ဂရစ်ဇ်မန်းထံ တရားမဝင်ချဉ်းကပ်မှုအတွက် ဘာစီလိုနာအသင်းကို အက်သလက်တီကိုက ဖီဖာထံ တိုင်ကြား

ဂရစ်ဇ်မန်းထံ တရားမဝင်ချဉ်းကပ်မှုအတွက် ဘာစီလိုနာအသင်းကို အက်သလက်တီကိုက ဖီဖာထံ တိုင်ကြား
(ဓာတ်ပုံ - အီးပီအေ)

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ တိုက်စစ်မှူး အန်တိုနီ ဂရစ်ဇ်မန်းထံ တရားမဝင်ချဉ်းကပ်မှုအတွက် ဘာစီလိုနာအသင်းကို ကမ္ဘာ့ဘောလုံအဖွဲ့ချုပ် (ဖီဖာ) ထံ တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

ဂရစ်ဇ်မန်းကို မန်ယူအသင်းအပါအဝင် ကလပ်အများအပြားက ဆက်သွယ်မှု ရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အက်သလက်တီကိုရဲ့ တိုက်ကြားချက်ဟာ ဘာစီလိုနာအသင်းသာဖြစ်တယ်လို့ သိရှိထားပါတယ်။ ဘာစီလိုနာအသင်းဟာ ဂရစ်ဇ်မ်န်းနှင့် ၎င်းရဲ့မိသားစုဝင်တွေအပါအဝဝင် အနီးနားက လူတွေကိုပါ ချဉ်းကပ်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

စပိန်ကလပ်အသင်းကတော့ ဒါဟာ ဖီဖာရဲ့ စည်းမျဉ်းစည်းကမ်းတွေက ဖောက်ဖျက်တယ်လို့ ပြောပါတယ်။

ဖီဖာရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “အက်လက်တီကိုမက်ဒရစ်ထံမှ တိုက်ကြားချက်ကို လက်ခံရရှိကြောင်း အတည်ပြုနိုင်ပါတယ်။”လို့ ပြောပါတယ်။

အသက် ၂၆ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူးဟာ အက်သလက်တီကိုအသင်းနှင့် ၂၀၂၁-၂၂ ရာသီအထိရှိ စာချုပ်သစ်တစ်ရပ်ကို ဒီနှစ်အစောပိုင်းက ချုပ်ဆိုခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags