လီဗာပူးလ်နှင့် ဆုဖလားများ ရယူနိုင်မည်ဟု ဆာလက် ယုံကြည်

လီဗာပူးလ်နှင့် ဆုဖလားများ ရယူနိုင်မည်ဟု ဆာလက် ယုံကြည်

ဒီဇင်ဘာ ၂၆၊ အင်္ဂလန် ။          ။ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလက်က လီဗာပူးလ်နှင့်ပထမဆုံးရာသီတွင် ဆုဖလားရယူနိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုလိုက်သည်။

အသက် ၂၅ နှစ်အရွယ်ရှိဆာလက်သည် ယခုနှစ်တွင် လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲပေါင်းစုံသွင်းဂိုး ၂၁ ဂိုးသွင်းယူပေးထားသည်။ ပရီးမီးယားလိဂ်ရာသီဝက်ပြီးချိန်တွင် ၁၅ ဂိုးသွင်းယူနိုင်ခဲ့ပြီး စပါးတိုက်စစ်မှူးဟယ်ရီကိန်းနှင့်အတူ ဂိုးသွင်းအများဆုံးကစားသမားနေရာ၌ ရပ်တည်နေသည်။

လီဗာပူးလ်အသင်းမှာ ပရီးမီးယားလိဂ်တွင် ထိပ်ဆုံးမှမန်စီးတီးနှင့် အမှတ် ၂၀ ကွာဟနေပြီ ဖြစ်သော်လည်း အက်ဖ်အေဖလားနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲများတွင် ဆက်လက်ယှဉ်ပြိုင်နေရဆဲဖြစ်သည်။

“လီဗာပူးလ်အသင်းနဲ့အတူ ဆုဖလားတွေ ရရှိချင်တယ်လို့ ကျွန်တော် အမြဲပြောခဲ့ပါတယ်။ လီဗာပူးလ်အသင်းအတွက် ပြီးတော့ ပရိသတ်တွေအတွက် နောက်တော့ကျွန်တော်တို့အတွက် ဆုဖလားတွေ ရယူဖို့ ကျွန်တော်ဒီကိုလာတာပါ။ ဆုဖလားတစ်ခုခုရဖို့ ကျွန်တော်တို့နေ့တိုင်း ပြင်းပြင်းထန်ထန်ကြိုးပမ်းနေပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ အောင်မြင်မှုတစ်ခုခုရမယ်လို့ ပြောရဲပါတယ်” ဟု ဆာလက်က ဆိုသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags