ယီမင်ရှိစျေးတစ်ခုကို အာရပ်ညွန့်ပေါင်းအဖွဲ့၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ဦးထက်မနည်းသေဆုံး

ယီမင်ရှိစျေးတစ်ခုကို အာရပ်ညွန့်ပေါင်းအဖွဲ့၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ဦးထက်မနည်းသေဆုံး

ဆာနား၊ ဒီဇင်ဘာ ၂၇ ။                ။ ဆော်ဒီအာရေဗျဦးဆောင်သည့် အာရပ်ညွန့်ပေါင်းအဖွဲ့သည် ယီမင်နိုင်ငံအနောက်တောင်ပိုင်းရှိ တိုင်ယက်ဇ် ခရိုင်မှ လူစည်ကားသောစျေးတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လူ ၁၀ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက အင်္ဂါနေ့၌ ပြောကြားခဲ့သည်။

တိုင်ယက်ဇ်ခရီုင်အရှေ့ပိုင်းမှ အယ်လ်တာဇီယာမြို့နယ်၌ရှိသော လူစည်ကားသောစျေးတစ်ခု၌ ယခုလိုဗုံးကြဲ တိုက်ခိုက်ခံရသောကြောင့် အပိုင်းပိုင်းဖြစ်နေသည့်အလောင်းများ များပြားလျက်ရှိပြီး သေဆုံးသူဦးရေ ဆက်လက်မြင့်တက်လာနိုင်ကြောင်း တာဝန်ရှိသူများက ဆိုခဲ့သည်။

တိုင်ယက်ဇ်ခရိုင်သည် ယီမင်နိုင်ငံ၏မြို့တော် ဆာနားမြို့အနောက်တောင်ပိုင်းမှ ၁၅၆ မိုင်ခန့်ကွာဝေးသော အရပ်၌တည်ရှိသည်။

ပြီးခဲ့သောတနင်္လာနေ့ကလည်း အာရပ်ညွန့်ပေါင်းအဖွဲ့က ဆာနားမြို့နှင့် ဟိုဒီဒါ၊ ဒါမာ ခရိုင်တို့ကို လေကြောင်း ထိုးစစ်များဆင်နွှဲခဲ့သောကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၃၂ဦးထက်မနည်း သေဆုံးခဲ့ရသည်။

ယီမင်နိုင်ငံတွင် လွန်ခဲ့သော ၂၀၁၅ ခုနှစ်ကတည်းက ပြည်တွင်းစစ်ဖြစ်ပွားနေခဲ့ခြင်းဖြစ်ပြီး အာရပ်ညွန့်ပေါင်းအဖွဲ့ က ထောက်ပံ့ပေးထားသော သမ္မတအက်ဘ်ရက်ဘူမန်ဆော်ဟာဒီကို သစ္စာခံသည့်တပ်ဖွဲ့များနှင့် မြို့တော် ဆာနားမြို့ကို ထိန်းချုပ်ထားသော ဟွတ်သီသူပုန်များကြား ပြင်းထန်သောတိုက်ပွဲများဖြစ်ပွားနေခဲ့ပြီး နိုင်ငံမှာ လည်း အစိတ်စိတ်အမွှာမွှာကွဲလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly