အက်သလက်တီကိုအသင်းနှင့် ဂိုဒင်လေးနှစ် စာချုပ်သစ်ချုပ်ဆို

အက်သလက်တီကိုအသင်းနှင့် ဂိုဒင်လေးနှစ် စာချုပ်သစ်ချုပ်ဆို

သြဂုတ် ၂၁၊ မက်ဒရစ် ။           ။ နောက်ခံလူ ဒီယေဂို ဂိုဒင်သည် အက်သလက်တီကိုအသင်းတွင် ၂၀၁၉ ထိဆက်ရှိစေမည့် လေးနှစ်စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်သည်။

ယင်းကစားသမားသည် ၂၀၁၀ တွင် အက်လက်တီကိုသို့စတင်ပြောင်းရွှေ့လာကတည်းက အသင်း၌ခြေစွမ်းပိုင်းတည်ငြိမ်အောင် အထိန်းနိုင် ဆုံးကစားသမားများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

ဂိုဒင်သည် အက်သလက်တီကိုအသင်းနှင့်အတူ လာလီဂါ၊ ယူရိုပါလိဂ်၊ ကိုပါဒယ်ရေး၊ ဥရောပစူပါဖလားနှင့် စပိန်စူပါဖလားတို့ကို ရယူထားနိုင် ခဲ့သည်။

၂၀၁၃-၁၄ ဘောလုံးရာသီနောက်ဆုံးပွဲစဉ်တွင် ဘာစီလိုနာအသင်းဘက်သို့သွင်းယူသည့် ၎င်း၏ဂိုးကြောင့် အက်သလက်တီကိုအသင်းမှာ လာလီဂါဆုဖလားကို ရယူနိုင်ခဲ့သည်။

ဥရုဂွေးလက်ရွေးစင်နောက်တန်းကစားသမားအနေဖြင့် အက်သလက်တီကိုအသင်းအတွက် ၂၁၂ ပွဲကစားထားပြီး ၁၈ ဂိုးသွင်းယူပေးထား သည်။

Ref; Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly