ကျောင်းပြီးရင် အလုပ်ဝင်ဖို့ အဆင်သင့်ဖြစ်ပြီလား

.

ကဲ စာမေးပွဲတွေလည်း ပြီးကုန်ပြီဆိုတော့ ခေါင်းတွေလည်း ပေါ့သွားပြီ ဟုတ် အောင်မြင်မှုကို လိုလားသူတိုင်းက ရှေ့ကို လှမ်းမျှော်ကြည့်တတ်ကြတယ်ဆိုတာ အားလုံးပဲသိမှာပါ။ ဆိုတော့ NEXT STEP ကို ကြိုတွေး ကြည့်ရအောင်။

အလုပ်တစ်ခုလုပ်တိုင်း စာတွေ့လက်တွေ့ဆိုတာက ဒွန်တွဲနေတာပဲလေ စာတွေ့မှာ အဆင်ချောနေတာတွေက လက်တွေ့မှာ ကြမ်းတမ်းနေတာမျိုး စာမျက်နှာပေါင်း မြောက်မြားစွာ ကျက်ပြီး မမှတ်မိခဲ့တာတွေက လက်တွေ့မှာ ခဏနဲ့တတ်သွားတာမျိုး။ မယုံဘူးလား လုပ်ငန်းခွင်ထဲဝင်ကြည့် ကျောင်းမှာ သင်တဲ့စာတွေက တကယ်တော့ ဒါတွေကို ပြောတာပါလား မှန်လိုက်လေခြင်းလို့ နိမိတ်ကြိုဖတ်ထားသယောင် စာအုပ်တွေက ထင်ဟပ်နေတာလည်း ကြုံဖူးလာလိမ့်မယ်။ စာကျက်တုန်းက ကြက်တူရွေးနှုတ်တိုက် ကျက်ဖြေပြီး အဆင်ချောခဲ့တဲ့ THEORY တွေက လက်တွေ့နဲ့ ယှဉ်လာတော့ ဘယ် STRATEGY နဲ့သွားလို့သွားရမှန်းမသိ ဝေခွဲမရတာတွေလည်း ကြုံဖူးလာလိမ့်မယ်။

ကျောင်းတုန်းက အသုံးမဝင်ဘူးလို့ထင်ခဲ့တဲ့ စာတွေကလည်း အသုံးဝင်လာလိမ့်မယ်။ ဥပမာ PSYCHO လိုဘာသာမျိုးကို စာရေးသူတို့ ကျောင်းတုန်းက ကျောင်းသားအတော်များများ ဘယ်လိုစိတ်ကူးနဲ့များ ရွေးခဲ့ပါလိမ့်ဆိုပြီး လှောင်ခဲ့ဖူးတယ်။ တကယ်တမ်းလက်တွေ့ PROFESSIONAL CAREER ထဲကို ဝင်လာတဲ့အခါ TEACHING ပိုင်း HR ပိုင်းလို လူတွေနဲ့ deal လုပ်နေသရွှေ့ ဒီဘာသာဟာ အတော် တန်ဖိုးကြီးမားတာကို မြင်တွေ့လာရတယ်။ ဝင်ငွေလည်း အတော်လေးကောင်းကြပါတယ်။ UFL English ကို Master နဲ့ ကျောင်းပြီးထားတဲ့သူမျိုးတောင် career နဲ့ သက်ဆိုင်လာရင် applied psycho ကိုတောင် ပြန်သင်ယူရတာမျိုးလည်း တွေ့လာရတယ်။

ဆိုလိုချင်တာက ကျောင်းပြီးတာနဲ့ ဒီဘာသာရပ်တစ်ခုကို တတ်မြောက်တာနဲ့ အလုပ်တန်းရမယ်ဆိုတာ မကျိန်းသေပါဘူး။ ကျောင်းကောင်းကောင်းတက်ထားလို့လည်း လစာကောင်းကောင်းရမယ်ဆိုတာ လက်တွေ့မှာတော့ တိုက်ရိုက်အချိုးမကျပါဘူး။ သို့သော် ကျောင်းက သင်ပေးလိုက်တဲ့ဘာသာရပ်ကို ပစ်ပယ်ရမယ်လို့ဆိုလိုတာမျိုးလည်း မဟုတ်ဘူးနော်။ ဒါဆိုဘာဆက်လုပ်ရမလဲ။

၁- အချက် ကိုယ်ရွေးချယ်လိုက်တဲ့ ဘာသာရပ်နဲ့ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း ဆက်စပ်မှု၇ှိတဲ့ career ကို အရင်စဉ်းစားရမယ်။

၂- အချက် ကိုယ်လုပ်မယ့်အလုပ်က ကျောင်းစာအပြင် ဘာတွေထပ်လိုအပ်သေးလဲ ဥပမာ MS office လိုမျိုး Auto CAD, LCCI တို့လိုမျိုး Language လိုမျိုး အစရှိသဖြင့်ပေါ့ ကျောင်းအားရက်မှာ Prepare လုပ်သင့်တယ်

၃- အချက် အလုပ်ခေါ်စာတွေမှာ လစာလည်း ok! Career လည်း ok! အကုန် Perfect! လုပ်သက် ၁နှစ် အနည်းဆုံး what??? ဖြစ်ဖူးတယ် ဟုတ်? ဟုတ်ပြီ ဒါကိုဖြေရှင်းရမယ်

နိုင်ငံတကာကျောင်းတွေမှာ internship တို့ part time job တို့ဆိုတာ ကျောင်းသားတွေနဲ့ မစိမ်းပါဘူး မြန်မာနိုင်ငံမှာ part time job ဆိုတာက အတော်များများ ပေါ်လာပြီ ဖြစ်ပေမယ့် Internship အခွင့်အလမ်းတွေကတော့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ Internship ဆိုတာက Full Time job experience ကို လပိုင်း နှစ်ပိုင်းလောက်လက်တွေ့ run နေတဲ့ process မှာ ကျောင်းသားတွေကို တစ်ထောင့်တစ်နေရာက ပါဝင်လုပ်ကိုင်စေတာပဲ ဖြစ်ပါတယ်။ တစ်ချက်သတိထားရမှာက ကုမ္ပဏီ ကြီးလေလေ အခွင့်အလမ်းများလေလေ ဆိုတာပါ။ ဒီအခွင့်အလမ်းကို SCG မှ မြန်မာနိုင်ငံ အတွက် ကမ်းလှမ်းနေပါပြီ။ SCG လို့ဆိုလိုက်တာနဲ့ ခိုင်မာတဲ့ အဆောက်အအုံ၊ မြင့်မားတဲ့ လူနေမှုဘဝ အတွက် ဖော်ဆောင်ပေးနေတဲ့ ASEAN ရှေ့ပြေး ကုမ္ပဏီကြီး တစ်ခု အဖြစ် အားလုံးသိပြီးသား ဖြစ်မှာပါ။ လူသားတွေရဲ့ ဘဝ မြင့်မားရေးအတွက် အစဉ် ရှေးရှုနေတဲ့ SCG ဟာ ယခု မြန်မာနိုင်ငံမှ လူငယ်တွေ ဘဝတိုးတက်ရေးအတွက်လည်း SCG International Internship program ကို ဖော်ဆောင်နေတာပဲဖြစ်ပါတယ်။

ဒီ အစီအစဉ်မှာ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား နဲ့ ဖိလစ်ပိုင် နိုင်ငံတို့မှ တတိယနှစ်ဘွဲ့ကြို ၊ ပဉ္စမနှစ် ဘွဲ့လွန်( မြန်မာနိုင်ငံတစ်ခုတည်းသာ) တက်ရောက်နေတဲ့ ကျောင်းသားလေးတွေပါဝင်နိုင်ပါတယ်။ အဓိကအားဖြင့်တော့ အင်ဂျင်နီယာ၊ စီးပွားရေး၊ လူမှုသိပ္ပံ နဲ့ ဥပဒေ ဘာသာရပ်တွေကို ဦးစားပေးခေါ်ယူပါတယ်။ အခြားဘာသာရပ်အထူးပြုတွေလည်း ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။ ပါဝင်ခွင့်ရသူတွေအနေနဲ့ ထိုင်းနိုင်ငံမှာ တစ်လပါဝင်ရမှာ ဖြစ်ပါတယ်။ ပါဝင်ခဲ့တဲ့ သူတွေရဲ့ ရင်ဖွင့်သံတွေကလည်း တက်ကြွ ရွှင်လန်းမှု အပြည့်နဲ့ နိုင်ငံတကာကအရွေးချယ်ခံရသူ သူငယ်ချင်း အသစ်တွေလည်းတိုးမှာမို့ ဗဟုသုတလည်းရ အတွေ့အကြုံလည်းရ ပျော်စရာကြီးနော့။ အားလုံးကလည်း လူငယ်တွေပဲလေ။ ဒီ experience ကို ကိုယ်အလုပ်လျှောက်ရင်လည်း confident အပြည့်နဲ့ CV မှာ ပြလို့ရတာပေါ့။ အစီအစဉ် အသေးစိတ်ကိုတော့ www.facebook.com/SCGInternationalCareers မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ခိုင်မာတဲ့ Career တည်ဆောက်ဖို့ အကြံလည်းပေးခဲ့ပြီ။ Experience အခြေခံ အုတ်မြစ်အတွက်လည်း ခိုင်မာတဲ့ SCG International Internship Program  ကလည်း ထောက်ပံ့ပေးနေပြီဆိုတော့ စာမေးပွဲပြီးတဲ့ အရသာကိုခံစားရင်းcareer ရှေ့ရေးလေးအတွက်လည်း အချိန်လေးပေးပြီး ထည့်တွေးကြည့်ရအောင်။

SCG မှ လက်တွဲခေါ်နေတဲ့ ASEAN နိုင်ငံများနည်းတူ မြန်မာလူငယ်များကိုလည်း အမြင်ကျယ် တိုးတက်စေချင်တဲ့စေတနာကောင်းနဲ့ နှစ်စဉ်နှစ်တိုင်း ကျင်းပနေတာဖြစ်လို့ ဒီအစီအစဉ်ကိုလေ့လာရင်း နောင်နှစ်များမှာလည်း ပါဝင်ပူးပေါင်းဖို့  အကြံပြုရင်း မျိုးဆက်သစ်ညီ၊ညီမလေးတွေကိုလည်းလက်တို့လိုက်ပါလို့ ဖိတ်ခေါ်ချင်ပါတယ်။

Tags: