Cobra Gold စစ်ရေးလေ့ကျင့်မှု လေ့လာရန် မြန်မာတပ်မတော် ဖိတ်ကြားခံရ

Cobra Gold စစ်ရေးလေ့ကျင့်မှု လေ့လာရန် မြန်မာတပ်မတော် ဖိတ်ကြားခံရ
Photo-EPA

ဒီဇင်ဘာ ၂၅ ။           ။ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ အမေရိကန်နဲ့ ထိုင်း စစ်တပ်တို့ရဲ့ ရွှေမြွေဟောက် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ လေ့လာသူအဖြစ် လာရောက်ဖို့ မြန်မာတပ်မတော် တာဝန်ရှိသူတွေကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

လာမယ့်နှစ်ထဲမှာ ကျင်းပမယ့် အဆိုပါ အမေရိကန်-ထိုင်း စစ်ရေးလေ့ကျင့်မှုမှာ မြန်မာဘက်က လေ့လာသူတွေ လာရောက်လေ့လာဖို့ ဖိတ်ကြားထားတာဖြစ်ပါတယ်။

လက်ရှိကာလမှာ ဘင်္ဂါလီ (ရိုဟင်ဂျာ) အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရ ကိုင်တွယ်နေတဲ့ ပြည်တွင်းရေးမူဝါဒအပေါ် ၀ါရှင်တန်ဘက်က ဝေဖန်မှုတွေ ရှိနေသော်ငြားလည်း ယခုလို စစ်ရေးလေ့ကျင့်မှုမှာတော့ မြန်မာစစ်တပ်ကို လေ့လာသူအဖြစ် ဖိတ်ကြားထားပါကြောင်း ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် ခရစ်စတိုဖာလိုဂန် ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရုရှ Sputnik News က ဖော်ပြပါတယ်။

" ဒါ့အပြင် ဒီစစ်ရေးလေ့ကျင့်မှုမှာ လူသားချင်းစာနာမှုအကူအညီပေးမှု၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်မှုပိုင်းတွေမှာ မြန်မာကို လေ့လာသူအဖြစ် လာရောက်လေ့လာဖို့ ထိုင်းနိုင်ငံက လည်း ဖိတ်ကြားထားခဲ့ပါသေးတယ်" လို့ လိုဂန်က Sputnik News ကို ပြောပါတယ်။

အဆိုပါ Cobra Gold စစ်ရေးလေ့ကျင့်မှုကိုတော့ လာမယ့်နှစ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ထိုင်းစစ်တပ်တို့အပြင် အခြား နိုင်ငံတစ်ချို့က ပါ၀င်သူတွေလည်း ပူးပေါင်းလုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly