မြန်မာတွေနဲ့ မစိမ်းတဲ့ ဟနွိုင်းမြို့တော်

မြန်မာတွေနဲ့ မစိမ်းတဲ့ ဟနွိုင်းမြို့တော်

မြန်မာပြည်ကနေ နိုင်ငံခြားခရီးသွားကြပြီဆိုရင် စျေးဝယ်ထွက်ဖို့ အဓိကရည်ရွယ်ချက်နဲ့ ထိုင်းနိုင်ငံ၊ စင်္ကာပူ နိုင်ငံတွေကိုသွားကြတာများပါ တယ်။  ဒီဘက်နှစ်တွေမှာတော့  ဒီနိုင်ငံတွေမဟုတ်ဘဲ  စရိတ်စကသက်သာပြီးအမှတ်တရတွေ အများကြီးကျန်ခဲ့မယ့်နောက်ထပ်  ဒေသတွင်း နိုင်ငံတစ်နိုင်ငံက မြို့လေးတစ်မြို့ကိုညွှန်းဆိုချင်ပါတယ်။

ပြည်ပနိုင်ငံတွေကိုပထမဆုံးအပန်းဖြေခရီးထွက်ဖို့ စဉ်းစားမယ်ဆိုရင်တော့ ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဟနွိုင်းကိုသွားသင့်တယ်လို့ ဆိုပါရစေ။ ဟနွိုင်းဟာယဉ်ကျေးမှုထွန်းကားတဲ့  မြန်မာနိုင်ငံက မန္တလေးလိုပါပဲ။   မန္တလေးမှာ မြနန်းစံကျော် ရွှေနန်းတော်၊ မဟာမြတ်မုနိဘုရားကြီး၊  မန္တလေးတောင်နဲ့ မန္တလေးကျံုးအစရှိတဲ့မြန်မာ့ ယဉ်ကျေးမှု အမွေတွေကို  တွေ့နိုင်သလို  ဟနွိုင်းကလည်းဗီယက်နမ်ရဲ့ အထင်ကရ  ရှေးဟောင်းအမွေအနှစ်တွေကိုအဓိကတွေ့ရမယ့် မြို့လေးဆိုမမှားပါဘူး။  အရှေ့တိုင်းဗိသုကာလက်ရာပေါ်လွင်တဲ့ ဘုရားကျောင်းတွေအပြင် ၁၁ ရာစုမှာစတင်တည်ထောင်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံရဲ့ ပထမဆုံးတက္ကသိုလ်ဟာလည်း ဟနွိုင်းမှာရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် ဖြစ်တဲ့ မန္တလေးမှာစက်ဘီး၊ ဆိုင်ကယ်လေးတွေနဲ့ စည်ကား  နေသလို ဟနွိုင်းမှာလည်းတူညီတဲ့ခံစားမှုလေးတွေ ရနိုင်မှာပါ။ ပထမဆုံး ပြည်ပထွက်ခွာ  အပန်းဖြေလိုသူတွေအတွက် တစိမ်းဆန်တဲ့ ခံစားမှုမျိုးခံစားရမှာမဟုတ်ဘဲ နွေးထွေးတဲ့ အတွေ့အကြံု  သစ်တွေကိုရစေမှာပါ။

မြန်မာဘုရင်တွေ နောက်ဆုံးနန်းစိုက်ရာ မန္တလေးမြို့ကြီးအင်္ဂလိပ်လက်အောက် ကျရောက်ခဲ့သလို  ပြင်သစ်လက်  အောက်ခံ ဖြစ်ခဲ့တဲ့ ဟနွိုင်းမြို့တော်မှာ ပြင်သစ်ယဉ်ကျေးမှု အငွေ့အသက်တစ်ချို့ကိုလည်း   ဒေသန္တရ ဗဟုသုတတစ်ခုအနေနဲ့ လေ့လာနိုင်ပါတယ်။ လေ့လာနိုင်ပါတယ်။ တောင်ဗီယက်နမ်ဖြစ်တဲ့ ဒါလတ်နဲ့ မွေနဲကမ်းခြေ၊ ဆိုင်ဂုံမြို့၏ အထင်ကရ ပြင်သစ်လက်ရာအဆောက်အဦတွေ၊ ဗီယက်ကောင်းပြောက်ကျားတွေ ပုန်းခိုခဲ့တဲ့ လိုဏ်ဂူတွေ၊ တော်လှန်ရေးအမှတ်တရတွေ၊ တောင်ဗီယက်နမ်၊ မြောက်ဗီယက်နမ် ဘယ်လိုပေါင်းစည်းခဲ့ကြလဲဆိုတာတွေက စိတ်ဝင်စား စရာကောင်းလှပါတယ်။ဗီယက်နမ်ကုန်စည်တွေကလည်းနာမည်ရတာမို့ ၀ယ်ယူဖို့လည်း မမေ့သင့် ပါဘူး။ သားရေလုပ်ငန်း၊ ရိုးရာအထည်နဲ့ ပစ္စည်းတွေတွေ၊ ကော်ဖီ၊ အဝတ်အထည် လုပ်ငန်းတွေကလည်းလူသိများလှပါတယ်။

စက်ဘီး၊ ဆိုင်ကယ်တွေစီးပြီးလက္ဖက်ရည်ဆိုင်သွားထိုင်တတ်တဲ့ မန္တလေးသူ၊ မန္တလေးသားတွေလိုပဲ  ဟနွိုင်းမှာလည်း လမ်းဘေးကော်ဖီဆိုင်လေးတွေမှာ ထိုင်ကြည့်ရင်းဆင်တူတဲ့ ယဉ်ကျေးမှုတွေရဲ့ ဇစ်မြစ်ကိုလေ့လာနိုင်ပါတယ်။ အခုလိုရာသီအေးအေးမှာ ဟနွိုင်းရဲ့ ကော်ဖီအရသာ  ဘယ်လိုဖြစ်မလဲဆိုတဲ့ခံစားမှုမျိုးကိုစူးစမ်းနိုင်ပါတယ်။

အစားအသောက်အနေနဲ့ဆိုလည်း မန္တလေးမှာ မန္တလေးမုန့်တီနဲ့ ခေါက်ဆွဲမျိုးစုံနာမည်ကြီးသလို ဟနွိုင်းရောက်ပြီဆိုရင် ဗီယက်နမ်မြောက်ပိုင်းစာတွေဖြစ်တဲ့ ဖိုခေါက်ဆွဲအပါအဝင်   ခေါက်ဆွဲဟင်းလျာမျိုးစုံကို   မြည်းစမ်းနိုင်မှာဖြစ်ပါတယ်။ ဗီယက်နမ်အစားအသောက်  တွေဟာကျန်းမာရေးနဲ့လည်းညီညွတ်လို့ အလည်သွားရင်းအိမ်မှာပြန်ချက်စားလို့ရအောင် လေ့လာလို့လည်းရတာပေါ့။

ဟနွိုင်းပတ်ဝန်းကျင်ကလည်း အေးအေးဆေးဆေးအပန်းဖြေလိုသူတွေအတွက် အသင့်တော်ဆုံးပါပဲ။  ဟောင်လောင်းမြစ်ဘေးမှာအေးဆေးစွာ အနားယူအပန်းဖြေနိုင်သလို ဟနွိုင်းရဲ့ကျေးလက်ရိုးရာ ဗီယက်နမ် အငွေ့အသက်  တွေကိုဟနွိုင်းမှာ ပိုပြီးရနိုင်ပါတယ်။ ဟနွိုင်းကိုသွားမယ်ဆိုရင် Vietjet က နေ့စဉ်တိုက်ရိုက်ပြေးဆွဲပေးနေတဲ့ အတွက်  ကိုယ်နဲ့သင့်တော်တဲ့အချိန်ကိုရွေးသွားရုံပါပဲ။ ဒါ့အပြင် ပြည်ဝင်ခွင့်ဗီဇာလျှောက်စရာလည်း မလိုပါဘူး။ ရန်ကုန်-ဟနွိုင်းခရီးစဉ် တစ်ကြောင်းကို ၂ နာရီလောက်ပဲ ကြာမှာဖြစ်ပါတယ်။ Vietjetလေကြောင်းလိုင်းဟာ ကုန်ကျစရိတ်သက်သာပြီး ခရီးသည်တွေရဲ့ကွဲပြားခြားနားတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့ ဗီယက်နမ်နိုင်ငံမှ ပထမဆုံးခေတ်သစ် လေကြောင်းလိုင်းတစ်ခုလဲဖြစ်ပါတယ်။  ဒါ့အပြင်ဗီယက်နမ်နိုင်ငံ မြို့ကြီးနှစ်မြို့ဖြစ်တဲ့ ဟိုချီမင်းနဲ့ ဟနွိုင်းတွေကနေ တခြားဒေသတွင်း နေရာပေါင်းများစွာနှင့် ချိတ်ဆက်နိုင်ရန် ခရီးစဉ်လမ်းကြောင်း(၆၇)ခုကို ဖွင့်လှစ်ထားပြီးထိုင်း၊ စင်္ကာပူ၊တောင်ကိုရီးယား၊ ထိုင်ဝမ်၊ မလေးရှား၊ တရုတ်၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို သွားလာနိုင်အောင်လဲ စီစဉ်ပေးထားပါတယ်။

Vietjet က အမြဲလိုလို ပရိုမိုးရှင်း အစီအစဉ်တွေရှိပြီး အခုလည်း  နှစ်ကုန်ခရီးသွားရာသီအတွက် အထူးပရိုမိုးရှင်းတွေလည်း  ပေးနေလို့အသေးစိတ်ကိုတော့ Vietjetရဲ့ ၀က်ဘ်ဆိုက်ဖြစ်တဲ့ www.vietjetair.com မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly