လွှတ်တော်ကိုယ်စားလှယ်များ စွက်ဖက်မှုမရှိစေရန် တိုင်းဝန်ကြီးချုပ်က ပြည်သူ့လွှတ်တော်ဥက္ကဌထံတင်ပြ

လွှတ်တော်ကိုယ်စားလှယ်များ စွက်ဖက်မှုမရှိစေရန် တိုင်းဝန်ကြီးချုပ်က ပြည်သူ့လွှတ်တော်ဥက္ကဌထံတင်ပြ

မကွေး ဒီဇင်ဘာ ၂၃ ။            ။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစိုးရအဖွဲ့လုပ်ပိုင်ခွင့်များကို ထောက်ပြရုံသာမက ၀င်စွက်ဖက်ခြင်းမျိုးမဖြစ်စေရန် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်   ဒေါက်တာအောင်မိုးညိုက ပြည်သူ့လွှတ်တော် ဥက္ကဌထံ ယနေ့ တင်ပြခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက “မကွေးတိုင်းအစိုးရအဖွဲ့ လုပ်ကိုင်ဆောင်ရွက်ချက်များကို လွှတ်တော်ကိုယ်စားလှယ်များက စေတနာလွန်ကဲပြီးတော့   စောင့်ကြည့်တာတင် မကဘဲနဲ့ ဝင်ရောက်စွက်ဖက်သလို ဖြစ်သွားတာမျိုးလေးတွေကိုတော့ မဖြစ်စေချင်ပါဘူး၊ ကျွန်တော့်ဆီလည်း ပြောဆိုတင်ပြတာတွေ ရှိတဲ့အတွက်ကြောင့်   ပြည်သူ့လွှတ်တော်ဥက္ကဌကြီးနဲ့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌကြီးရှေ့မှာ လေးစားစွာ ကျွန်တော် တင်ပြရခြင်းဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်အား ရှင်းလင်းတင်ပြခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးများအဖွဲ့ဝင်၊ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်သည် ဒီဇင်ဘာ ၂၃ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ မြို့တော်ခန်းမတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။ထိုသို့တွေ့ဆုံစဉ် ၀န်ကြီးချုပ်ကတင်ပြခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly