မန်စီးတီးကို ယှဉ်ပြိုင်ရန် ယခုထက်ငွေပိုသုံးဖို့လိုကြောင်း မန်ယူအသင်းကို မော်ရင်ဟိုပြော

မန်စီးတီးကို ယှဉ်ပြိုင်ရန် ယခုထက်ငွေပိုသုံးဖို့လိုကြောင်း မန်ယူအသင်းကို မော်ရင်ဟိုပြော

 

ဒီဇင်ဘာ ၂၇၊ အင်္ဂလန် ။                    ။ အိုးထရက်ဖို့ဒ်ကွင်း၌ ဘန်လေအသင်းနှင့် ၂ ဂိုးစီသရေကျခဲ့ပြီးနောက်တွင် မန်ယူနည်းပြမော်ရင်ဟိုက မန်စီးတီးအား ယှဉ်ပြိုင်လိုပါက ယခုထက်ငွေပိုသုံးဖို့လိုကြောင်း ပြောဆိုလိုက်သည်။

မန်ယူအသင်းသည် ဒီဇင်ဘာလတွင်ကစားခဲ့သည့် ပရီးမီးယားလိဂ် ၅ ပွဲ၌ ရမှတ် ရ မှတ် ဆုံးရှုံးခဲ့ရပြီး ချန်ပီယံဆုကို စိန်ခေါ်ရန် အလွန်ခက်ခဲသွားပြီ ဖြစ်သည်။

သတင်းစာရှင်းလင်းပွဲတွင် မော်ရင်ဟိုက “ငွေကြေးသုံးစွဲမှုက လုံလောက်မှုမရှိသေးပါဘူး။ မန်စီးတီးက နောက်ခံအစွန်လူတွေကို တိုက်စစ်မှူးတွေရဲ့စျေးပေးပြီး ၀ယ်ယူနေပါတယ်။

အသင်းကြီးတွေအတွက် ကစားသမားစျေးနှုန်းဆိုတာက အခြားအသင်းတွေနဲ့ ကွာပြားခြားနားမှု ရှိပါတယ်။ ခင်ဗျားအနေနဲ့ အသင်းကြီးတစ်သင်းအကြောင်းပြောတော့မယ်ဆိုရင် သူတို့ရဲ့ သမိုင်းကြောင်းကိုလည်း ပြောရပါလိမ့်မယ်။ အသင်းကြီးတွေ ငွေကြေးသုံးစွဲတယ်ဆိုတာ သူတို့ရဲ့သမိုင်းမှာ ပုံမှန်အခြေအနေပါပဲ။

ကျွန်တော်တို့အသင်းက ပြန်လည်တည်ဆောက်တာအခုမှ ၂ နှစ်ပဲ ရှိပါသေးတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းက မန်ယူအသင်းတစ်သင်းတည်းရှိတာမဟုတ်ပါဘူး။ ပရီးမီးယားလိဂ်ဖလားကိုရယူဖို့ တာဝန်ယူမှုအပိုင်းကိုပြောရင်တော့ စပါးအသင်းလည်းတာဝန်ယူမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့အသင်းရဲ့ သမိုင်းက ကျွန်တော်တို့နဲ့မတူလို့ပါ။ အဲ့ဒီလိုပဲ အာဆင်နယ်၊ ချယ်လ်ဆီးတို့ကို ပြောရင်လည်း သူတို့အနေနဲ့ တာဝန်ယူနိုင်မှာ မဟုတ်ပါဘူး” ဟု မော်ရင်ဟိုက ပြောဆိုခဲ့သည်။

မန်ယူအသင်းကို မော်ရင်ဟို စတင်ကိုင်တွယ်သည့်အချိန်ကစပြီး အပြောင်းအရွှေ့အသုံးစရိတ် ပေါင် ၂၈၆ သန်း အသုံးပြုထားသည်။ မန်စီးတီးအသင်းမှာမူ ဂွါဒီယိုလာလက်ထက်တွင် ပေါင် ၄၀၃ သန်း အသုံးပြုထားသည်။

ဘန်လေနှင့်ပွဲမှ ရလဒ်ကို မကျေနပ်သော်လည်း ကစားသမားများ၏ကြိုးစားအားထုတ်မှုကို ကျေနပ်ကြောင်း မော်ရင်ဟိုက ဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly