ပုသိမ်မြို့နယ်တွင် ဂျပန်ချေးငွေဖြင့် ရေပေးဝေရေး လုပ်ဆောင်မည်

ပုသိမ်မြို့နယ်တွင် ဂျပန်ချေးငွေဖြင့် ရေပေးဝေရေး လုပ်ဆောင်မည်

ပုသိမ်မြို့ ၊ ဒီဇင်ဘာလ၂၇ ။           ။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို ့နယ်တွင် ရေပေးဝေရေးစီမံကိန်းကို ခန့်မှန်းကုန်ကျငွေ ၁၂ ဘီလီယံ အကုန်ကျခံပြီး ၂ နှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်းကို ပုသိမ်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ ့ဥက္ကဋ္ဌ ဦးဇော်ထွန်းခိုင်က ပြောသည်။

“ကျွန်တော်တို ့ရေပေးဝေရေးစီမံကိန်းပြီးသွားရင် ပုသိမ်မြို့နယ်ရှိ အိမ်ထောင်စုရယ် ၈၀ရာနှုန်းကို လွှမ်းခြံု ပေးဝေသွားနိုင်မှာ၊ပုသိမ်မြို့လက်ရှိ ရေရရှိမှုက မြေအောက်ရေ အဝီစီတွင်းတွေက ထုတ်ယူ သုံးစွဲနေရတယ်၊ မိုးရေကို လှောင်ပြီး သုံးစွဲနေရတယ်၊ ပုသိမ်မြို့နယ် စည်ပင်သာယာရေးကော်မတီက ဖြန် ့ဝေပေးနိုင်တဲ့ စနစ် ကျွန်တော်တို့မှာ မရှိသေးပါဘူး ၊အဲဒီအတွက်ကို ကျွန်တော်တို ့ဆောင်ရွက်ရခြင်းဖြစ်ပါတယ်”ဟု ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ ့ဥက္ကဋ္ဌ ဦးဇော်ထွန်းခိုင်က ပြောသည်။

 

ပုသိမ်မြို့၊ ငဝန်မြစ်နောက်ဘက်ခြမ်းမှာရှိတဲ့ အမှတ်၉ နှင့် အမှတ် ၁၀ ရပ်ကွက်မှ လွဲပြီး တခြားရပ်ကွက်များကို ရေပေးနိုင်မည် ဖြစ်ပြီး၊ ငဝန်မြစ်ရေကို သန့်စင်ပြီး ပုသိမ်မြို့ပေါ် ၁၃ ရပ်ကွက်ကို ဖြန် ့ဝေသွားမည် ဖြစ်သည်။

 

ယင်း စီမံကိန်းအား ဂျပန်နိုင်ငံ ချေးငွေဖြင့်ဆောင်ရွက်သွားမှာဖြစ်ပြီး၊ခန် ့မှန်းကုန်ကျငွေ ၁၂ ဘီလီယံရှိပြီး၊ ချေးငွေအတိုးနှုန်းမှာ ၀.၀၁ နှုန်းဖြစ်၍ တစ်ရာမှာ တစ်ပြားနှုန်းနှင့် ချေးငွေအား နှစ် ၄၀ ချေးငွေဖြစ်ကာ၊ ပထမ ၁၀ နှစ်တွင် အတိုးသာ ပေးဆပ်ရပြီး၊ကျန် အနှစ် ၃၀ တွင် အရင်းနှင့်အတိုးကို ပြန်ဆပ်ရမည် ဖြစ်ကြောင်းကို ၄င်းက ဆက်လက်ပြောသည်။

 

၂၀၁၄ သန်းခေါင်စာရင်းအရ ပုသိမ်မြို့နယ်တွင် သောက်သုံးရေအား ရေပိုက်လိုင်း ရ၈၃၊ အဝီစိတွင်း ၁၆၉၅၂၊ ရေတွင်း(အုပ်စီ) ၂၁၂၂၇ရေတွင်း (အကာရံမဲ့) ၈၆၀၈၊ ရေကန် ၆၉၀၄ ၊မြစ်၊ချောင်း၊ တူးမြောင်း ၃၉၅၊ မိုးရေ ၃၇၃၊ ရေသန့်စက်၊ ရေသန့်ဘူး ရ၄၀၄၊ ရေစည်လှည်း ရေကား ၂၇၆၃၊အခြား ၆၂၇ တို့မှှ သုံးစွဲနေရသည်။

 

“စီမံကိန်းက ကာလက ငါးနှစ်ပါ၊ပုသိမ်မြို့က ရှေ့ပြေးစီမံကိန်းဖြစ်လို့ ၂ နှစ်အတွင်းမှာပဲ ဆောင်ရွက်ပြီးစီးသွား မယ်လိုမျှော်မှန်းပါတယ်၊ ပုသိမ်မြို့သူမြို့သားတွေ သန့်ရှင်းတဲ့သောက်သုံးရေ ရရှိပြီး လူနေမှု အဆင့်မြှင့်တင် ပေးချင်တဲ့ ဆန္ဒလည်းရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ  စီမံကိန်းဖြစ်အောင် ဖော်ဆောင်သွားနိုင်မယ်”ဟု ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ ့ဥက္ကဋ္ဌ ဦးဇော်ထွန်းခိုင်က ပြောသည်။

 

ပုသိမ်ရေပေးဝေရေး စီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ကာ  

စီမံကိန်းအရ တစ်နေ ့လျှင် ရေပမာဏက ၃၈သိန်း ဖြန့်ဝေနိုင်မည် ဖြစ်သည်။ ရေသန် ့စက်ရုံအတွက် မြေလိုအပ်ချက်အတွက် ၊မြန်မာသစ်လုပ်ငန်း မြေနေရာကိုရွေးထားကာ မြေနေရာရရှိရေးကို တိုင်းဒေသကြီး အစိုးရသို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

 

၂၀၁၇ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၌  ဂျပန်နိုင်ငံနှစ်ရှည်ချေးငွေဖြင့် ဖျာပုံမြို့နယ်ရေပေးဝေရေးစီမံကိန်းကို အကောင်အထည်ဖော်ကာ ဖျာပုံမြို့ပေါ်ရပ်ကွက်များသို ့ရေပေးဝေနေပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်မြို့နယ်၊ ရေပေးဝေစီမံကိန်းသည် ဒုတိယမြောက်မြို့နယ်အဖြစ် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly