အယ်လ်ကလက်စီကိုဒါဘီတွင် ၈၃.၁ ရာခိုင်နှုန်း မက်ဆီလမ်းလျှောက်ခံ

အယ်လ်ကလက်စီကိုဒါဘီတွင် ၈၃.၁ ရာခိုင်နှုန်း မက်ဆီလမ်းလျှောက်ခံ

 

ဒီဇင်ဘာ ၂၆၊ စပိန် ။                ။ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီသည် အယ်လ်ကလက်စီကိုဒါဘီတွင် ခြေစွမ်းပြကစားခဲ့ပြီး အနိုင်ဂိုးတစ်ဂိုးသွင်းယူခဲ့သော်လည်း ပွဲတစ်ပွဲလုံးတွင် ၈၃.၁ ရာခိုင်နှုန်း လမ်းလျှောက်ခဲ့သည်ဟု အချက်အလက်များက ဖော်ပြလျက်ရှိသည်။

မက်ဆီသည် ၁၀.၈ ရာခိုင်နှုန်း (jogging)ဖြေးဖြေးပြေးခဲ့ပြီး ၄.၉၅ ရာခိုင်နှုန်းပုံမှန်ပြေးလွှားခဲ့ကာ ၁.၁၅ ရာခိုင်နှုန်းသာ အားစိုက်ပြီး အမြန်ပြေးခဲ့သည်။

အယ်လ်ကလက်စီကိုဒါဘီပွဲတစ်ပွဲလုံးတွင် ကစားသမားများ၏ စွမ်းဆောင်ရည်ကို မှတ်တမ်းပြုစုခဲ့သည့် El Periodico က ယခုအချက်အလက်ကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

မက်ဆီသည် ယခုနှစ်ရာသီတွင် ဘာစီလိုနာအသင်းအတွက် လာလီဂါပွဲစဉ်တိုင်းကို ပါ၀င်ကစားထားပြီး ၎င်း၏ခွန်အားကို ချွေတာထိန်းသိမ်းသည့်အနေဖြင့် ယခုကဲ့သို့ ကစားခဲ့ခြင်းဖြစ်နိုင်ကြောင်း သတင်းများက သုံးသပ်ထားသည်။

ရည်ညွှန်း မာကာ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly