ရန်ကုန်တွင် System Break Down ဖြစ်ပေါ်၍ မီးပျက်

ရန်ကုန်တွင် System Break Down ဖြစ်ပေါ်၍ မီးပျက်

ဒီဇင်ဘာလ ၂၅ ။  ။ ယနေ့ ဒီဇင်ဘာလ ၂၅ ရက်၊ ညနေ ၄း၄၀နာရီအချိန်တွင် System Break Down ဖြစ်ပေါ်သွားပါသဖြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားပြတ်တောက်နေပါသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဌာန( YESC) မှ ထုတ်ပြန်သည်။

နိုင်ငံတော်ဓာတ်အားစနစ်အတွင်း System Break Down ဖြစ်ပေါ်နေစဉ်အချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားပေးစက်များမှ ဓာတ်အားကို ရယူ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့
ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း အများပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည် ဟု YESC မှ ထုတ်ပြန်ထားသည်။

ဓာတ်အားစနစ်မှ ဓာတ်အားကို အမြန်ဆုံး ပြန်လည်ရယူနိုင်ရေးကို ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ထပ်မံ သိရပြီး အချိန်မည်မျှ ကြာမြင့်မည်ကို အတိအကျ မသိရသေးပေ။ အသေးစိတ်ကို YESC Call Center၏ ဖုန်းနံပါတ် ၀၁-၂၃၀၂၂၈၅၊ ၀၁-၂၃၀၂၂၈၆၊ ၀၁-၂၃၀၂၂၈၇၊ ၀၁- ၂၃၀၂၂၈၈ သို့ ဆက်သွယ်မေးမြန်းနိုင် ကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်သည် ခရစ္စမတ်နေ့ ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲများ၊ မီးအလှဆင်ထွန်းညှိမှုများ ပြုလုပ်နေကြ သည်။

“ ဓာတ်အားစနစ်တွင်း ဓာတ်အားများပုံမှန်ထုတ်လုပ်မောင်နှင်လျက်ရှိရာ (၁၆ း ၃၀) နာရီအချိန်တွင် Temporary Fault ကြောင့် ၂၃၀ ကေဗွီ သပြေဝ-တောင်တွင်းကြီး၊ သပြေဝ-သာစည် ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့ပြီး ဓာတ်အားစနစ်အတွင်း ဓာတ်အားပြတ်တောက်မှု (System Break Down) ဖြစ်ပေါခဲ့ပါတယ်” ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly