အသည်းအဆိပ်ဖြေမဲ့ ဆေးဖက်ဝင်အပင်များ

အသည်းအဆိပ်ဖြေမဲ့ ဆေးဖက်ဝင်အပင်များ

ရေးသားသူ Dr. Sandar Lin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အသည်းဟာ ပတ်ဝန်းကျင်မှမိမိ ခန္ဓာကိုယ်ထဲသို့ ရှူသွင်းသောလေ၊ စားသောက်သောအစာ၊ ကိုယ်တွင်း ဇီဝရုပ်ပြောင်းလဲမှုမှ ထွက်ပေါ်လာသော အစရှိသည့် မမြင်နိုင်သည့် အဆိပ်အတောက်ပေါင်းများကို ချေဖျက်ပေးသည့် အရေးကြီး ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုဖြစ်သည်။

ထိုကဲ့သို့အသည်းရဲ့ အဆိပ်အတောက်ချေဖျက်မှုကို အားပေးသော ဆေးဖက်ဝင်အပင် ၆မျိုးရှိပါသည်။

(၁) ဆူးပင်

ဆူးပင်ဟာ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ကျော်လောက် ကတည်းက အသည်းရဲ့ အဆိပ်အတောက်တွေကို ပယ်ဖျက်ပေးနိုင်တဲ့ ဆေးဖက်ဝင်ပင်အဖြစ် သိရှိခဲ့ကြပါတယ်။

အရက်သေစာကဲ့သို့ အဆိပ်အတောက်များကို အသည်းမှ ဖယ်ရှားပေးနိုင်ရုံမက အသည်းရဲ့ ဆဲလ် ပြန်လည် တည်ဆောက်ခြင်းကိုပါ အားပေးပါတယ်။

ခုခံအားကိုလည်း အားကောင်းစေသည့်အတွက် ရောဂါပိုးများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၂) ဒုဓလီပေါင်းပင်

တခါတရံမြက်ခင်းပြင်တွေမှာ အလေ့ကျပေါက်လေ့ရှိတဲ့ အဝါရောင်ပန်းပွင့်တဲ့ ပေါင်းပင်လေးတွေဟာ ဒုဓလီပေါင်းပင်လေးတွေပဲ ဖြစ်ပါတယ်။ အသည်းရဲ့ အဆီချေဖျက်တဲ့လုပ်ငန်းစဉ်ကို ကူညီပေးရုံမက၊ အက်မိုင်နိုအက်ဆစ်ထုတ်ပေးခြင်း၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း၊ အသည်းရောင်ခြင်းကို သက်သာစေခြင်း အစရှိတဲ့လုပ်ငန်းတွေမှာလည်း ပါဝင်လုပ်ဆောင်ပေးပါတယ်။

ဩစတြေးလျနိုင်ငံ၏ ဆေးဖက်ဝင်အပင်ဂျာနယ်တစ်ခုမှာဆိုရင် ဒုဒလီပင်ဟာ အစာမကြေသူတွေ၊ အသည်းရောင်အသားဝါ ရောဂါရိသူတွေမှာပါ အကျိုးအာနိသင်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒုဒ လီအရွက်ကို ဖြစ်စေ၊ ဖျော်ရည်ဖျော်သောက်၍ဖြစ်စေ၊ လက်ဖက်ခြောက်ခတ်သောက်၍ ဖြစ်စေ ကျန်းမာရေး အထောက်အကူပြု သောက်သုံးနိုင်ပါတယ်။

(၃) လက်ဖက်ရည်ကြမ်း

လက်ရှိ ကမ္ဘာပေါ်မှာ ကျန်းမာသောအစားအသောက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ လက်ဖက်ရည်ကြမ်းဟာ ကင်ဆာရောဂါ၊ ဆီးချိုရောဂါတို့ကို ကာကွယ်နိုင်သည့်အပြင် သူမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ရေး ပစ္စည်းဟာ အသည်းရဲ့ လုပ်ငန်းဆောင်တာ အားလုံးကို ကောင်းမွန်စေပါတယ်။ အသည်းအဆီဖုံးခြင်းကို ထိရောက်စွာ ကုသနိင်စွမ်းရှိပါတယ်။ အပြင်မှာ အလွယ်တကူဝယ်ယူရနိုင်တဲ့ အသင့်သောက်လက်ဖက်ရည်ကြမ်းတွေထက် အိမ်မှာ ကိုယ်တိုင်နှပ်သောက်တဲ့ လက်ဖက်ရည်းကြမ်းဟာ ကျန်းမာရေးနှင့် ပိုမိုညီညွှတ်ပါတယ်။

(၄) ကြက်သွန်ဖြူ

ဟင်းချက်ရာမှာ ပါလေ့ရှိပြီး လွယ်လင့်တကူ မီးဖိုချောင်မှာ ရရှိနိုင်သော ကြက်သွန်ဖြူဟာ ဆာဖာ၊ ဆီလီနီယမ်နှင့် အခြားကျန်းမာရေး အထောက်အကူပြုသော ပစ္စည်းများပါဝင်ခြင်းကြောင့် ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း၊ ခုခံအားကောင်းမွန်၍ ရာသီတုပ်ကွေးများကို ကောင်းမွန်စေခြင်းတို့အပြင် အသည်းရဲ့အဆိပ်အတောက်များကို သန့်ရှင်းဖယ်ရှားပေးပါတယ်။

(၅) နနွင်း

အိန္ဒိယအားအစာတွေမှာ အမြဲလိုလိုပါတတ်တဲ့ အဝါရောင်နနွင်းမုန့်ကလည်း ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ အိမ်တွင်းကုထုံးဖြစ်တဲ့အပြင် အသည်းရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့နေရာမှာလည်း နာမည်ကြီး ဆေးကောင်းတစ်လက်ပဲဖြစ်ပါတယ်။

ဒါတင်မကပဲ အသည်းရဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကိုပါ အားပေးပြီး သည်းခြေရည်နှင့် သည်းခြေအိတ်ကိုပါ အားကောင်းစေပါတယ်။

(၆) ပူဒီနာ

ခံတွင်းအနံ့သင်းစေတယ်လို့ လူသိများတဲ့ ပူဒီနာရွက်ဟာ သည်းခြေရည်စီးဆင်းမှုကိုကောင်းမွန်စေပြီး  အဆီအစာချေစနစ်ကို အားပေးသည့်အတွက် အစာမကျေဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် မကောင်းတဲ့ကို လစ်စရောကို လျော့ကျစေသည့်အတွက် သည်းခြေအိတ်နှင့် ဆီးလမ်းကြောင်း ကျောက်တည်ခြင်းများကို လျော့ကျစေပါတယ်။

ဆေးဖက်ဝင်အပင်များဟာ အသည်းအတွက် အကျိုးရှိသည်ဆိုသော်လည်း နည်းမှန်လမ်းမှန် အကျိုးရှိရှိ အသုံးပြုတတ်ဖို့တော့ လိုပါတယ်။

ထို့ကြောင့်မသုံးစွဲမီသင့်ကိုယ်ပိုင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်မှုများကို ပြုလုပ်သင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly