ရခိုင်မြောက်ပိုင်းက ရိတ်သိမ်းသူမဲ့ စပါးများကို ယခုနှစ်အကုန်တွင် အပြီးသတ် ရောင်းချသွားမည်

ရခိုင်မြောက်ပိုင်းက ရိတ်သိမ်းသူမဲ့ စပါးများကို ယခုနှစ်အကုန်တွင် အပြီးသတ် ရောင်းချသွားမည်

စစ်တွေ၊ ဒီဇင်ဘာ ၂၀ ရက်။         ။ ရခိုင်မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင် သွားကြသူတွေရဲ့ စိုက်ပျိုး ကျန်ရှိခဲ့တဲ့ စပါးတွေကို နိုင်ငံတော်အစီစဉ်နဲ့ ရိတ်သိမ်းနေတာဖြစ်ပြီး ယခုနှစ်အကုန်မှာ အပြီးသတ်ရောင်းချသွားမှာ ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ထိ ရိတ်သိမ်းပြီး စပါးမှာ ၆၆၃၈ ဧက နှင့် ရောင်းချပြီး စပါးတင်းပေါင်း ရ၁၀၇၂ တင်းထိ ရှိနေပြီး ကျန်ရှိ စပါးများကို ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား ရိတ်သိမ်းမှာ ဖြစ်သလို ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ အပြီးသတ် ရောင်းချသွားမှာ ဖြစ်ပါတယ်။

“စပါးတွေကို ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ရိတ်သိမ်းသွားမယ်။ ရိတ်သိမ်းပြီးစပါးတွေကိုလဲ ဒီလ ၃၁ ရက်နေ့ နောက်ဆုံး ရောင်းချသွားဖို့ ညွန်ကြားထားပါတယ်။ စပါး လာဝယ်မယ့်သူတွေကို ဘဏ်မှာ စာရင်းဇယားတွေနဲ့ အတိကျ သူတို့ကို ရောင်းတယ်။ ရောင်းရတဲ့ငွေကို အစိုးရအဖွဲ့က မကိုင်ဘူး။ ဘဏ်မှာပဲ အကောင့်ဖွင့်ပြီး သိမ်းထားပါတယ်။” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်က RiA ကို ပြောပါတယ်။

အဆိုပါ စပါးများကို ရိတ်သိမ်းဖို့ စက်မှုလယ်ယာဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေတာဖြစ်ပြီး ရောင်းချဖို့အတွက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနက တာဝန်ယူ လုပ်ကိုင်ဆောင်ရွက်နေတာ ဖြစ်ကြောင်းလည်း ဝန်ကြီး ဦးကျော်လွင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly