ယာမိုလန်ကိုအားပေါင် ၁၅ သန်းဖြင့် အဲဗာတန်ခေါ်ယူရန် နီးစပ်

ယာမိုလန်ကိုအားပေါင် ၁၅ သန်းဖြင့် အဲဗာတန်ခေါ်ယူရန် နီးစပ်

သြဂုတ် ၂၁၊ လီဗာပူးလ် ။          ။ အဲဗာတန်အသင်းသည် ယူကရိန်းကလပ်ဒိုင်နမိုကိဗ်အသင်းမှ တိုက်စစ်မှူး အန်ဒရီယာမိုလန်ကိုအား ပေါင် ၁၅ သန်းဖြင့်ခေါ်ယူနိုင်ရန် နီးစပ် နေပြီဖြစ်သည်။

ယူကရိန်းကလပ် ဒိုင်နမိုကိဗ်နှင့်ဆွေးနွေးမှုမှာ တိုးတက်ကောင်းမွန်နေပြီး ရက်ပိုင်းအတွင်းအပြောင်းအရွှေ့ဖြစ်ပေါ်လာမည်ဟု အဲဗာတန် အသင်းက မျှော်လင့်နေသည်။

စတုခ်စီးတီးအသင်းကလည်းစိတ်ဝင်စားကြောင်းပြသခဲ့သော်လည်း အဲဗာတန်အသင်းကသာ ခေါ်ယူရန်နီးစပ်နေခြင်းဖြစ်သည်။ စတုခ်အသင်း သည် ယာမိုလန်ကိုအားစိတ်ဝင်စားခဲ့သော်လည်း အင်တာမီလန် ကစားသမားရှာကွီရီ ကိုခေါ်ယူထားသည်။

အဲဗာတန်အသင်းအနေဖြင့် အပြောင်းအရွှေ့မပိတ်မီ ကစားသမားသစ်များပိုမိုခေါ်ယူရန် အဲဗာတန်ပရိသတ်များထံ မှတောင်းဆိုမှု များရှိနေသည်။

အဲဗာတန်ပရိသတ်များသည် ဆောက်သမ်တန်ကိုအနိုင်ရခဲ့သည့်ပွဲတွင် စိန့်မေရီဘောလုံးကွင်းပေါ်၌ အဲဗာတန်အသင်းဥက္ကဋ္ဌ ဘီကင်ရိုက်ကို ဖယ်ရှားပေးရန်ရေးသား ထားသည့်စာတမ်းချိန် ထားသောလေယဉ် ကိုပျံဝဲကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အဲဗာတန်အသင်းအနေဖြင့် ပေါင် ၅ ဒသမ ၅ သန်းတန် ရေးဗားပလိတ်ဗဟိုနောက်ခံလူ ရာမီယိုဖန်းစ်မိုရီကို ခေါ်ယူရန်လည်း ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly