သရုပ်ဆောင်ဖြစ်ချင်လို့ Miss လုပ်တယ်ဆိုရင်တော့ မှားပါတယ်ဆိုတဲ့ မေမြတ်နိုး

By YOPE
22 December 2017
သရုပ်ဆောင်ဖြစ်ချင်လို့ Miss လုပ်တယ်ဆိုရင်တော့ မှားပါတယ်ဆိုတဲ့ မေမြတ်နိုး

YOPE ရဲ့ Redchair ပရိသတ်များ အားလုံး မင်္ဂလာပါ။ ဒီတစ်ပတ် Yope ရဲ့ မေးခွန်းတွေကို ဖြေပေးမယ့် သူကတော့ အနုပညာလောကထဲမှာ ဘက်ပေါင်းစုံကနေပြီးတော့ ကြိုးစားလျှောက်လှမ်းနေတဲ့သူ အခုဆိုရင် ရုပ်ရှင်ကားကြီးတွေကိုပါ ရိုက်ကူးနေတဲ့ မေမြတ်နိုး ပဲ ဖြစ်ပါတယ်။

ညီမလေး မေမြတ်နိုး မင်္ဂလာပါ။ အစ်ကိုတို့ အစီအစဉ်ကနေပြီးတော့ ကြိုဆိုပါတယ်။

မေး -  ပထမဆုံး မေးချင်တဲ့ မေးခွန်းလေးကတော့ အဆိုတော် ဖြစ်ဖို့ ရည်ရွယ်ခဲ့တဲ့ မေမြတ်နိုးက ဘာဖြစ်လို့ Miss ပြိုင်ပွဲတွေကို ရုတ်တရက် ထပြီးတော့ ဝင်ပြိုင်ဖြစ်ခဲ့တာလဲ။

အဆိုတော် အိမ်မက်ဆုံရာမှာ ဝင်ပြိုင်ပြီးတော့ မော်ဒယ်လ် ဘက်ကို နည်းနည်းသွားလိုက်သေးတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ Miss လုပ်ပါလား။ အဆိုမလုပ်တော့ဘူးဆိုလို့ ရှိရင် အဲဒီတုန်းက အခွေလုပ်နေတာ။ ဒါပေမယ့် အခွေ ဆက်မလုပ်ဘဲနဲ့ Miss သွားပြိုင်ပါလား။ Traning ဝင်လိုက်ပြီးတော့မှ Miss  ပြိုင် ဖြစ်သွားတာပေါ့။

မေး - ပရိသတ်တွေဟာ Miss တွေရဲ့ ခန္ဓာကိုယ် အပြောင်းလဲနဲ့ ပတ်သက်ပြီးတော့ အမြဲတမ်း ဝေဖန်လေ့ရှိတာ ဘာကြောင့်လို့ ထင်လဲ။

နိုင်ငံတကာမှာ ရှိတဲ့ Miss တစ်ယောက်ရဲ့ ခန္ဓာကိုယ် ကို သူတို့တွေက မြင်ဖူးတဲ့သူ ဖြစ်မယ်။ ပြောင်းလဲသွားလို့ ရှိရင်လည်း သိသာတယ်လေ။ ပြီးတော့လည်း Miss ဆိုတာက Beauty Queen  တစ်ယောက်အနေနဲ့ ခန္ဓာကိုယ်က ကျစ်လစ်နေရမယ်။ ပြီးတော့ သွယ်လျှနေရမယ်။ အဲဒီလို ပုံစံလေးရှိတယ်ပေါ့။ ပြောင်းလဲသွားရင်တော့ ဝေဖန်တာကတော့ ခံရမှာပေါ့နော်။ ဘယ်လိုပဲ ခေတ်ကြီးက ပြောင်းလဲသွားသွား ဥပမာ Europe  ဘက်မှာဆိုရင် slim body ကိုပဲ ကြိုက်တယ်။ Plus Size တွေကို လက်မခံနိုင်သေးဘူး။ ဒါပေမယ့် အမေရိက ဘက်နဲ့ အာရှဘက်နဲ့တော့ အမေရိက influence  ကြောင့် Plus Size တွေကို လက်ခံလာတယ်ပေါ့နော်။ ဒါပေမယ့် Beauty Queen  တစ်ယောက်အနေနဲ့တော့ Plus Size ထက် သွယ်လျှတဲ့ ခန္ဓာကိုယ် ကို သူတို့က ထိန်းသိမ်းထားတာပေါ့နော်။

မေး - မေမြတ်နိုးက နိုင်ငံခြားမှာ ကျောင်းတက်ပြီးတော့ ဘွဲ့ယူလာတာဆိုတော့ မြန်မာနိုင်ငံရဲ့ ပညာရေးက နိမ့်ကျလို့လား။ ဘာဖြစ်လို့လဲ။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က နိမ့်ကျတယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ဟုတ်လည်း မဟုတ်ပါဘူး။ နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပညာရေး မတူသလို မြတ်နိုးတို့ မြန်မာနိုင်ငံက ကိုယ့်ရဲ့ ရိုးရာဘာသာစကား မြန်မာစာ ရှိသေးတယ်။ မြန်မာစာနဲ့ ပတ်သက်ပြီးတော့ မြန်မာ့သမိုင်းတို့ အများကြီး ရှိတယ်ပေါ့နော်။ မြတ်နိုးက ဟိုမှာ သွားတက်တယ်ဆိုတာ အမေက အင်္ဂလိပ်စာ ကောင်းစေချင်လို့ သွားတက်တာ။ ဒါပေမယ့် မြန်မာနိုင်ငံက ပညာရေးကိုတော့ မြတ်နိုးကိုယ်တိုင်လည်း လေ့လာချင်တယ်။ တက်ကြည့်ချင်တယ်ပေါ့။ တစ်ချို့စာလုံးတွေ မြန်မာစကားနဲ့ ပြောရင် ကိုယ်က နားမလည်တဲ့အခါ အရမ်းအားငယ်ရတယ်။ ဘာသာစကားတွေကို သင်ရတာလည်း နှစ်သစ်တဲ့သူ တစ်ယောက်အနေနဲ့ မြန်မာစာကို သေသေချာချာလေး အခု လေ့လာနေတာပေါ့။

မေး - မြန်မာနိုင်ငံမှာဆိုရင် Miss အများစုဟာ သရုပ်ဆောင် လိုင်းဘက်ကို ကူးလာတယ်။ အဲဒီတော့ Miss ပြိုင်ပွဲဟာ အနုပညာလောကထဲ ဝင်ဖို့ လမ်းစတစ်ခုလား။

ဟုတ်တယ် Miss ပြိုင်ပြီးသွားလို့ ရှိရင် သရုပ်ဆောင် လိုင်းထဲ ဝင်ကြတာ ဟုတ်တယ်။ ဒါဟာ နိုင်ငံတကာမှာလည်း ရှိတယ်ပေါ့နော်။ ဥပမာ Miss World ပေါ့။ အိန္ဒိယ နိုင်ငံမှာ နိုင်သွားတဲ့ Miss World နှစ်ယောက် ဆိုရင် သူတို့ နှစ်ယောက်လုံးက Miss World ထဲ ဝင်တယ်။ ဒါပေမယ့် အခု သူတို့နိုင်ငံမှာ နာမည်ကြီး မင်းသမီးတွေ ဖြစ်နေတယ်။ အဲဒီလိုပဲ အခြားနိုင်ငံက Miss တွေလည်း မင်းသမီးလိုင်းထဲ ဝင်သွားတဲ့ သူလည်း ရှိတယ်။ Model ဘက်ကို ဝင်သွားတဲ့ သူလည်း ရှိတယ်။ သရုပ်ဆောင်ထဲ ဝင်ဖို့ လမ်းကြောင်း တစ်ခုလားဆိုတော့ ဒါက ကိုယ်နဲ့ပဲ ဆိုင်တယ်လေ။ ဥပမာ  မမဝိုင်းလေးဆိုရင် သရုပ်ဆောင်မလုပ်ဘူးလေ။ သူက သီချင်းဆိုတယ်။ ဒါက သူရဲ့ ပါရမီလိုင်းပေါ့နော်။ အဲဒီတော့ သရုပ်ဆောင်လိုင်းပဲ ဖြစ်ဖြစ် သူ့ ပါရမီနဲ့ သူပေါ့နော်။ အဲဒီတော့ Miss  လုပ်တာ သရုပ်ဆောင် ဖြစ်ချင်လို့ လုပ်တာဆိုရင်တော့ မှားတယ်။ Miss က Miss ပဲ။ Beauty Queen က Beauty Queen လိုမျိုး။ Beauty Queen Type  လုပ်နေတဲ့ အချိန်မှာ အဲဒါပဲ လုပ်ရမှာပေ့ါနော်။ အဲဒါပြီးသွားရင်တော့ ကိုယ်က အနုပညာချစ်တယ်။ သရုပ်ဆောင် ဖြစ်ချင်တယ်ဆိုရင်တော့ သရုပ်ဆောင်ဘက်ကို သွားပေါ့။

မေး - အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အနုပညာလောကထဲမှာ Sexy Model ဆိုပြီးတော့ လိုင်းတစ်လိုင်းက ပေါ်လာတယ်။ ဒီတော့ Sexy Model က အနုပညာတစ်ခုလို့ ယူဆလို့ ရလား။

အဲဒါ အနုပညာဆိုတာ ဘာလဲဆိုတာ နားလည်တဲ့ သူက ဒီမေးခွန်းကို ဖြေစရာမလိုလောက်အောင် နားလည်မှာပေါ့နော်။ နိုင်ငံခြားတွေမှာဆို မြတ်နိုးတို့ နိုင်ငံတကာနဲ့ ယှဉ်ပြီးတော့ ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံကြီးက တိုးတက်နေတဲ့ နိုုင်ငံ၊ ဖွံ့ဖြိုးဆဲ နိုင်ငံပေါ့နော်။ နိုင်ငံခြားတွေနဲ့ ရင်ဘောင်တန်းတဲ့ နိုင်ငံ တစ်ချိန်မှာ ဖြစ်လာမယ်။ အဲဒါနဲ့ ယှဉ်ပြောတာပါ။ နိုင်ငံခြားမှာဆိုရင် Nude Model တောင် ရှိတယ်။ ဒါက အနုပညာအနေနဲ့ ကြည့်တာပေါ့နော်။ ဒါက သူ့လိုင်းနဲ့ သူပဲ။ အခုနက ပြောသလိုပဲ သရုပ်ဆောင်က သရုပ်ဆောင်လိုင်း၊ မော်ဒယ်မှာတောင် အများကြီးရှိတယ်။ သရုပ်ဆောင်မှာလည်း အများကြီး ရှိတယ်။ ဥပမာ သရုပ်ဆောင်မှာဆိုရင် Comedy ရှိတယ်။ Dramma  ရှိတယ်။ အဲဒီလိုမျိုး မြန်မာနိုင်ငံမှာဆိုရင် ပိုဆိုးတယ်။ သဘင်တွေ ပါ ပါတယ်။ အများကြီးပဲ ပေါ့နော်။ အဲဒီလိုပဲ ဖိုတိုမော်ဒယ်လ် အောက်မှာလည်း Comercial ဘက်သွားတာရှိတယ်။ Hight Fashion  ဘက်သွားတာရှိတယ်။ အခုနက Sexy ဘက်သွားတာ ရှိတယ်။ Cute ပုံစံသွားတာ ရှိမယ်။ မတူဘူးပေါ့။ ဒီဟာ အနုပညာလားဆိုတော့ Yes  is  အနုပညာ။ ဒါပေမယ့် မရောထွေးဖို့တော့ လိုတယ်ပေါ့။    ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly