လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၀က်ဘ်ဆိုက်အသစ်အား အများပြည်သူ အကြံပြုနိုင်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၀က်ဘ်ဆိုက်အသစ်အား အများပြည်သူ အကြံပြုနိုင်

ဒီဇင်ဘာလ ၂၅ ။          ။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန Website အသစ်ဖြစ်သော www.moee.gov.mm အား အကောင်အထည် ဖော်ပြီးဖြစ်၍အများပြည်သူ အကြံပြုနိုင်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာထားသည်။

ယခင်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နှင့် စွမ်းအင်ဝန်ကြီးဌာန တို့အား ပေါင်းစည်း၍ လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာနအဖြစ် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင်   ပြောင်းလည်းပြင်ဆင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ၀က်ဘ်ဆိုက် www.moee.gov.mm တွင် ထည့်သွင်းလျက်ရှိသော အချက်အလက်များတွင် ပြည်နယ် နှင့် တိုင်းအလိုက် ဖော်ပြလိုသည့် စီမံကိန်းများ၊ စက်ရုံများ၊ လျှပ်စစ်ဓာတ်အားပို့လွှတ်သည့် လိုင်းရုံနှင့် ခွဲရုံများ၊ စွမ်းအင်သဘာဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက်များ အစရှိသည့် အချက်အလက်နှင့်တကွ အခြား လိုအပ်လျက် ရှိသော အချက်အလက်များအား ထည့်သွင်းနေပါကြောင်း နှင့် ပြည်သူသို့ အချိန်နှင့်တပြေးညီ သတင်းအချက် အလက်များအား ချပြနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာလ ၂၅ ရက်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထို့ကြောင့် အဆိုပါ ၀က်ဘ်ဆိုက်အသစ်အား အကောင်အထည်ဖော်ပြီးဖြစ်၍ အများပြည်သူက ၀င်ရောက် ကြည့်ရှုလေ့လာ အကြံပြုနိုင်ပြီ ဖြစ်ကြောင်း ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly