ရတနာပုံအသင်း၏ တတိယမြောက် မြန်မာလူမျိုးနည်းပြဖြစ်လာသည့် ဦးအောင်ကျော်မိုး

ရတနာပုံအသင်း၏ တတိယမြောက် မြန်မာလူမျိုးနည်းပြဖြစ်လာသည့် ဦးအောင်ကျော်မိုး

 

ဒီဇင်ဘာ ၂၆ ။              ။ လာမည့်ရာသီသစ်တွင် ပြည်တွင်းကစားသမားဖြင့်သာပြိုင်ပွဲဝင်ရန် စီစဉ်ထားသည့် ရတနာပုံအသင်းသည် လက်ထောက်နည်းပြ ဦးအောင်ကျော်မိုးအား နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။

ရတနာပုံအသင်းကို ၂၀၁၅ ခုနှစ်ကတည်းက ကိုင်တွယ်ခဲ့သည့် ဘယ်လ်ဂျီယံလူမျိုးနည်းပြ ရီနီဒီဆေရီမှာ ပြီးခဲ့သည့်ရာသီက အသင်းကို အောင်မြင်မှုရအောင် စွမ်းဆောင်မပေးနိုင်သောကြောင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

ဦးအောင်ကျော်မိုးသည် ဦးဇော်လေးအောင်(၂၀၁၃)နှင့်ဦးခင်မောင်တင့်(၂၀၁၄)တို့ပြီးနောက် ရတနာပုံအသင်းကို ကိုင်တွယ်မည့် တတိယမြောက် မြန်မာလူမျိုးနည်းပြဖြစ်သည်။

ဦးအောင်ကျော်မိုးသည် မြန်မာ့လက်ရွေးစင်အသင်းအတွက် အားထားရသည့် တောင်ပံကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှ စတင်ကာ ရတနာပုံအသင်းတွင် ပါ၀င်ကစားခဲ့သူ ဖြစ်သည်။ အသင်းနှင့်အောင်မြင်မှုများရယူနိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ်က အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည်။

ထို့နောက်  ၂၀၁၃ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့ပြီး ရတနာပုံအသင်း၌ပင် လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခု ၂၀၁၈ တွင် နည်းပြချုပ်ဖြစ်လာခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly