ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့် အယ်လ်ကလက်စီကိုပွဲစဉ်နဲ့ ပတ်သက်ပြီး ကစားသမားတွေကို သတိပေးပြောဆိုလိုက်တဲ့ ဇီဒန်း

ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့် အယ်လ်ကလက်စီကိုပွဲစဉ်နဲ့ ပတ်သက်ပြီး ကစားသမားတွေကို သတိပေးပြောဆိုလိုက်တဲ့ ဇီဒန်း
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်အသင်း နည်းပြ ဇီဒန်းက ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်ဟာ ဒီရာသီရဲ့ အခက်ခဲဆုံး ပွဲစဉ်ဖြစ်လာလိမ့်မယ်လို့ သောကြာနေ့က သူ့ရဲ့ကစားသမားသမားတွေကို သတိပေးပြောဆိုလိုက်ပါတယ်။

ဒါပေမယ့်လည်း ဇီဒန်းက ရီးယဲလ်မက်ဒရစ် - ဘာစီလိုနာ ပွဲစဉ်ဟာ လာလီဂါဆုဖလားအတွက် အဆုံးအဖြတ်ဖြစ်လာမှာမဟုတ်ဘူးလို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

“ခင်းဗျားတို့ အကောင်းမြင်ဖို့ လိုပါတယ်။ ကျနော်တို့ဟာ ကွင်းအတွင်း နေရာတစ်ခုချင်းစီမှာ အလွန်ကောင်းမွန်ပြီး ပိုအားသာပါတယ်။ ကျနော်တို့ ရှုံးနိမ့်ခဲ့ရင်တောင် လိဂ်ပြိုင်ပွဲဟာ ဒီမှာတင် ပြီးဆုံးမှာ မဟုတ်ပါဘူး။”လို့ ဇီဒန်းက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

၂၀၁၇ ဖီဖာကမ္ဘာ့ကလပ်ဖလားဆုရှင်နှင့် လာလီဂါချန်ပီယံကို ကာကွယ်ရမယ့် ရီးယဲလ်အသင်းဟာ စနေနေ့မှာ အမှတ်ပေးဇယားဦးဆောင်သူ ဘာစီလိုနာအသင်းကို အိမ်ကွင်း ဘာနေဗျူးမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

လက်ရှိ လာလီဂါအမှတ်ပေးဇယားမှာ အဆင့် ၄ နေရာ ရပ်တည်နေတဲ့ ရီးယဲလ်အသင်းဟာ ရှုံးပွဲမရှိသေးတဲ့ ဘာစီလိုနာအသင်း နှင့် တစ်ပွဲကျန်အနေအထားနဲ့ ၁၁ မှတ် ကွာဟနေပါတယ်။

“ဘာစီလိုနာနဲ့ ပွဲဟာ ဒီရာသီ အခက်ခဲဆုံး ပွဲဖြစ်လာမှာပါ။ အယ်လ်ကလက်စီကိုဖြစ်တာနဲ့အညီ အမြဲတမ်း လှပတဲ့ ခက်ခဲတဲ့ ပွဲစဉ်တစ်ခုဖြစ်နေလို့ပါ။ ကျနော်တို့ ဒီလိုကစားရတာကို နှစ်သက်ပါတယ်။ ကစားသမားတွေက ဒီလိုမျိုးပုံစံ ပွဲတွေကို ကစားနေပြီး ဒီလိုပွဲစဉ်တွေကို အမြဲတမ်း စဉ်းစားနေပါတယ်။” လို့ ဇီဒန်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ရီးယဲလ်အသင်း တိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ ဒဏ်ရာပြဿနကြောင့် ပြီးခဲ့တဲ့ ရက်တွေမှာ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ မပါဝင်နိုင်ခဲ့ပေမယ့် အခုဆို ကောင်းမွန်တဲ့ အနေအထားရှိနေတယ်လို့ ဇီဒန်းက အတည်ပြုပြောကြားခဲ့ပါတယ်။

နည်းပြ ဇီဒန်းက ရော်နယ်လ်ဒိုရဲ့ စာချုပ်သစ် ချုပ်ဆိုဖွယ်ရှိ မရှိ အနေအထားနဲ့ ပတ်သက်လို့ ဖြေကြားဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags