၂၀၁၇ တစ်နှစ်တာ အကောင်းဆုံးသော ဓာတ်ပုံများ (အပိုင်း-၅)

၂၀၁၇ တစ်နှစ်တာ အကောင်းဆုံးသော ဓာတ်ပုံများ (အပိုင်း-၅)
၆၁။ ဒီဓာတ်ပုံကတော့ ၂၀၁၇ ဇူလိုင် ၁၉ ရက်တုန်းက ကယ်လီဖိုးနီးယားပြည်နယ် Mariposa ကောင်တီမှာ လောင်ကျွမ်းခဲ့တဲ့ တောမီးတွေကို လေယာဉ်နဲ့ ငြှိမ်းသတ်နေတဲ့ မြင်ကွင်း ဖြစ်ပါတယ်။ ယင်းတောမီးကိုတော့ မီးသတ်သမားတွေ အသည်းအသန် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပါတယ်။ JOSH EDELSON / AFP

၆၂။ ဒါကတော့ ၂၀၁၇ ဇူလိုင် ၂၀ တုန်းက Silk way 2017  သဲသောင်ခုံ ကားမောင်းပြိုင်ပွဲတစ်ခုမှာ အီတလီ ကားမောင်းသမား Eugenio Amos နဲ့ အကူဒရိုင်ဘာ ပြင်သစ်ကားမောင်းသမား Sebastien Delaunay တို့နဲ့ ပြိုင်ဘက် တရုတ် ကားမောင်းသမား Jiayaguan နဲ့ Alxa Youqi တို့အကြား ယှဉ်ပြိုင်နေတာကို တွေ့ရတာဖြစ်ပါတယ်။ ယင်းပြိုင်ပွဲ အဆင့် ၁၂ မှာတော့ Toyota ရဲ့ ပြင်သစ် ကားမောင်းသမား Christian Lavieille နဲ့ အကူဒရိုင်ဘာ Jean Pierre Garcin တို့ နိုင်သွားပါတယ်။ FRANCK FIFE / AFP

၆၃။ ဒါကတော့ ၂၀၁၇ ဇူလိုင် ၂၂ ရက်တုန်းက ဗင်နီဇွဲလားနိုင်ငံမှာ အဓိကရုဏ်းနှှိမ်နင်းရေး ရဲတပ်ဖွဲ့က အတိုက်အခံ တက်ကြွလှုပ်ရှားသူတစ်ဦးကို ဖမ်းဆီးလာတာဖြစ်ပါတယ်။ ယင်းနိုင်ငံမှာတော့ သမ္မတ မာဒူရိုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေအတွင်း ဆန္ဒပြသမားတွေနဲ့ ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ JUAN BARRETO / AFP

၆၄။ ဒါကတော့ ၂၀၁၇ ဇူလိုင် ၂၃ ရက်က ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ Tour de France စက်ဘီးစီးပြိုင်ပွဲအတွင်း ဂရိတ်ဗြိတိန် စက်ဘီးသမား Christopher Froome © (အဝါရောက်ဝတ်) ကို ပြိုင်ဘက် စက်ဘီးသမားတွေ အတူ အကြိတ်အနယ် ယှဉ်ပြိုင်နေတာကို တွေ့ရစဉ် ဖြစ်ပါတယ်။ Jeff PACHOUD / AFP

၆၅။ ၂၀၁၇ ဇူလိုင် ၂၉ ရက်က ရိုက်ကူးထားတဲ့ ဒီပုံထဲမှာတော့ ပြံုယမ်းတောင်ပိုင်း ဆင်ချွန်းမြို့က ပြတိုက်တစ်ခုမှာ မြောက်ကိုရီးယားစစ်သားတွေကို ပြထားတဲ့ ၀ါဒဖြန့် ပိုစတာတစ်ခုရှေ့ကနေ လျှောက်သွားနေသူတွေကို တွေ့ရတာဖြစ်ပါတယ်။ Ed JONES / AFP

၆၆။ ဒါကတော့ ၂၀၁၇ ဇူလိုင် ၂၅ ရက်က ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း La Croix-Valmer ကျွန်းမှာ တောမီးလောင်ကျွမ်းနေတာကို ကမ်းခြေကနေ ထိုင်ကြည့်နေကြသူတွေကို တွေ့ရတာဖြစ်ပါတယ်။ ယင်းဧရိယာမှာ ပြန့်နှံ့လောင်ကျွမ်းခဲ့တဲ့ တောမီးကိုတော့ မီးသတ်သမားတွေ အသည်းအသန် ငြိှမ်းသတ်ခဲ့ရပါတယ်။ Valery HACHE / AFP

၆၇။ ဒီပုံကတော့ ၂၀၁၇ ဇူလိုင် ၂၇ ရက်က ပြံုယမ်းမြို့မှာ "အောင်ပွဲနေ့" အထိမ်းအမှတ်အဖြစ် ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင်တွေဖြစ်ကြတဲ့ Kim-II-Sung နဲ့ Kim Jong-II တို့ရဲ့ ရုပ်ထုတွေရှေ့မှာ တံမြက်စည်းလှည်းကျင်းနေကြတဲ့ ကျောင်းသူတွေကို တွေ့ရတာဖြစ်ပါတယ်။ မြောက်ကိုရီးယားတို့အနေနဲ့ကတော့ ကိုရီးယားအပစ်ရပ်သဘောတူညီချက် လက်မှတ်ရေးထိုးမှု ၆၄ နှစ်ပြည့်ဖြစ်တဲ့ ဇူလိုင် ၂၇ ရက်မှာတော့ အများပြည်သူ အားလပ်ရက်အဖြစ်သတ်မှတ်ပြီး "အောင်ပွဲနေ့" အဖြစ် ကျင်းပပါတယ်။ Ed JONES / AFP

၆၈။ အမေရိကန် အားကစားသမား Justin Gatlin က ဂျမေကာ အပြေးသမား Usain Bolt ရဲ့ ရှေ့မှာ ဒူးထောက် ဦးညွတ်နေတဲ့ ပုံ ဖြစ်ပါတယ်။ ၂၀၁၇ သြဂုတ်လ ၅ ရက်က လန်ဒန်မှာ ကျင်းပတဲ့ ၂၀၁၇ IAAF ကမ္ဘာ့ချန်ပီယံရှစ်ပွဲ အမျိုးသား မီတာ ၁၀၀ ပြေးပွဲမှာတော့ Gatlin က အနိုင်ရခဲ့ပါတယ်။ ANTONIN THUILLIER / AFP

၆၉။ ဒီပုံကတော့ ၂၀၁၇ သြဂုတ် ၉ ရက်က နိုင်ရိုဘီ မြို့မှာ ကင်ညာရဲက ပစ်သတ်ခဲ့တယ်လို့ သိရတဲ့ အမျိုးသားတစ်ဦးရဲ့ အလောင်းပေါ်ကို မိခင်ဖြစ်သူက ငိုကြွေးရင်း  စောင်တစ်ထည်လွှားပေးနေတာ ဖြစ်ပါတယ်။ ယင်းအချိန်က အထွေထွေရွေးကောက်ပွဲအပြီး နိုင်ငံမှာ မတည်မငြိမ်မှုတွေ ဖြစ်လာခဲ့ပြီး မြို့တော်ရှိ Mathare ရပ်ကွက်မှာ ရဲတွေက အနည်းဆုံး ဆန္ဒပြသမား နှစ်ဦးကို ပစ်သတ်ခဲ့တယ်ို့ သိရပါတယ်။ MARCO LONGARI / AFP

၇၀။ ၂၀၁၇ သြဂုတ် ၉ ရက်က ကင်ညာနိုင်ငံမှာ ရဲတပ်ဖွဲ့က ပစ်သတ်ခံလိုက်ရတဲ့ သားဖြစ်သူကို ဆုံးရှုံးလိုက်ရလို့ ကင်ညာ မိခင်တစ်ဦးကို စိတ်မထိန်းနိုင်ဘဲ ဖြစ်နေမှုကို ၀ိုင်းဝန်း ထိန်းသိမ်းပေးနေစဉ် ဖြစ်ပါတယ်။ ယင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မသမာမှုတွေ ရှိနေတယ်လို့ အတိုက်အခံဘက်က စွပ်စွဲခဲ့ပြီး ဆူပူမှုတွေဖြစ်လာခဲ့ကာ လူသေဆုံးမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ MARCO LONGARI / AFP

၇၁။ ၂၀၁၇ သြဂုတ်လ ၉ ရက်က ရိုက်ထားတဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ ယင်းမှာတော့ ပြံုယမ်းမြို့ Kim II-Sung ရင်ပြင်မှာ အမေရိကန်နဲ့ပတ်သက်လို့ မြောက်ကိုရီးယားတို့ရဲ့ ရပ်တည်ချက်အပေါ် ထောက်ခံ ချီတက်ပွဲ ကျင်းပနေတာဖြစ်ပြီး ၀ါဒဖြန့် ပိုစတာတစ်ခုကိုပါ တွေ့ရမှာ ဖြစ်ပါတယ်။ အမေရိကန်တို့ရဲ့ စစ်လက်နက်အင်အားဟာ ယခင်ကထက် ပိုပြီးစွမ်းရည်ကောင်းလာပြီ ဆိုပြီး မြောက်ကိုရီးယားကို သတိပေးပြောဆိုပြီးနောက် ယခုလို ချီတက်ပွဲတွေ မြောက်ကိုရီးယားမှာ ပြုလုပ်လာတာဖြစ်ပါတယ်။ KIM Won-Jin / AFP

၇၂။ ၂၀၁၇ သြဂုတ် ၁၂ ရက်က အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာ ပြုလုပ်တဲ့  ရိုးရာ အကတင်ဆက်မှု တစ်ခု အစမ်းလေ့ကျင့်နေတဲ့ ပုံဖြစ်ပါတယ်။  Saman dance လို့ဆိုတဲ့ ရိုးရာ အကတင်ဆက်မှုမှာတော့ အမျိုးသားဦးရေ ၁၀,၀၀၀ ထိ ပါ၀င်ခဲ့တယ်လို့ သိရပါတယ်။ CHAIDEER MAHYUDDIN / AFP

၇၃။ ဒါကတော့ ၂၀၁၇ သြဂုတ် ၁၂ ရက်က Charlottesville မြို့မှာ ဆန္ဒုပြလူအုပ်တစ်ခုထဲက ကားနဲ့ ၀င်တိုက်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားပြီး ဒဏ်ရာရသူ အမျိုးသမီးတစ်ဦးကို အရေးပေါ် ပြုစုကုသပေးနေတာဖြစ်ပါတယ်။ Virginia မြို့မှာတော့ ယင်းအချိန်က လူဖြူ လူမျိုးကြီး ဆန္ဒပြသူတွေနဲ့ တန်ပြန် ဆန္ဒပြသူတွေအကြား ထိပ်တိုက်တွေ့မှု ဖြစ်ပြီးနောက် အရေးပေါ် ကြေညာချက်ထုတ်ပြန်ခဲ့ရပါတယ်။ PAUL J. RICHARDS / AFP

၇၄။ ဒါကတော့ မိုနာကို ကမ်းရိုးတန်းအပြင်ဘက် မြေထဲပင်လယ်မှာ ၂၀၁၇ သြဂုတ် ၁၃ ရက်က ပင်လယ်ရေအောက်မှာ သွားလာနိုင်တဲ့ အတောင်ပံပါ ရေငုပ်ဝတ်စုံ တစ်မျိုးကို ၀တ်ဆင်ထားတဲ့ ဒိုင်ဗင်သမား Pierre Frolla ကို တွေ့ရစဉ်ဖြစ်ပါတယ်။ BORIS HORVAT / AFP

၇၅။ ဒါကတော့ ၂၀၁၇ သြဂုတ် ၂၆ ရက်က Texas ပြည်နယ် Rockport မြို့မှာ ဟာရီကိန်း Harvey ၀င်ရောက်ပြီး မြင်ရတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပါတယ်။ ယင်း ဟာရီကိန်း Harvey ကတော့ ၁၂ နှစ်အတွင်း အမေရိကန် ကုန်းတွင်းပိုင်းကို ၀င်ရောက်တိုက်ခတ်တဲ့ ပထမဆုံး မုန်တိုင်းကြီး တစ်ခုဖြစ်ပါတယ်။ MARK RALSTON / AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly