ရခိုင်အမျိုးသမီး ဒါရိုက်တာ မင်းစုစံနှင့် တွေ့ဆုံမေးမြန်းခြင်း

By RiA
21 December 2017
ရခိုင်အမျိုးသမီး ဒါရိုက်တာ မင်းစုစံနှင့် တွေ့ဆုံမေးမြန်းခြင်း

 

စစ်တွေ၊ ဒီဇင်ဘာ ၂၁ ရက်။                  ။  မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုမှာ ရဲအရာရှိတွေ ပါဝင်ပတ်သက်နေကြောင်း နှစ်နာရီ ကြာမြင့်တဲ့ အသိပညာပေး ဗီဒီယိုဇာတ်လမ်းကို ရိုက်ကူးရာမှာ ဌာနဆိုင်ရာ အဆင့်ဆင့်ရဲ့ ခွင့်ပြုချက်တွေကို စောင့်ဆိုင်းနေရတဲ့အတွက် ရိုက်ကူးရေးမှာ အခက်အခဲများနဲ့ ကြုံတွေ့နေရတယ်လို့ ဒါရိုက်တာ မင်းစုစံက ပြောပါတယ်။

ဒါ့အပြင် ဗီဒီယိုဇာတ်လမ်းပါ ဇတ်ညွှန်းအရ ရဲအရာရှိတွေ ပါဝင်တယ်လို့ ရိုက်ကူးမှာ ဖြစ်တာကြောင့် ဒါကို ခွင့်မပြုနိုင်ဘူးလို့လည်း စစ်တွေရဲတပ်ဖွဲ့က သူကို ပြောထားတယ်လို့ ဆိုပါတယ်။

အဆိုပါ ဗီဒီယိုဇာတ်လမ်းအမည်ကို “အလိစီ” လို့ ရခိုင်ဘာသာအားဖြင့် ပေးထားပြီး မြန်မာလို ရည်ရွယ်ချက်ရှိရှိ၊ တမင်ရည်စူးတဲ့လို့ အဓိပ္ပာယ်ရပါတယ်။

ဒီဇာတ်လမ်းကို ရိုက်ကူးရာမှာ သူ့အနေနဲ့ ပထမဦးဆုံး တာဝန်ယူရိုက်ကူးထုတ်လုပ်တာ ဖြစ်သလို ဌာနဆိုင်ရာများရဲ့ ခွင့်ပြုချက် ကြန့်ကြာမှုတွေကြောင့် မျှော်မှန်းထားတဲ့ ကာလထက် ပိုမိုပြီး ရက်ကြာရှည်လာပြီး သတ်မှတ်ထားတဲ့ ငွေကြေးပမာဏထက် ပိုမို ကုန်ကျနေတယ်လို့လည်း ဆိုပါတယ်။

ယခု ဇာတ်လမ်းကို ရိုက်ကူးဖို့ ဇာတ်ညွှန်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက "​နေ" က ​ရေးသားခဲ့တာ ဖြစ်​ပါတယ်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly