိင်ပြီဖြစ်ကြောင်း ပခုက္ကူမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၅ရက်နေ့ ညနေပိုင်း ၅နာရီအချိန်ခန့် ပခုက္ကူမြို့မရဲစခန်​းမှ နယ်​ထိန်​းတပ်​ဖွဲ့ဝင်​များသည် ပခုက္ကူမြို့၊ အမှတ်​ ၈ ရပ်​ကွက်​၊ မြို့မလမ်​း​ပေါ်တွင်​ လူတစ်​ဦးအား Shanyang 110 အစိမ်​း​ရောင်​ဆိုင်​ကယ်​နှင့်​့ အတူ မသင်္ကာဖွယ်​​တွေ့ရသဖြင်​့ စစ်​​မေးရာ ​ကျော်သူရ၊ အသက် ၂၄နှစ် ကြာပို့ကျေးရွာ ၊ ​တောင်​သာမြို့နယ်​နေသူဖြစ်​​ကြောင်​းသိရပြီး ဆိုင်​ကယ်​ပိုင်​ဆိုင်​​ကြောင်​း အ​ထောက်​အထားတစ်​စုံတရာ ပြသနိုင်​ခြင်​း မရှိသည့် အပြင်​ တစ်​​နေရာရာမှ ခိုးယူလာသည်​ဟု ယူဆရသဖြင်​့ ရဲစခန်​းသို့​ခေါ်ယူကာ စစ်​​ဆေး​ရေးအဖွဲ့များ ဖွဲ့စည်​းကာ အ​သေးစိတ် စစ်​​ဆေးရာ ​ ဆိုင်​ကယ်​များခိုးယူခဲ့​ကြောင်​း စစ်​​ဆေး​ပေါ်​ပေါက်​ခဲ့ကြောင်း သိရသည်။

“ ဒီဇင်ဘာ ၂၅ရက်နေ့က သူ့ကို စစ်ဆေးတော့ ဆိုင်ကယ်မျိုးစုံ အစီး (၂၀) ခိုးယူတာ ပေါ်ပေါက်ခဲ့ပါတယ်၊ ခိုးယူခဲ့တဲ့ ဆိုင်ကယ်တွေ ကျန်ရှိသေးတဲ့အတွက် ဒီနေ့ ဒီဇင်ဘာ ၂၇ရက်နေ့မှာ နောက်ထပ်(၂)စီး သိမ်းဆည်း ရပါတယ်၊နောက်ထပ်  ၁ စီးကျန်သေးတဲ့အတွက် ဆက်လက်သိမ်းဆည်းဖို့ ဆောင်ရွက်နေပါတယ်၊ ပိုင်ရှင်တွေကိုလည်း အကြောင်းကြားထားပါတယ်” ဟု ပခုက္ကူမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲအုပ်သိန်းဌေးက မဇ္ဈိမသို့ ပြောသည်။

ဆိုင်ကယ်များ ခိုးယူသူ ကျော်သူရအား ရဲအုပ်​သိန်​း​ဌေးက တရားလိုပြုလုပ်​ တိုင်​တန်းပြီး ပခုက္ကူမြို့မရဲစခန်​းမှ (ပ)၃၀၆၃/၂၀၁၇၊ ရာဇသတ်​ကြီးပုဒ်​မ ၃၈၀/၅၄ အရအမှု​ရေးဖွင်​့ပြီး ဆက်လက်စစ်ဆေး ဆောင်ရွက်လျှက်ရှိ ကြောင်း သိရသည်။

ဆိုင်​ကယ်​​ပျောက်​ဆုံးမှုရှိပါက ပခုက္ကူမြို့မရဲစခန်​းသို့ မိမိတို့ဆိုင်​ကယ်​အ​ထောက်​အထားများနှင်​့အတူ လာ​ရောက်​စုံစမ်​း​မေးမြန်​းနိုင်​ပါကြောင်း၊အ​သေးစိတ်ထပ်​မံစစ်​​ဆေးလျှက် ​ရှိပြီး သိမ်​းဆည်​းရန်​ ရှိ​သေးသဖြင်​့ ထပ်​မံသိမ်​းဆည်​းပြီးပါက ဆက်​လက်​​ဖော်​ပြမည်ဖြစ်ကြောင်း ပခုက္ကူမြို့မရဲစခန်းမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly