လွတ်ငြိမ်းချမ်းသာခွင့်အတွက် ဖူဂျီမိုရီကကျေးဇူးတင်နေပြီး ပီရူးနိုင်ငံသားများကို တောင်းပန်စကားဆို

လွတ်ငြိမ်းချမ်းသာခွင့်အတွက် ဖူဂျီမိုရီကကျေးဇူးတင်နေပြီး ပီရူးနိုင်ငံသားများကို တောင်းပန်စကားဆို

 

လီမာ၊ ဒီဇင်ဘာ ၂၇ ။             ။ အကျင့်ပျက်ခြစားမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုတို့ကြောင့် လွန်ခဲ့သော ၂၀၀၅ ခုနှစ်ကတည်းက ထောင်ဒဏ် ၂၅ နှစ ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် ပီရူးသမ္မတဟောင်း အယ်လ်ဘာတိုဖူဂျီမိုရီက သူ့ကိုလွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့သော လက်ရှိသမ္မတပီဒရိုပတ်ဘလိုအား ကျေးဇူးတင်နေပြီး ပီရူးနိုင်ငံသားများအား စိတ်ပျက် စေမိခဲ့သည့်အတွက် သူတို့အား တောင်းပန်စကားဆိုခဲ့သည်။

“ကျနော့်အစိုးရအဖွဲ့ရဲ့ လုပ်ရပ်တွေဟာ အချို့တွေအတွက် ကောင်းမွန်တဲ့ရလာဒ်တွေ ဖော်ဆောင်ပေးနိုင်ခဲ့ပေ မယ့် အချို့တွေအတွက်တော့ စိတ်ပျက်စရာလုပ်ရပ်တွေ ဖြစ်ခဲ့မယ်ဆိုတာကို ကျနော်သတိပြုမိပါတယ်” ဟု နှလုံးခုန်မူမမှန်သောဝေဒနာကြောင့် ဆေးရုံတက်၍ကုသမှုခံယူနေရသော အသက် ရ၉ နှစ်အရွယ်ရှိ ဖူဂျီမိုရီက ဗီဒီယိုသတင်းစကားတစ်ခု၌ ပြောဆိုခဲ့သည်။

“ကျနော့်ကိုခွင့်လွှတ်ပေးကြပါလို့ သူတို့ကိုကျနော် လေးလေးနက်နက်တောင်းဆိုပါတယ်”ဟု သူကပြောခဲ့သည်။

ပီရူးနိုင်ငံအား ၁၉၉၀ မှ ၂၀၀၀ ပြည့်နှစ်အထိ အုပ်ချုပ်ခဲ့သော ဖူဂျီမိုရီက သူ့ကိုလွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် အတွက် အလွန်ကိုအံ့သြသင့်သွားခဲ့ရကြောင်း သူ၏ဖေ့စ်ဘုတ်စာမျက်နှာ၌ တင်ခဲ့သော အဆိုပါဗီဒီယိုသတင်း စကားထဲ၌ ထည့်သွင်းပြောကြားခဲ့သည်။

“ဒီသတင်းဟာ ကျနော့်ကိုတုန်လှုပ်သွားစေခဲ့ပါတယ်။ ကျနော်အလွန်ကို ပျော်ရွှင်ဝမ်းမြောက်နေပေမယ့် တစ်ချိန်တည်းမှာပဲ ကျနော့်ရဲ့လုပ်ရပ်တွေအတွက် နောင်တရမိပါတယ်” ဟု ဖူဂျီမိုရီက ဆိုခဲ့သည်။

လက်ရှိသမ္မတပီဒရိုပတ်ဘလိုသည် ဖူဂျီမိုရီအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သလို ဆိုင်းငံ့ပြစ်ဒဏ်များနှင့် တရားစွဲဆိုချက်များအားလုံးကိုလည်း ပယ်ဖျက်ပေးခဲ့သည်။

ဖူဂျီမိုရီသည် လွန်ခဲ့သော ၁၉၉၁ခုနှစ်က ဘာရီရော့စ်အယ်တို့စ်ခရိုင်အတွင်း၌ လူပေါင်း ၂၅ ဦးကိုသတ်ဖြတ်ခဲ့မှု နှင့် ၁၉၉၂ ခုနှစ်က ကိုလိုင်နာပြည်သူ့စစ်တပ်ဖွဲ့၏ လာကန်တူတာ အစုလိုက်အပြံုလိုက်သတ်ဖြတ်မှုအတွက် အဓိကတာဝန်ရှိခဲ့သူတစ်ဦးဖြစ်သည်။

ဒါ့အပြင် ဖူဂျီမိုရီသည် ၁၉၉၂ ခုနှစ်က သတင်းသမားများနှင့် စီးပွားရေးသမားများကို ပြန်ပေးဆွဲခဲ့မှုအတွက် လည်း အပြစ်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly