ချီလီမှာ ကလေးဆေးရုံတည်ဆောက်ဖို့ စီရော်နယ်ဒို လှူဒါန်း

ချီလီမှာ ကလေးဆေးရုံတည်ဆောက်ဖို့ စီရော်နယ်ဒို လှူဒါန်း

 

ဒီဇင်ဘာ ၂၀၊ စပိန် ။                ။ ရီးယဲလ်နဲ့ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ချီလီနိုင်ငံ၊ ဆန်တီယာဂိုမြို့မှာ ကလေးဆေးရုံတည်ဆောက်ဖို့ လှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။

တစ်ပတ်လစာငွေ ပေါင် ၄ သိန်းခွဲရရှိနေတဲ့ စီရော်နယ်ဒိုဟာ အီတလီစီးပွားရေးလုပ်ငန်းရှင် အလက်ဇန်ဒရိုပရိုတိုနဲ့ အတူတွဲပြီး လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

ကလေးဆေးရုံတည်ဆောက်ဖို့ စီရော်နယ်ဒိုက လက်တွဲပါ၀င်လာတဲ့အတွက် အလက်ဇန်ဒရိုလည်း ၀မ်းမြောက်လျက် ရှိနေပါတယ်။ စီရော်နယ်ဒိုနဲ့အလက်ဇန်ဒရိုတို့နှစ်ဦးစလုံးဟာ အဲ့ဒီဆေးရုံပြီးရင် တောင်အမေရိကမှာ ကလေးဆေးရုံတွေ ထပ်မံဆောက်လုပ် လှူဒါန်းဦးမှာ ဖြစ်ပါတယ်။ ဒီသတင်းကို စီရော်နယ်ဒိုရဲ့ရှေ့နေက အတည်ပြု ကြေညာခဲ့တာပါ။

စီရော်နယ်ဒိုဟာ Save the Children, Unicef နဲ့ World Vision တို့ရဲ့ သံတမန်လည်း ဖြစ်ပြီး နှစ်စဉ် လှူဒါန်းမှုတွေ ပြုလုပ်နေသူလည်း ဖြစ်ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly