nova 2i Aurora Blue (သို့) အရုဏ်ဦးရဲ့ ကောင်းကင်ပြာ

nova 2i Aurora Blue (သို့) အရုဏ်ဦးရဲ့ ကောင်းကင်ပြာ

စမတ်ဖုန်းအမှတ်တံဆိပ်တွေ မှိုလိုပေါက် ပေါများနေတဲ့ ခေတ်ထဲမှာ ရပ်တည်မှုကြာမြင့်ပြီး ပရိသတ်အခိုင်အမာရရှိပြီးသား Brand တစ်ခုဖြစ်တဲ့ HUAWEI Company ကနေ ဆန်းသစ်ပြောင်းလဲမှုရဲ့ အထင်ကရ ထုတ်ကုန်အဖြစ် nova Series တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီအထဲကမှ ကျွန်တော် တင်စားညွှန်းဆိုချင်တဲ့ nova 2i Aurora Blue (သို့)  အရုဏ်ဦးရဲ့ ကောင်းကင်ပြာအကြောင်းပါပဲ။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက HUAWEI က ထုတ်တဲ့ စမတ်ဖုန်းတော်တော်များများဟာ သုံးစွဲသူတွေလက်ထဲရောက်ခဲ့ပေမယ့်လည်း ဝေဖန်သံတွေ အနည်းငယ်တော့ကြားခဲ့ရပါတယ်။ နောက်ပိုင်း network ပိုင်းကအစ တိုးတက်လာတဲ့ ခေတ်ထဲမှာ HUAWEI ရဲ့ High End စမတ်ဖုန်းတွေဟာ သုံးစွဲသူတွေကို အာမေဋိတ်တွေနဲ့ အံ့သြဘနန်းစွမ်းဆောင်ရည်တွေကို မြင်တွေ့သုံးစွဲခွင့်ရစေခဲ့တာပဲ ဖြစ်ပါတယ်။

တခြားအမှတ်တံဆိပ်တွေနဲ့ ယှဉ်ပြိုင်စရာ မလိုလောက်အောင် ပြည်တွင်းစျေးကွက်တွေမှာ နေရာယူထားတာကတော့ အားလုံးသိပြီးသား အတိုင်းဖြစ်မှာပါ။ Leica နဲ့ ပေါင်းပြီး စတင်ထုတ်လုပ်ခဲ့တဲ့ အချိန်ကစပြီး ကင်မရာပိုင်းအလန်းစားတွေနဲ့ ပုံတွေ ရုပ်ထွက်တွေ ပြည်တွင်းက mobilegraphy သမားတွေရဲ့ လက်ရာတွေကို မြင်တွေ့ခံစားခဲ့ရပြီး မဟုတ်ပါလား။ Business Insider ရဲ့ထုတ်ပြန်ချက်တခုမှာတရုတ်မှာတောင် HUAWEIရဲ့ စမတ်ဖုန်းထုတ်လုပ်ရောင်းချမှု အရေအတွက်မှာ တခြားသော စမတ်ဖုန်းတွေထက် သာနေတယ်ဆိုတာတော့ အမှန်ပါပဲ။ ဖုန်းတွေ ဒီလောက်အများကြီး ထုတ်ပြီး ဘာလုပ်တာလဲ? သုံးစွဲသူတွေ များလာတယ်၊ ဒီအမှတ်တံဆိပ်၊ ဒီစျေးနှုန်းဟာ သူတို့အတွက် တကယ်တမ်း အသုံးတည့်ကြလို့ပဲဖြစ်ပါတယ်။ ပေးရတဲ့ တန်ဖိုးနဲ့ညီအောင် သုံးစွဲရတဲ့ စမတ်ဖုန်းတလုံးရဲ့ အခန်းကဏ္ဍကလည်း အရေးပါတယ် မဟုတ်ပါလား။ ဒီနှစ်ခရစ်စမတ်ရဲ့ လဝက်တာကာလမှာ အရောင်အသစ် ကျွန်တော်ကတော့ အာရုဏ်ဦးရဲ့ကောင်းကင်ပြာလို့ပဲ ညွှန်းဆိုလိုက်ပါရဲ့ HUAWEInova 2i Aurora Blue ကို HUAWEI ကနေ မိတ်ဆက်ပေးခဲ့ပါတယ်။

HUAWEI nova 2i အပြာရောင်စမတ်ဖုန်းဟာ Selfie ကင်မရာဘာတွေဘယ်လိုဆိုပြီး ရေပန်းစားစမတ်ဖုန်းတွေရဲ့ အထဲမှာမှ ပုံတွေ ရိုက်ရာမှာပဲ ဖြစ်ဖြစ်၊ ပုံရိပ်တွေကို ပုံဖော်ရာမှာပဲ ဖြစ်ဖြစ်၊ လူမှုကွန်ယက်တွေကို အသုံးပြုရာမှာပဲ ဖြစ်ဖြစ်၊ ပြည့်ဝစွာအသုံးပြုနိုင်မယ့် မျက်နှာပြင်ပြည့် 5.9 HUAWEI FullViewDiplay ကို တမူထူးခြားစွာ မိတ်ဆက်ထားတာပဲဖြစ်ပါတယ်။ Real Camera 16 Mega Pixel ရယ် Front Camera  13 Mega Pixl ကင်မရာ ၄လုံးဆိုတဲ့ အတိုင်းအရှေ့ဘက်က မြင်ကွင်းတွေကို ရိုက်ကူးချင်တာပဲဖြစ်ဖြစ် ကိုယ့်ဘက်ကိုယ့်အလှ ၊သူငယ်ချင်းအစုအဖွဲ့တွေနဲ့ ဆယ်လ်ဖီရိုက်ချင်တာပဲဖြစ်ဖြစ် ပရိုဆန်ဆန်ရိုက်ကူးချင်တာပဲဖြစ်ဖြစ် ဒါဟာ အသုံးတည့်စေဖို့ အလွန်အကျွံဖွဲ့စည်းတည်ဆောက်ထားတာမျိုး မဟုတ်ပဲ သေသပ်လှပတဲ့ ကင်မရာနေရာ အထားအသိုနဲ့ Dual Flash ပါပါဝင်တည်ဆောက်ထားပြီး သုံးစွဲသူစိတ်ကြိုက်ဖြစ်စေမယ့် အနေအထားကို တွေ့ရပါလိမ့်မယ်။ ရွှေရောင် ၊အနက်ရောင်တွေထက် ပိုတည်ငြိမ်ပြီးပိုခန့်ထည်တဲ့ အသွင်ဆောင်နေတဲ့ အာရုဏ်ဦးရဲ့ကောင်းကင်ပြာ (Aurora Blue) ကိုဝယ်ယူမိတာက မမှားဘူးဆိုတာမျိုးကို သုံးစွဲသူတွေအနေနဲ့ သိလာပါလိမ့်မယ်။

တမင်သက်သက် Download လုပ်စရာမလိုတဲ့ ကင်မရာ Effect တွေဟာသင့်ကိုသင်နဲ့ သင့်မိတ်ဆွေတွေကို ထူးခြားပျော်ရွှင်ဖွယ်ကောင်းတဲ့ ကမ္ဘာသစ်တစ်ခုစီကို ခေါ်ဆောင်သွားပါလိမ့်မယ်။ တခြားသော အမျိုးမျိုးစိတ်ဝင်စားဖွယ် feature တွေကတော့ nova 2i စမတ်ဖုန်းကနေ သင့်ကို စောင့်ကြိုနေပါလိမ့်မယ်။ ဥပမာ -စကရင်ကို နှစ်ချက်ခေါက်ရင် screen shot လုပ်ပေးတာမျိုး ၊ Build in app ဖြစ်တဲ့ Heath care ကနေသင့်ရဲ့ ကျန်းမာရေးအတွက် ပြေးတာတွေ၊ လမ်းလျှောက်တာတွေအတွက် Auto Calori တွက်ချက်ပေးတာမျိုးတွေကို တွေ့ကြုံခံစားရမှာပါ။ ဆင်းမ်ကတ် ၂ကတ် အသုံးပြုနိုင်တယ်၊ နှစ်ကတ်သုံးရင် မမ်မိုရီကတ်သုံးလို့မရဘူးလို့လည်း မပြောလိုက်ပါနဲ့ ဖုန်းတကတ်ပဲသုံးမယ်ဆို 256 GB ထိတိုးနိုင်မယ် Build in ကလည်း 64 GB ၊သင် စိတ်ကြိုက်သိုလှောင်နိုင်မယ့် မမ်မိုရီပမာဏအတွက် nova 2i Aurora Blue က OTGကို Support ပေးထားပါသေးတယ်။ ဖုန်းတလုံးရဲ့ အပြင်အဆင်တွေကိုထပ်မံပြီးလှပအောင် Theme တွေနဲ့ တန်ဆာဆင်ချင်တယ်ဆိုရင်လည်း HUAWEI Theme Editor က သင့်ကိုသင့် အကြိုက်ပုံရိပ်တွေ icon တွေနဲ့စောင့်ကြိုနေပါလိမ့်မယ်။ စျေးနှုန်းအနေနဲ့ သုံးသိန်းကျော် အတိအကျဆိုရရင် ၃၉၉,၀၀၀ မှာ ကင်မရာပိုင်းကြိုက်တဲ့ သူတွေအတွက်ကော ၊အတွင်း Specification ကြိုက်တဲ့သူတွေအတွက်ကော မျက်စိစုံမှိတ်ဝယ်သင့်တဲ့ စမတ်ဖုန်းတစ်လုံးဟာ အာရုဏ်ဦးရဲ့ကောင်းကင်ပြာ (Aurora Blue)လို့ပဲ ညွှန်းပါရစေ..။ နည်းပညာဆောင်းပါးတွေ စမတ်ဖုန်း Reviews တွေထဲမှာတော့ ကိုယ်ရည်သွေး တီးလုံးသံတွေကြားနေတာကနေ ကိုယ်တိုင်စမ်းသပ်သုံးစွဲကြည့်တာက သုံးစွဲသူတွေအတွက် အကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခုဖြစ်မှာပါ။ Opreation System က Android 7.0, EMIUI က 5.1 , အသံပိုင်းဆိုင်ရာမှာ 3D Sound Effect ၊ ပရိုဆက်ဆာတွေ အနေနဲ့ကလည်း 1.7GHz Octa-Core HI silicon Kirin 659 ပရိုဆက်ဆာသုံးထားပြီး 4GB RAM ကိုသုံးထားတဲ့အတွက် Graphic မြင့်တဲ့ ဂိမ်းတွေလည်းဆော့နိုင်တယ်၊ Destopပေါ်တင်ဆော့မှသာ ရတဲ့ ဂိမ်းမျိုးတော့ဖုန်းနဲ့  ဆော့ချင်လို့တော့ မရဘူးပေါ့ ၊ပေးရတဲ့စျေးနဲ့တန်တဲ့ Mid-Rangeဖုန်းတွေထဲမှာ သင့်က ိုအာရုဏ်ဦးရဲ့ကောင်းကင်ပြာ (Aurora Blue) က စိတ်တိုင်းကျကျေနပ်စေမှာပါ။ ဘက်ထရီကလည်း 3340 mAhဆိုတော့ သင့်တနေတာလုံးမှာ nova 2i Aurora Blue က မခွဲအတူရှိနေနိုင်ပြီပေါ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags