မကွေးဆရာတော်ဦးပါမောက္ခအမှုတွင် ဦးတိုက် လျှောက်ထားလွှာပေါ်မှ လက်မှတ်ကိစ္စ မနက်ဖန် စစ်ဆေးမည်

မကွေးဆရာတော်ဦးပါမောက္ခအမှုတွင် ဦးတိုက် လျှောက်ထားလွှာပေါ်မှ လက်မှတ်ကိစ္စ မနက်ဖန် စစ်ဆေးမည်

ရန်ကုန် ဒီဇင်ဘာ ၂၁ ။            ။ မကွေးကျောင်းဆရာတော်ဦးပါမောက္ခအမှုတွင် ဦး တိုက်လျှောက်ထားလွှာပေါ်မှ လက်မှတ်သည် တရားလို၏လက်မှတ် ဟုတ်မဟုတ် ကိစ္စ ကို မနက်ဖန် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် တရားသူ ကြီးက ဆက်လက်စစ်ဆေးဆုံးဖြတ်သွားမည်ဟု ဆရာတော် ဦးပါမောက္ခ အမှုကူညီဆောင် ရွက်သူများအဖွဲ့မှ ဦးအောင်မြိုင်က ပြောသည်။

နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် မကွေးကျောင်းဆရာ တော်ဦးပါမောက္ခကို ယနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့က ရန်ကုန်၊ ကမာရွတ်မြို့နယ်တရားရုံးတွင် ၅ ကြိမ် မြောက် ရုံးထုတ်စစ်ဆေးခဲ့အပြီး ဦးအောင်မြိုင်က သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

" ပထမကိစ္စမှာ ဦးတိုက်လျှောက်ထားလွှာ၊ ဦးတိုက် လျှောက်ထားလွှာလျှောက်ရင် ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၂၀၀ အရက ဦးတိုက်သူကိုယ်တိုင်က တရား ရုံးကို လာပြီးတော့ ကိုယ်တိုင်လျှောက်ရတာ၊ နောက် အမှုဆက်ရင်ဆိုင်လို့ရှိရင်လည်းပဲ ဦးတိုက် လျှောက်ထားသူကိုယ်တိုင်က ရုံးပျက်ကွက်မရှိဘဲနဲ့ လာရတယ်ဆိုတဲ့ ဥပဒေရှိတယ်ပေါ့နော်၊ အဲဒီမှာ သူက ဦးတိုက်လျှောက်ထားလွှာမှာ သူကိုယ်တိုင် လက်မှတ်မထိုးဘူးဆိုရင် ဒီဦးတိုက်လျှောက်ထား လွှာကလည်း ဥပဒေအရ တရားရုံးမှာ ဘောင်ဝင် တဲ့ တရားဝင်တဲ့ ဦးတိုက်လျှောက်ထားလွှာ မဟုတ် ဘူး၊ အဲဒါဖြစ်နေတယ်၊ အဲဒီအပေါ်မှာ နောက်ဆက် တွဲ(က)က သူ့လက်မှတ် မှန်ပါတယ်လို့ အရင်တုန်း က ပြောထားတယ်၊ ပြောထားပေမယ့်၊ ရဲစခန်းမ တိုင်ခဲ့ပါဘူးဆိုတော့ ဒီရဲစည်းတံဆိပ်နဲ့စာက ဘယ် လို ဝင်လာလဲ၊ ဒီဥစ္စာကလည်း ပြသနာတက်နေ တယ်" ဟု ဦးအောင်မြိုင်က ပြော သည်။

ထို့ပြင် တရားလိုကိုယ်တိုင်က တရားရုံးဦးတိုက် လျှောက်ထားလွှာပေါ်မှလက်မှတ်သည် ၄င်း၏ လက်မှတ်မဟုတ်ကြောင်း ရုံးတော်တွင် ထွက်ဆို ခဲ့သည်ဟု ဦးအောင်မြိုင်က ဆက်ပြောသည်။

" ဦးတိုက်လျှောက်ထားလွှာလည်း သူ့ဟာ မဟုတ် ဘူး၊ သူ့(ပ) နံပါတ်မဟုတ်ဘူး၊ လက်မှတ်လည်း သူ့ဟာ မဟုတ်ဘူး၊ နောက်က ရဲစခန်းက ပုံစံ နောက်ဆက်တွဲ (က) (ခ) က သူ့ဟာ ဟုတ်တယ် လို့ ထွက်တယ်၊ နောက်ပြီး ရဲစခန်းကို သူမတိုင်ခဲ့ ဘူးလို့လည်း ထွက်တယ်၊ ရဲစခန်းကို မတိုင်ခဲ့ဘူး ဆိုရင် ရဲစည်းတံဆိပ်နဲ့ဒီစာရွက်က ဘယ်ကနေ ထွက်လာတုန်း၊ အဲဒါပြဿနာဖြစ်နေတယ်" ဟု ဦးအောင်မြိုင်က ဆက်ပြောသည်။

ဆရာတော်ဦးပါမောက္ခသည် ပုဒ်မ ၁၉ အတွက် ထောင်ဒဏ် ၁ လ ချမှတ်ခံရသည်မှာ ၁ လ ပြည့်၍ ပြန်လည်လွတ်မြောက်ပြီဖြစ်သော်လည်း ပုဒ်မ ၅၀၅ (ခ) အတွက် ဆက်လက်အမှုရင်ဆိုင်နေရခြင်းဖြစ် သည်။

၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်က အမေရိကန်သံရုံး ရှေ့တွင် ခွင့်ပြုချက် မရှိဘဲဆန္ဒပြမှုအတွက် ရဟန်း ၃ ပါးနှင့် လူ ၄ ဦးကို အမှုဖွင့်ခဲ့သည်။ ရဟန်း ၃ ပါး ဖြစ်သော ဦးပါမောက္ခ၊ ဦးသုစိတ္တနှင့် ဦးပညာဝံသ တို့မှာ သံဃာ့အဖွဲ့အစည်း၏ ခွင့်ပြုချက်စာ၊ သာသနာရေးဦးစီးဌာန၏ သဘောထားမှတ်ချက် စသောလုပ်ထုံး၊ လုပ်နည်းများနှင့်မညီသဖြင့် တရား စွဲဆိုမှုအတွက် တရားရုံးသို့ အစစ်ဆေးခံရန် မလာ ရောက်ခဲ့ကြသည့်အတွက် အားလုံးကို ဖမ်းဝရမ်း ထုတ်ပြန်ထားခဲ့သည်။

ဆရာတော်ဦးပါမောက္ခသည် ဖမ်းဝရမ်းထုတ်ခံထား ရစဉ် နိုဝင်ဘာလ ၁၂ ရက်က ဒဂုံမြို့သစ်မြောက် ပိုင်း၊ မြို့မရဲစခန်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်း ၃၈ ရပ်ကွက်ရှိ အခွန်လွတ်စျေးမြေနေရာကိစ္စ ဆန္ဒဖော် ထုတ်ရန် ခွင့်ပြုချက်တောင်းခံစဉ် လူဝတ်လဲဖမ်းဆီး ခံခဲ့ရသည်။

ထို့နောက် ကမာရွတ်မြို့နယ်တရားရုံးက နိုဝင်ဘာ လ ၁၄ ရက်နေ့တွင် နိုင်ငံတော်အကြည်အညိုပျက် စေမှု ပုဒ်မ ၅၀၅ (ခ)ကို အာမခံမပေးဘဲ အင်းစိန် ထောင်တွင် ဖမ်းဆီးကာ ယခုကဲ့သို့ အမှုဆက်လက် ရင်ဆိုင်နေရခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly