မန်းသီတာဥယျာဉ် တပ်မတော်မှ ပြန်လည်တည်ဆောက်မည်

မန်းသီတာဥယျာဉ် တပ်မတော်မှ ပြန်လည်တည်ဆောက်မည်

မန္တလေး၊ဒီဇင်ဘာ ၂၀ ။                ။ နဝတ အစိုးရလက်ထက်တွင် ဖျက်သိမ်းခဲ့သည့် မန်းသီတာဥယျာဉ်ကို တပ်မတော်မှပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ မန်းသီတာဥယျာဉ် ပြန်လည်တည်ဆောက်ခွင့်ရရှိရန်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ၂၀၁၆ခုနှစ်တွင် လုံခြံုရေး၊ တည်ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေး   ကော်မတီသို့တင်ပြခဲ့ပြီး ခွင့်ပြုမိန့်စောင့်နေစဉ် တပ်မတော်၏အစီအစဉ်ဖြင့် ပြန်လည်တည်ဆောက်မည်ကို သိရှိခဲ့ရခြင်းဖြစ်သည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

ထိုသို့တပ်မတော်က ပြန်လည်တည်ဆောက်မည်ကို သိရှိခဲ့ခြင်းကြောင့် ဒေါက်တာရဲလွင်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင်"မန္တလေးမြို့ကိုယ်စား ကျေးဇူးအထူးတင်ပါသည်"ဟုရေးသားထားသည်။

မန္တလေးမြို့လူထုအနေနှင့်လည်း မန်းသီတာဥယျာဉ်ပြန်လည်တည်ဆောက်ပေးရန်အတွက် လိုလားလျှက်ရှိနေခြင်းကြောင့် အစိုးရသစ်တက်လာစဉ်ကပင် တောင်းဆိုမှုများ ပြုလုပ်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါမန်းသီတာဥယျာဉ်သည် ၂၆လမ်း၊၇၃လမ်းနှင့်ရ၄လမ်းကြား၊နန်းမြို့ရိုးနှင့်ကျံုး ကြားတွင်တည်ရှိခဲ့ပြီး ၁၉၅၉ခုနှစ်က စစ်တပ်နှင့်မြူနီစပယ်တို့ ပူးပေါင်းတည်ဆောက်ခဲ့သည်ဟု သမိုင်းမှတ်တမ်းအရသိရသည်။ ယခင်က မန္တလေးမြို့၏ အထင်ကရ ဥယျာဉ်တစ်ခုဖြစ်ခဲ့ပြီး ၁၉၉၃ခုနှစ်ခန့်က ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မန်းသီတာဥယျာဉ်စတင်တည်ဆောက်ရန်အတွက် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှလည်း ဥယျာဉ်နှင့်လိုက်ဖက်မည့် ကျံုးဘေးလျှောက်လမ်းအား အဆင့်မြှင့်တင်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly