လိဂ်-၂ ဘောလုံးပြိုင်ပွဲတွင် အဆင့် ၂ မှ GFA နှင့် အဆင့် ၃ မှ Horizon အသင်းတို့ ထိပ်တိုက်တွေ့ဆုံ

လိဂ်-၂ ဘောလုံးပြိုင်ပွဲတွင် အဆင့် ၂ မှ GFA နှင့် အဆင့် ၃ မှ Horizon အသင်းတို့ ထိပ်တိုက်တွေ့ဆုံ
တန်းတက်ခွင့်တစ်နေရာအတွက် မျှော်လင့်ချက်အနည်းငယ်ရှိနေသော Horizon အသင်း။ ဓာတ်ပုံ - MFF

ရန်ကုန်၊ သြဂုတ် ၂၀ ။          ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၆ ပွဲစဉ်များကို သြဂုတ် ၂၁၊ ၂၂ ရက်များတွင် ရန်ကုန်မြို့၊ ပဒုမ္မာဘောလုံးကွင်းနှင့် စလင်းကွင်းတို့တွင် ဆက်လက်ကစားမည်ဖြစ် ပြီး လက်ကျန်တန်းတက်ခွင့် တစ်နေရာအတွက် အကြိတ်အနယ်ဖြစ်နေသော အဆင့် ၂ မှ GFA အသင်းနှင့် အဆင့် ၃ မှ Horizon အသင်းတို့ ထိပ်တိုက် တွေ့ဆုံနေသည်။

ပွဲစဉ် ၁၅ အပြီးတွင် ချန်ပီယံဖြစ်ရန် ၉၀ ရာခိုင်နှုန်းခန့် သေချာနေသော ဆောက်သမ်းအသင်း သည် ပွဲစဉ် ၁၆ တွင် မောရဝတီအသင်းကို ထပ်မံအနိုင်ရခဲ့ပါက ချန်ပီယံဖြစ်ရန် ရာနှုန်းပြည့်သေချာသွား မည်ဖြစ်သည်။

၂၀၁၅ လိဂ်-၂ အမှတ်ပေး ပြိုင်ပွဲမှ ၂၀၁၆ နေရှင်နယ်လိဂ် ပြိုင်ပွဲသို့ လက်ကျန် တန်းတက်ခွင့် တစ်နေရာအတွက် GFA အသင်းနှင့် Horizon အသင်းတို့ မှာ အကြိတ်အနယ် ဖြစ်နေ သည်။ သို့သော် GFA အသင်းသည် ပွဲစဉ် ၁၅ ပွဲကစားအပြီးတွင် ရမှတ် ၃၅ မှတ်ရရှိထားပြီး Horizon အသင်းမှာ ရမှတ် ၂၉ မှတ်သာ ရရှိထားသောကြောင့် GFA အသင်းက တန်းတက်ရန် ပိုမိုအခြေအနေ ကောင်းနေသည်။

ပွဲစဉ် ၁၆ တွင် GFA အသင်းနှင့် အဆင့် ၃ မှ Horizon အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး အဆိုပါပွဲစဉ်ကို သြဂုတ် ၂၁ ရက် ပဒုမ္မာဘောလုံးကွင်းတွင် ကစားမည်ဖြစ်သည်။ ထိုပွဲစဉ်တွင် GFA အသင်းက သရေကစားနိုင်ရုံဖြင့် တန်းတက်ခွင့် ရရှိမည်ဖြစ်ပြီး Horizon အသင်းမှာ GFA အသင်းကို အနိုင်ကစားနိုင်မှသာ တန်းတက်ရန် မျှော်လင့်ချက် ဆက်လက်ရှိ မည်ဖြစ်သည်။

ပွဲစဉ် ၁၆ အခြားပွဲစဉ် များအဖြစ် တက္ကသိုလ်လက်ရွေးစင်အသင်းနှင့် ဖုန်ဂန်အသင်း၊ Best United အသင်း နှင့် မြဝတီအ သင်း၊ ငွေကြယ်ပွင့်အသင်းနှင့် ဒဂုံအက်ဖ်စီအသင်းတို့ ကစားကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly