MFF Futsal Open Cup 2018 ပြိုင်ပွဲကို လာမည့် မတ်လ ၁ ရက်နေ့တွင် စတင်ကျင်းပမည်

MFF Futsal Open Cup 2018 ပြိုင်ပွဲကို လာမည့် မတ်လ ၁ ရက်နေ့တွင် စတင်ကျင်းပမည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမယ့် MFF Futsal Open Cup 2018 ပြိုင်ပွဲကို မတ်လ ၁ ရက်နေ့မှာ ရန်ကုန်မြို့မှာ စတင်ကျင်းပမှာဖြစ်သည်။

ယင်းပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်လိုတဲ့ အသင်းများအနေဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သို့ လာရောက် စာရင်းပေးသွင်းနိုင်ပြီး လာရောက်စာရင်းပေးသွင်းတဲ့ အသင်းအရေအတွက်အပေါ်မူတည်ပြီး ပြိုင်ပွဲကျင်းပမယ့် ပုံစံကို ထပ်မံဖော်ပြပေးသွားမှာဖြစ်တယ်လို့ MFF က ထုတ်ပြန်ထားပါတယ်။

MFF Futsal Open Cup 2018 ပြိုင်ပွဲသို့ အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ အသင်းများ ပါ၀င်ယှဉ်ပြိုင်လိုပါက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် တည်းခိုရန် နေရာထိုင်ခင်း စီစဉ်ပေးသွားမှာဖြစ်ပါတယ်။

MFF Futsal Open Cup 2018 ပြိုင်ပွဲနှင့် ပတ်သက်လို့ အသေးစိတ် သိရှိလိုပါက ဦးကြည်မင်းသိန်း (အမှုဆောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်) ဖုန်း - 0973008786 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

(Source: Myanmar Football Federation)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly