ဧရာဝတီတိုင်းအစိုးရမူလခန့်မှန်းခြေ ငွေစာရင်း တင်ပြလာမှုကို လွှတ်တော်မှ အတည်ပြု

ဧရာဝတီတိုင်းအစိုးရမူလခန့်မှန်းခြေ ငွေစာရင်း တင်ပြလာမှုကို လွှတ်တော်မှ အတည်ပြု

ပုသိမ်၊ ဒီဇင်ဘာ ၂၅ ။            ။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ ့၏ ၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ မူလခန့်မှန်းခြေ ငွေစာရင်း တင်ပြလာမှုအပေါ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုခဲ့ကြောင်း သိရသည်။

 အမှန်တကယ် ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းကဏ္ဍများ အခြေခံပြီး ရေးဆွဲတင်ပြထားသော ရသုံး ခန့်မှန်းခြေ ငွေစာရင်းဖြစ်ပါသဖြင့် အတည်ပြုပေးပါရန် ပြည်သူငွေစာရင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ စီးပွားရေး နှင့် ကုန်သွယ်ရေးလုပ်ငန်းဖွံဖြိုးတိုးတက်ရေးရာကော်မတီမှ လေ့လာတွေ ့ရှိ သုံးသပ်အကြံပြုချက်များ အစီရင်ခံစာကို လွှတ်တော်သို ့တင်ပြခဲ့ခြင်း ဖြစ်သည်။

“ ယခုတောင်းခံထားသော လုပ်ငန်းများကို ၆လ အတွင်း အပြီးအပြတ်ဆောင်ရွက်နိုင်ရန် နှင့် တင်ဒါပိုလျှံငွေများ ကို အချိန်မီပြန်လည်အပ်နှံရန် အကြံပြုလိုပါသည် ” ဟု ပြည်သူငွေစာရင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ စီးပွားရေး နှင့် ကုန်သွယ်ရေးလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးရာကော်မတီက တိုင်းဒေသကြီးလွှတ်တော်သို့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တင်သွင်းခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွက် ရသုံးခန့်မှန်းခြေ ငွေစာရင်း တွင် ရငွေ (အခွန်၊သာမန်၊ငွေလုံးငွေရင်း) မှာ စုစုပေါင်းကျပ်သန်း ၁၁၉၆၂.၇၆၇ ၊ သုံးစွဲငွေ (သာမန်၊ ငွေလုံး ငွေရင်း)မှာ ကျပ်သန်း ရ၀၇၆၁.၂၆၀ ဖြစ်ကြောင်းနှင့် လိုငွေကို ပြည်ထောင်စုမှ လိုငွေ ထောက်ပံ့အဖြစ် ကျပ်သန်း ၅၈၇၉၈.၄၉၃ ကို ထောက်ပံ့ပေးပြီး ဖြစ်သဖြင့် ရသုံးငွေ ပြောင်းလဲမှုတစ်စုံတစ်ရာမရှိကြောင်း လေ့လာ တွေ ့ရှိရပါသည် ဟု ကော်မတီဥက္ကဋ္ဌ ဦးအောင်သူထွေးက လေ့လာတွေ ့ရှိချက်အား လွှတ်တော်သို့ တင်ပြဆွေးနွေးခဲ့သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ သာမန်အသုံးစရိတ်များတွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများတွင် ပါ၀င်ပြီး တိုင်းဒေသကြီး ဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့်ဌာနများဖြစ်သော ဆည်မြောင်း၊ တာတမံ၊ ရေကန်၊ ရေနုတ်မြောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ကျပ်သန်း ၁၃၃၀.၅၃၇သန်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး ကောင်စီအတွက် ကျပ်သန်း၄၅.၂၀၁၄ သန်း၊ ကရင်တိုင်းရင်းသားရေးရာ၊ ရခိုင်တိုင်းရင်းသားရေးဌာနအတွက် ကျပ်သန်း ၁၅၅.၀၀၃သန်း၊ပြည်ထောင်စုလွှတ်တော်ဖွံဖြိုးရေးရန်ပုံငွေ ကျပ်သန်း ၂၆၀၀ သန်းတို ့ဖြစ်သည်။

ငွေလုံးငွေရင်းအသုံးစရိတ်တင်ပြထားမှုတွင် ဌာန၊အဖွဲ ့အစည်း၂၄ခု၏ အသုံးစရိတ်မှာ စုစုပေါင်းကျပ်သန်း ၄၈၁၁၅.၅၁၀သန်း တွင် ဗဟိုအဖွဲ ့အစည်း၅ခုမှ ကျပ်သန်း ၃၁၇၃၃.၀၈၅သန်း၊ဦးစီးဌာန၁၉ခုအတွက် ၁၂၇၀၂.၄၄၅ကျပ်သန်း၊စည်ပင်သာယာရေးအဖွဲ ့အတွက် ကျပ်သန်း ၃၆၇၉.၉၈၀သန်းတို ့ဖြစ်ကြောင်းကို ကော်မတီဥက္ကဋ္ဌက လွှတ်တော်သို ့တင်ပြခဲ့သည်။

“သာမန်အသုံးစရိတ်များသည် အများအားဖြင့် ဌာန၊အဖွဲ ့အစည်း၂၄ခု ၀န်ထမ်းများ လစာ၊ ပင်စင်၊ စရိတ်၊ ချီးမြှင့်ငွေ၊ ခရီးသွားလာစရိတ်၊ပစ္စည်း၊လုပ်အားခနှင့် ဆောင်ရွက်ပေးမှုများ၊ ပြင်ဆင်ထိန်းသိမ်းစရိတ်များ၊ ပညာရေးနှင့် လူမှုရေးအသုံးစရိတ်များ၊ ဧည့်ခံကျွေးမွေးစရိတ်များ ၊ဓာတ်ဆီ၊ စက်ဆီ၊ ချောဆီများအတွက် တင်ပြတောင်းခံထားခြင်းဖြစ်သည့်အတွက် ခွင့်ပြုသင့်ပါကြောင်း၊နောက်လာမည့် ဘဏ္ဍာရေးနှစ်များ၏ ဘတ်ဂျက်များ၏ ဖြည့်စွက်ငွေ တောင်းမှုပြုရာတွင် ဌာနများ၏လုပ်ငန်းများကို One Line ဖော်ပြခြင်း မဟုတ်ဘဲ အတိုင်းအတာများပါ ပြည့်စုံစွာဖော်ပြတောင်းခံကြရန် အကြံပြုပါသည်” ဟု ကော်မတီဥက္ကဋ္ဌ ဦးအောင်သူထွေး က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြဆွေးနွေးခဲ့သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ ့မှတင်သွင်းလာသော ၂၀၁၈ခုနှစ်၊ဧပြီလမှ စက်တင်ဘာလအထိ မူလ ရသုံး ခန့်မှန်း ခြေ ငွေစာရင်းကို တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၄၅ နှင့် ပြည်ထောင်စု ဘဏ္ဍာရေး ကော်မရှင် ချမှတ်ထားသော ဘဏ္ဍာရေးမူဘောင်အတွင်းမှ အမှန်တကယ် ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းကဏ္ဍများ ဖြစ်သည်ဟူသော ကော်မတီ၏ လေ့လာတွေ ့ရှိ သုံးသပ်အကြံပြုချက်များ အစီရင်ခံစာကို လွှတ်တော်သို ့တင်ပြခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှ ဒီဇင်ဘာလ ၂၂ ရက်နေ ့ တွင် အတည်ပြုခဲ့ ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly