မန္တလေးတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး သင်တန်းဆင်းပွဲကျင်းပ

မန္တလေးတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး သင်တန်းဆင်းပွဲကျင်းပ

 

မန္တလေး၊ဒီဇင်ဘာ ၂၂ ။            ။ မြို့နယ်ရဲတပ်ဖွဲ့မှူး သင်တန်းအမှတ်စဉ်(၅၇/၂၀၁၇)သင်တန်းဆင်းပွဲကို မန္တလေးမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိသင်တန်းကျောင်းတွင် ဒီဇင်ဘာလ ၂၂ရက်၊နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲသို့ မြန်မာနိုု်င်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ ရဲချုပ် အောင်ဝင်းဦးက သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီး အကောင်းဆုံးကျောင်းသားဆုနှင့်ရဲကျင့်ဝတ်ဘာသာရပ် ထူးချွန်ဆုရရှိသည့် ရထားရဲတပ်ဖွဲ့မှကသ-၄၈၊ရဲ ၃၃၇၂ ယာယီရဲမှူး စိုးမိုးလွင်အား ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သင်တန်းသားများကိုယ်စား သင်တန်းဆင်းလက်မှတ်များကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ကသ-၂ ၊ရဲ ၃၂၂၂ ၊ယာယီရဲမှူး မောက်မောင်နိုင်အား ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ခရိုင်ရဲတပ်ဖွွဲ့မှူးသင်တန်းသား၄၉ဦး၊မြို့နယ်ရဲတပ်ဖွဲ့မှုူးသင်တန်းသား ၁၀၀၊ နယ်ထိန်း(အရာရှိ)သင်တန်းသား ၉၉ဦး ၊သင်တန်းသား စုစုပေါင်း၂၄၈ဦး၊ ရဲထောက်ချုပ်၊တပ်ဖွဲ့မှူးများ၊ကျောင်းအုပ်ကြီးများနှင့်နည်းပြအရာရှိများ၊ဧည့်သည်တော်များ စုစုပေါင်း ၃၃၈ဦးတက်ရောက်ခဲ့ကြောင်းသိရသည်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly