ရခိုင်လူမျိုးဝေဖန်ရေးဆောင်းပါးရှင်တစ်ဦး ဓါးဖြင့် အထိုးခံရ

ရခိုင်လူမျိုးဝေဖန်ရေးဆောင်းပါးရှင်တစ်ဦး ဓါးဖြင့် အထိုးခံရ

စစ်တွေ၊ ဒီဇင်ဘာ ၂၀ ရက်။        ။ ဒီဗွီဗီ သတင်းဌာနတွင် ကျော်လင်း (ရောင်စုံ) ကလောင်အမည်ဖြင့် ဝေဖန်ရေးဆောင်းပါးများ ရေးသားနေသော ကိုကျော်လင်းကို ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၂ နာရီဝန်းကျင်အချိန်ခန့်က အမည်မသိ ဆိုင်ကယ်စီးသမား ၂ ဦးက ဓါးဖြင့် ထိုးခဲ့သည်ဟု သတင်းရရှိသည်။

ကိုကျော်လင်းမှာ ဝေဖန်ရေးဆောင်းပါးရှင်တစ်ဦးဖြစ်သလို ရိုးမတိုင်းမဂ္ဂဇင်း၏ အယ်ဒီတာချူပ် တစ်ဦးလည်း ဖြစ်ပြီး သူ၏ ရခိုင့်နိုင်ငံရေး၊ အမျိုးသားရေး ကိစ္စရပ်များ ရေးသားချက်နှင့် ပတ်သက်ပြီး ရခိုင်အင်တာနက်အသုံးပြုသူများကြားတွင် ထင်ရှားသူ တစ်ဦးလည်း ဖြစ်သည်။

ယခု အထိုးခံရခြင်းနှင့် ပတ်သက်၍ နောက်ကွယ်တွင် မည်သည့် ကိစ္စရပ်များ ရှိနိုင်သည်ကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ယခုအချိန်တွင် ကိုကျော်လင်းအား စစ်တွေမြို့ ပြည်သူ့ဆေးရုံ ခွဲစိတ်ဆောင်တွင် အရေးပေါ်လူနာအဖြစ် တက်ရောက်ကုသခံလျက်ရှိသည်။

လူမှုကွန်ရက် အင်တာနက်စာမျက်နှာပေါ် အမျိုးသားရေးနှင့် နိုင်ငံရေး ဝေဖန်ချက်များအား ရေးသားနေသော ကိုကျော်လင်း ယခု ဓါးထိုးခံရမှု ကိစ္စမတိုင်မီ ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း လူမှုကွန်ရက်အင်တာနက်ပေါ်က အမျိုးသားရေးဝေဖန်ရေးများ ရေးသားသူ ဦးအေးထွန်းမှာ စစ်တွေမြို့ လမ်းမကြီး၊ ဦးဥတ္တမပန်းခြံရှေ့ လူအများရှေ့မှောက်တွင် ထိုးကြိတ်ခြင်းကို ခံခဲ့ရသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly