ရခိုင်အသင်း ၂၀၁၇ တွင် အိမ်ကွင်းအပြီး တည်ဆောက်နိုင်ရန် စီစဉ်

ရခိုင်အသင်း ၂၀၁၇ တွင် အိမ်ကွင်းအပြီး တည်ဆောက်နိုင်ရန် စီစဉ်

ရန်ကုန်၊ သြဂုတ် ၂၀ ။          ။ မြန်မာနေရှင်နယ်လိဂ်တွင် ယှဉ်ပြိုင်ကစားနေသည့် ရခိုင်ယူနိုက်တက်အသင်းသည် အိမ်ကွင်း အဖြစ် စစ်တွေမြို့ရှိ ဝေသာလီကွင်းကို လာမည့် ၂၀၁၇ ခုနှစ်တွင် အပြီး တည်ဆောက်နိုင်ရန် စီစဉ်ထား သည်ဟု အသင်းပိုင်ရှင် ဦးဇော်မင်းသိန်း က ပြောသည်။

ရခိုင်ယူနိုက်တက်အသင်းသည် ၂၀၁၁ ခုနှစ်တွင် ရခိုင်ပြည်နယ်ကိုယ်စားပြု ကလပ်အသင်းအ ဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်တွင် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသော်လည်း ၂၀၁၅ ဘောလုံး ရာသီအထိ အိမ်ကွင်းကျင်းပနိုင်ခြင်း မရှိသေးပေ။

“ကျွန်တော်တို့ ကွင်းအသစ်အတွက် စီစဉ်ထားတဲ့အတိုင်း လုပ်နေပါတယ်။ လောလောဆယ် ပတ်ပတ်လည် ဆန်ခါတို့ ပိုက်တို့ လုပ်ထားပါတယ်။ မိုးတွင်းဆိုတော့ ကျန်တာတော့ သိပ်လုပ်လို့ မရဘူး။ရေ ဘယ်လောက်ဝင်နိုင်မလဲ ဆိုတာလည်း စောင့်ကြည့်ရသေးတယ်။ မိုးကုန်ရင်တော့ မြေလှန်ပြီး ပြန်ညှိတာတို့ မြက်တို့ စလုပ်တော့မှာပါ။ လာမယ့် ၂၀၁၇ လောက်တော့ အပြီးလုပ်ဖို့ စီစဉ်နေပါတယ်။ အခုတော့ လှော်ကားက လေ့ကျင့်ရေးကွင်းကိုလည်း အမြန်လုပ်နေပါတယ်” ဟု ဦးဇော်မင်းသိန်း က ပြောသည်။

ရခိုင်ယူနိုက်တက်အသင်းသည် ၂၀၁၅ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၁၅ ပြီးဆုံးချိန်၌ သုံးပွဲနိုင် နှစ်ပွဲသရေ ဆယ်ပွဲရှုံး ရလဒ်ဖြင့် အမှတ်ပေးဇယားအောက်ဆုံးတွင် ရပ်တည် လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly