အမိန့် မနာခံမှုဖြင့် ဖိလစ်ပိုင် ရေတပ်အကြီးအကဲ တာဝန်ရပ်စဲခံရ

အမိန့် မနာခံမှုဖြင့် ဖိလစ်ပိုင် ရေတပ်အကြီးအကဲ တာဝန်ရပ်စဲခံရ

ဒီဇင်ဘာ ၂၀ ။        ။ အထက်က ပေးအပ်တဲ့ အမိန့်ကို လိုက်နာဖို့ ပျက်ကွက်မှုဖြင့် ဖိလစ်ပိုင်ရေတပ်မှ အကြီးအကဲဖြစ်သူ ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး တစ်ဦးကို တာဝန်ကနေ ရပ်စဲလိုက်ပြီဖြစ်ကြောင်း ဖိလစ်ပိုင် အစိုးရက ထုတ်ပြန်ပါတယ်။

ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး ရော်နယ် ဂျိုးဇက် မာကာဒိုဟာ  ဖိလစ်ပိုင်ရေတပ်အတွက် စစ်သင်္ဘောသစ်နှစ်စင်း တည်ဆောက် အင်အားဖြည့်တင်းမယ့် ဒေါ်လာ ၃၀၈ သန်းတန် စီမံကိန်းတစ်ခုကို ဖျက်လိုဖျက်စီး လုပ်ဆောင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ တာဝန်ကနေ ဖယ်ရှားခံလိုက်ရခြင်း ဖြစ်ကြောင်း သိရပါတယ်။

အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်နဲ့အတူ ယခုလို ဒုရေတပ်ဗိုလ်ချုပ်ကြီး မာကာဒို ဖယ်ရှားခံလိုက်ရခြင်းဖြစ်ကြောင်း စစ်တပ်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ယခုလို မာကာဒိုကို တာဝန်ကနေ ဖယ်ရှားဖို့ သမ္မတ ရိုဒရီဂို ဒူတာတေးဆီကနေ ခွင့်ပြုချက် တောင်းခံပြီးမှ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင် လော်ရန်ဇာနာက သတင်းထောက်တွေကို ပြောပါတယ်။

" သူ (မာကာဒို) အနေနဲ့ ဖရီဂိတ် သင်္ဘောတွေ တည်ဆောက်မယ့် စီမံကိန်းကို ပျက်အောင် အမျိုးမျိုး နှောက်ယှက်နေခဲ့တဲ့အတွက်ကြောင့် ခုလို မတတ်သာပဲလုပ်လိုက်ရတာပါ" ဆိုပြီး ၎င်းက ပြောပါတယ်။

ဖိလစ်ပိုင်အစိုးရအနေနဲ့ကတော့ စစ်တပ်မှာ အသုံးပြုဖို့အတွက် ဖရီဂိတ်စစ်သင်္ဘောနှစ်စင်း တည်ဆောက်ဖို့ ယမန်နှစ်တုန်းက တောင်ကိုရီးယားကုမ္ပဏီ ဟွန်ဒိုင်း အကြီးဆုံး စက်မှုလုပ်ငန်းနဲ့ စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly