အစာရေစာလိုအပ်နေသူတွေအတွက် ပရဟိတရန်ပုံငွေပွဲ ကစားခဲ့တဲ့ နေမာ

အစာရေစာလိုအပ်နေသူတွေအတွက် ပရဟိတရန်ပုံငွေပွဲ ကစားခဲ့တဲ့ နေမာ

 

 

နှစ်သစ်ကူးနားရက် ရထားလို့ ဘရာဇီးကို ပြန်ရောက်နေတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာဟာ ပရဟိတရန်ပုံငွေဘောလုံးပွဲစဉ်မှာ ပါ၀င်ကစားခဲ့ပါတယ်။

ဒီဘောလုံးပွဲစဉ်ကို ဘရာဇီးနဲ့ပီအက်စ်ဂျီကစားသမားဟောင်း နီနီက ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပြီး အစာရေစာလိုအပ်နေသူတွေကို ကူညီဖို့ ရန်ပုံငွေရှာဖွေတဲ့ ဘောလုံးပွဲဖြစ်ပါတယ်။

နေမာအပြင် ဘရာဇီးနိုင်ငံရဲ့ နာမည်ကျော်ကြားသူတွေလည်း ပါ၀င်ကစားခဲ့တာကြောင့် လာရောက်အားပေးတဲ့ ပရိသတ်တွေ များပြားခဲ့ပါတယ်။

နေမာဟာ ပွဲစီစဉ်သူ နီနီရဲ့အသင်းဘက်ကနေ ပါ၀င်ကစားခဲ့သလို တစ်ဖက်အသင်းကနေလည်း ကစားခဲ့ပါတယ်။ အပြန်အလှန်ဂိုးတွေသွင်းခဲ့ကြပြီး နီနီရဲ့အသင်းက ၁၁ ဂိုး ရ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

“ကျွန်တော်က နေမာကိုကြည့်ဖို့လာတာပါ။ ဘရာဇီးအသင်းမှာတော့ နေမာက အကောင်းဆုံးကစားသမားလို့ ကျွန်တော်ထင်တယ်။ သူက ကမ္ဘာ့ဖလားမှာ ကျွန်တော်တို့ကို   အောင်မြင်မှုပြန်လည်ရယူပေးမယ့်သူပါ။” လို့ ဘာရီတိုဆွာရက်ဇ်လို့ ခေါ်တဲ့ အသက် ၅၆ နှစ်အရွယ်ရှိ  ပရိသတ်တစ်ဦးက ဆိုပါတယ်။

ပွဲစီစဉ်သူနီနီကလည်း အောင်မြင်စွာနဲ့ပွဲပြီးဆုံးခဲ့ပြီး ရန်ပုံငွေတွေအများအပြားရခဲ့လို့ ၀မ်းမြောက်ကြောင်းဆိုပါတယ်။ “‘Hunger only for football’ အစီအစဉ်ကို နောက်တစ်နှစ်အောင်မြင်အောင် ထပ်လုပ်နိုင်ခဲ့လို့ အရမ်းဝမ်းသာပါတယ်။ လူတွေအများကြီးကို ကျွန်တော်တို့ ကူညီနိုင်တော့မှာပါ။ အစားအသောက် တန် ၂၀ လောက် လှူဒါန်းနိုင်တော့မှာပါ” လို့ နီနီက ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly