အမျိုးသမီးလိဂ်ပြိုင်ပွဲ ရာသီဖွင့်ပွဲ အခမ်းအနား ပြုလုပ်မည်

အမျိုးသမီးလိဂ်ပြိုင်ပွဲ ရာသီဖွင့်ပွဲ အခမ်းအနား ပြုလုပ်မည်
(ဓာတ်ပုံ - MWL)

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဟာ ၂၀၁၇-၂၀၁၈ KBZ Bank အမျိုးသမီးလိဂ်ပြိုင်ပွဲကို ဒီဇင်ဘာ ၂၇ ရက်မှ စတင်ပြီး ကျင်းပပြုလုပ်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ရာသီဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်၊ ညနေ ၃ နာရီမှာ အောင်ဆန်းကွင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဖွင့်ပွဲမစမီ ဖြိုးကြီး၊ အားတီ၊ ဂျင်းနီ၊ ပိုပို၊ ကာကာနှင့် Famous Dancer အဖွဲ့မှ ပရိသတ်များကို ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

KBZ Bank Women League 2017/18 အဖွင့်ပွဲအဖြစ် သစ္စာအားမန်အသင်းနှင့် မြဝတီ အက်ဖ်စီ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ပွဲစဉ်များအားလုံး ဝင်ကြေးအခမဲ့ဖြင့် အောင်ဆန်းကွင်းမှာ လာရောက်အားပေးနိုင်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly